covid ကာလမှာ ဖေ့စ်ဘွတ်ကနေတဆင့် Live လွှင့်ပြီးဈေးရောင်းနေတာပါ။

မင်းသမီးချောလေး ထက်ထက်မိုးဦးကတော့ Covid ကာလမှာ အွန်လိုင်းပေါ်ကနေတဆင့် စိန်ထည်ပစ္စည်းတွေ၊ ရွှေတွေ ရောင်းပေးနေတာကို တွေ့ရပါတယ်။ 

Photo: Htet Htet Moe Oo



သရုပ်ဆောင် ထက်ထက်မိုးဦးကတော့ စိန်နန်းတော် ရတနာဆိုင်မှာရှိတဲ့ ရတနာပစ္စည်းတွေကို အွန်လိုင်းကနေ Live လွှင့်ပြီးရောင်းချပေးနေတဲ့ အချိန်မှာ သိန်း(၃၀၀၀) ကျော်ဖိုး ရောင်းထွက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။ 

" ရတနာ ရှိရာ ရတနာ တွေလာကြပါစေ။ ရတနာတွေ ဒီထက်ဒီထက် ပိုစုနိုင်ကြပါစေ။ ထက် နဲ့ စိန်နန်းတော် High end luxury jewelry live sale ၃ နာရီအတွင်းမှာ သိန်း ၃၀၀၀ ကျော်ဖိုး GIA စိန်တွေချည်းရောင်းရလိုက်လို့ ပျော်ရွှင်နေတာလေ။ ရောင်းသူဘက်ကရော ဝယ်သူဘက်ကရော အကျိုးဆောင်ပေးရလို့ နှစ်ဖက်လုံးဆီက ပီတိတွေလည်းခံစားရပါတယ်။ ဝယ်ယူသူတွေရော အားပေးကြတဲ့ ပရိသတ်တွေရောကို ထက် အမြဲမေတ္တာပို့ပေးနေပါတယ် " ဆိုပြီးတော့ အောက်တိုဘာလ (၁၃) ရက်နေ့ ညနေ ၆ နာရီခွဲက သူမရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။ 

Photo: Htet Htet Moe Oo

ထက်ထက်မိုးဦးဟာ Covid ကာလမှာ အနုပညာအလုပ်တွေ ရပ်နားထားပေမယ့် အကျိုးတူ စီးပွားရေး အနေနဲ့ အွန်လိုင်းကနေ ဈေးရောင်းပေးနေတာကို တွေ့ရပါတယ်။ သူရောင်းချပေးတဲ့ ပစ္စည်းတိုင်းကိုလည်း အားပေးဝယ်ယူကြတဲ့ ပရိသတ်တွေ အများကြီးပါ။ အဲဒီနောက် Covid ကာလမှာ စားနပ်ရိက္ခာ ခက်ခဲသူတွေကို ကူညီပေးနိုင်ဖို့အတွက် အောက်တိုဘာလ(၁၃) ရက်နေ့ ညတုန်းကလည်း အကယ်ဒမီရန်အောင်နဲ့ အတူတွဲပြီး " လက်တွဲအတူ ကိုဗစ်အလှူ" ဆိုတဲ့ အစီအစဉ်လေးမှာလည်း ပါဝင်ပြီးတော့ အလှူခံခဲ့တာကို တွေ့ရပါတယ်။
 

Photo: Htet Htet Moe Oo

ထက်ထက်မိုးဦး ဟာ ရွှေစင် ရတနာရွှေဆိုင် ကြော်ငြာကနေတဆင့် ကလေးရော၊ လူကြီးပါ မကျန် တခဲနက် အားပေးခဲ့ကြတဲ့ သရုပ်ဆောင်တစ်ယောက်ပါ။ တစ်ခေတ်တခါ က ကြော်ငြာဘုရင်မလေး လို့တောင် တင်စားခေါ်ဝေါ်ခဲ့ကြတာဖြစ်ပါတယ်။ ထက်ထက်မိုးဦးရဲ့ ချစ်စရာကောင်းတဲ့ အမူအရာလေးတွေက ပရိသတ်ကို အချစ်မလျှော့အောင် အမြဲဆွဲဆောင်နိုင်ခဲ့ပါတယ်။ ဒီနောက် ရုပ်ရှင်ဇာတ်ကား ပေါင်းများစွာ၊ တီဗီကြော်ငြာပေါင်း များစွာ တို့ကိုလည်း ရိုက်ကူးခဲ့သူ ဖြစ်ပါတယ်။ 

သူမကတော့ ၁၉၉၁ ခုနှစ်က အနုပညာလောကထဲကို ပထမဆုံးအကြိမ် စတင်ဝင်ရောက်လာသူပါ။ အဲဒီနောက် ၁၉၉၆ ခုနှစ်မှာတော့ ပန်းသခင် ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံးအမျိုးသမီး ဇာတ်ဆောင်ဆုကို ပထမဆုံးအကြိမ် ရရှိခဲ့ပါတယ်။ နောက်ထပ်လည်း ‘’ သမီးမိုက်’’ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ဒုတိယအကြိမ်မြောက် အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကိုရရှိခဲ့ သူ ဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က