ကိုရီးယားမှာပဲ မွေးနေ့ကို ဖြတ်သန်းခဲ့တာပါ။

မေမြတ်နိုးကတော့ သူမရဲ့ မွေးနေ့လေးမှာ ကိုရီးယားကို ရောက်နေတာကြောင့် အလှူအတန်းတွေကို ကိုယ်တိုင်လုပ်ခွင့်မရတဲ့အတွက် စိတ်မကောင်းဖြစ်လို့နေပါတယ်။ 

Photo: May Myat Noe



မေမြတ်နိုးဟာ စင်္ကာပူနိုင်ငံမှာရှိတဲ့ သူမရဲ့ Basic Models Agency ကနေတဆင့် JS Agency ကို Placement Model အနေနဲ့ ပထမဆုံး အကြိမ်လွှတ်ခြင်းခံခဲ့ရပြီး တောင်ကိုရီးယားနိုင်ငံမှာရှိတဲ့ JS Agency မှာ Modelling နဲ့ ပတ်သက်တာတွေ လေ့လာနေတယ်လို့ ဆိုပါတယ်။ 

“ မြတ်နိုး အခု ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ကို ရောက်ရှိနေတာဖြစ်ပါတယ်။ မြတ်နိုးရဲ့ အသက် (၂၂) နှစ်ပြည့် မွေးနေ့လည်း ဖြစ်တော့ ကိုရီးယားမှာရှိတဲ့ Model သူငယ်ချင်းတွေက Birthday ပွဲလေး လုပ်ပေးပါတယ်။ မြတ်နိုးက ကိုရီးယားမှာ လာပြီးတော့ Model လုပ်နေတာ ဖြစ်ပါတယ်။ Agency ကတော့ JS Agencyပေါ့နော်။ ရောက်နေတာကတော့ သြဂုတ်လ ကတည်းက ရောက်နေတာပါ။ နောက်လ ဆိုရင်တော့ တခြားနိုင်ငံကို သွားဖို့ စီစဉ်ထားပါတယ်" ဆိုပြီးတော့ အောက်တိုဘာလ (၁၃) ရက်နေ့ ညနေပိုင်းက သူမရဲ့ ဖေ့စ်ဘွတ်မှာ Live လွှင့်ရင်း ပြောခဲ့တာပါ။ JS Agency ဟာ ကိုရီးယားလူမျိုးတွေအတွက် မဟုတ်ပေမယ့် International က Model တွအတွက်ရည်ရွယ်ပြီး Agency တည်ထောင်ထားတာလို့ သိရပါတယ်။

Photo: May Myat Noe

တောင်ကိုရီးယားကို ရောက်နေတဲ့ မေမြတ်နိုးက အောက်တိုဘာလ (၁၃) ရက်နေ့မှာ ကျရောက်တဲ့ သူမရဲ့ မွေးနေ့ကို အရင်တုန်းကလို အလှူအတန်းတွေကိုယ်တိုင် လုပ်ခွင့်မရလို့ စိတ်မကောင်းဖြစ်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံမှာရှိတဲ့ သူမရဲ့ မိခင်က သူမရဲ့ မွေးနေ့လေးကို တတ်နိုင်သလောက် အလှူအတန်းတွေ လုပ်ပေးနေတယ်လို့ သိရပါတယ်။ 

“ မြန်မာပြည်မှာဆိုရင် မြတ်နိုးရဲ့ မွေးနေ့တိုင်းကို AIDS ရောဂါပိုးရှိတဲ့ ကလေးတွေ၊ မိဘမဲ့ ကလေးတွေ ကျောင်းကို သွားပြီးတော့ လှူဖြစ်တယ်။ ဒီနှစ်တော့ မြတ်နိုး မရှိပေမယ့် မေမေက ကိုယ်စားပြု လုပ်ပေးထားတယ်။ အဲဒီအတွက် နည်းနည်းလေး စိတ်ချမ်းသာတယ်။ ဒါပေမယ့် ဖြစ်နိုင်ရင် ကောင်းမှု ကုသိုလ်တွေ အများကြီး လုပ်ချင်တာပါ။ မြန်မာပြည်က Covid အခြေအနေကြောင့် အပြင်လည်း မထွက်ကြဖို့ တိုက်တွန်းပါရစေ" လို့လည်း ဆက်လက် ပြောပြထားပါသေးတယ်။ 

Photo: May Myat Noe

မေမြတ်နိုးဟာ သူ့အနေနဲ့ မြန်မာနိုင်ငံတွင်းသာမက ပြည်ပမှာပါ အနုပညာလှုပ်ရှားမှုတွေလုပ်နိုင်ဖို့ ကြိုးစားနေသူဖြစ်ပါတယ်။ သူမကိုတော့ ‘’အိပ်မက်ဆုံရာ Season-6’’ သီချင်းဆိုပြိုင်ပွဲကနေတဆင့် ပရိသတ်တွေ စတင်အားပေးလာခဲ့ကြတာပါ။ အဲဒီနောက် Miss Asia Pacific World 2014 ရဲ့ Winner ဆုကိုလည်း ရရှိပိုင်ဆိုင်ခဲ့သူတစ်ယောက်ပါ။ နောက်ထပ်လည်း ကမ္ဘာကျော် ဟောလိဝုဒ်သရုပ်ဆောင်မျာ နဲ့အတူ ''Invincibl e'' ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ထားပါသေးတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က