သူမရဲ့အနုပညာအတွေ့အကြုံတွေ ပြောလာခဲ့ပါတယ်။

အကယ်ဒမီဝတ်မှုံရွှေရည်ကတော့ အနုပညာသက်တမ်း(၁၅) နှစ်ဝန်းကျင် ဖြတ်သန်းလာခဲ့ရတဲ့ အတွေ့အကြုံ တွေကို အမှတ်တရ စကားအနေနဲ့ ပြောပြလာခဲ့ပါတယ်။ 

Photo: Jason



မြန်မာ့ရုပ်ရှင်ကတော့ အခုဆိုရင် နှစ်ပေါင်း(၁၀၀) တိုင်ခဲ့ပြီဖြစ်ပါတယ်။ ဒီ နှစ်(၁၀၀) သက်တမ်းအတွင်းမှာ အနုပညာရဲ့ ထိပ်တန်းသရုပ်ဆောင် တစ်ဦးဖြစ်နေတဲ့ အကယ်ဒမီ ဝတ်မှုံရွှေရည်ကလည်း မမေ့နိုင်စရာ အမှတ်တရလေးတွေ ပြောပြခဲ့ပါတယ်။ 

“ အခုဆိုရင် ကစ်တို့ရဲ့ မြန်မာ့ရုပ်ရှင်လောကဟာ နှစ်(၁၀၀) တိုင်ခဲ့ပါပြီ။ အခုဆိုရင်တော့ ကစ်ရဲ့ အနုပညာသက်တမ်းက (၁၅) နှစ်ပတ်ဝန်းကျင်ရှိခဲ့ပြီ။ ဒီ ဖြတ်သန်းလာတဲ့ (၁၅) နှစ် အတွင်းမှာလည်း အတွေ့အကြုံကောင်းတွေ၊ အနုပညာဝမ်းစာတွေ ဖြည့်ရင်းနဲ့ ဖြတ်သန်းလာခဲ့တာ ယနေ့ အထိပါပဲ။ ဒီ(၁၅) နှစ် အတွင်းမှာလည်း ကစ်ရဲ့ အနုပညာ ထူးချွန်ဆု (၂) ဆုကို ရရှိပိုင်ဆိုင်ခဲ့ပါတယ်။ ဒါကလည်း ကစ်ဘဝ အတွက် အမှတ်တရ မှတ်တိုင်ပါပဲ” ဆိုပြီးတော့ အောက်တိုဘာလ ၁၃ ရက်နေ့ ညက သူမရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ အမှတ်တရ ဗီဒီယို ဖိုင်နဲ့ တကွ ပြောခဲ့တာဖြစ်ပါတယ်။ 

Photo: Jason

ခေတ်အဆက်ဆက် ပြောင်းလဲ လာတဲ့ ရုပ်ရှင်သမိုင်းမှာ ဇာတ်ကားကောင်းတွေ ထွက်ရှိခဲ့သလို နောက်ထပ် နှစ်တွေမှာလည်း ဇာတ်ကားကောင်းတွေ အများကြီး ထွက်ပေါ်လာနိုင်ဖို့ ကြိုးစားသွားမယ်လို့လည်း ဝတ်မှုံရွှေရည်က အခုလို ပြောခဲ့ပါသေးတယ်။ 

“ အခုဆိုရင် မြန်မာ့ရုပ်ရှင်က ဖလင်ခေတ်ကနေ ဒစ်ဂျစ်တယ် ခေတ်ကို ပြောင်းလဲ လာခဲ့ပြီဖြစ်ပါတယ်။ ကင်မရာတွေ၊ မီးတွေက အစ အကုန်လုံး စနစ်တွေကဆိုရင် နိုင်ငံတကာ အဆင့်မီလာပြီလို့ ပြောရမှာပေါ့နော်။ အခုဆိုရင် ပြည်ပနဲ့ ဖက်စပ်တွဲရိုက်တဲ့ ရုပ်ရှင်ဇာတ်ကားတွေလည်းရှိလာသလို ပြည်ပကနေ ချီးမြှင့်တဲ့ အနုပညာဆိုင်ရာ ဆုတွေလည်း ရရှိလာပါပြီ။ ရုပ်ရှင်ခေတ် ရွှေရတု၊ ငွေရတု၊ စိန်ရတု ခေတ်တွေမှာ ဂန္တဝင်မြောက်တဲ့ ရုပ်ရှင်ဇာတ်ကားတွေ ပေါ်ပေါက်ခဲ့သလိုမျိုး အခု ကစ်တို့ဖြတ်သန်းနေရတဲ့ နှစ်(၁၀၀) နဲ့ နှစ်(၁၀၀) အလွန်ကာလတွေမှာလည်း တကယ်ကို ဂန္တဝင်မြောက်တဲ့ ရုပ်ရှင်ကားကောင်းတွေ ဖန်တီးခွင့်ရအောင် ကြိုးစားသွားပါမယ်လို့ ကစ်က ဆန္ဒပြုပါတယ်ရှင်” လို့ ဆိုပါတယ်။ 

Photo: Jason

ဝတ်မှုံရွှေရည်ဟာ ပြည်ပမှ ချီးမြှင့်ခဲ့တဲ့ အနုပညာဆု အနေနဲ့ စင်ကာပူနိုင်ငံမှာ ကျင်းပပြုလုပ်ခဲ့တဲ့ Asian Academy Creative Award ဆုချီးမြှင့်ပွဲမှာ "လိပ်ပြာစံအိမ်"ရုပ်ရှင်ဇာတ်ကားကြီးနဲ့ Best Actress ဆုကို ရရှိပိုင်ဆိုင်ထားသူတစ်ယောက်ပါ။ Asian Academy Creative Award မှာ ဇာတ်ပို့ဆုကို ကိုယ်တိုင်ကြေညာပေးဖို့အတွက် အစီအစဉ်တင်ဆက်သူ တစ်ယောက်အဖြစ်နဲ့လည်း မြင်တွေ့ခဲ့ရပါသေးတယ်။ သူမအနေနဲ့ ပြည်ပအနုပညာရှင်တွေနဲ့လည်း လက်တွဲအလုပ်လုပ်နေရသူ တစ်ယောက် ဖြစ်ပါတယ်။ “From Bangkok to Mandalay” ရုပ်ရှင်ဇာတ်ကား၊ “ဇာတိမြေ” ရုပ်ရှင်ဇာတ်ကား၊ “လိပ်ပြာစံအိမ်” ရုပ်ရှင်ဇာတ်ကားတွေ ကလည်း ပြည်ပအနုပညာရှင်တွေနဲ့ အတူ ရိုက်ကူးခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားတွေ ဖြစ်ပါတယ်။ 

Photo: Jason

ပြည်တွင်းအကယ်ဒမီဆုအနေနဲ့ ဝတ်မှုံရွှေရည်က ၂၀၁၃ ခုနှစ်မှာ "နင်စေရင်" ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကို ရရှိခဲ့ပြီး အကယ်ဒမီ ရွှေကြယ်ကိုလည်း ၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီ (၁)ရက်နေ့က မှော်ဘီမြို့ရှိ အောင်ဇဗ္ဗူတော ရကျောင်းတိုက်မှာ လှူဒါန်းခဲ့ပါတယ်။ အဲဒီနောက် ၂၀၁၄ခုနှစ်မှာတော့ " နှလုံးသားနဲ့ပြုလုပ်သည်" ရုပ်ရှင်ဇာတ်ကားကြီး နဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ဆုကိုလည်း ရရှိထားပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က