ပန်းရောင်ခြယ်ကလည်း Best Actress In A Leading Role ဆုစာရင်းဝင်ထားပါတယ်။

'လိပ်ပြာ - အမှန်တရားရဲ့ ဓါးတစ်လက်' ရုပ်သံဇာတ်လမ်းတွဲဟာ Asian Academy Creative Awards ဆုချီးမြှင့်ပွဲကြီးမှာ ဆန်ခါတင် စာရင်းဝင် ဆု(၄) ဆု ပါဝင်နေတယ်လို့ သိရပါတယ်။ 

Photo: Nyan Htin



ဒါရိုက်တာ ဉာဏ်ထင် ရိုက်ကူးပြီး သရုပ်ဆောင် ထွန်းကိုကို၊ ခါရာ နဲ့ ပန်းရောင်ခြယ်တို့ ပါဝင်သရုပ်ဆောင်ထားတဲ့ "လိပ်ပြာ - အမှန်တရားရဲ့ ဓါးတစ်လက်" ဇာတ်လမ်းတွဲကတော့ Asian Academy Creative Awards ဆုပေးပွဲမှာ ဆု(၄) ဆုအတွက် National Winners များအဖြစ် ဆန်ခါတင်စာရင်းမှာ ပါဝင်ခဲ့ပြီလို့ သိရပါတယ်။ 

" Asian Academy Creative Awards (အာရှအနုပညာအကယ်ဒမီဆုချီးမြှင့်ပွဲ) အတွက် ကျွန်တော်တို့ရဲ့ 'လိပ်ပြာ - အမှန်တရားရဲ့ ဓါးတစ်လက်' ဇာတ်လမ်းတွဲကနေ Best Drama Series (အကောင်းဆုံးဇာတ်လမ်းတွဲဆု) ၊ Best Actress In A Leading Role (အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆု) - ပန်းရောင်ခြယ် ၊ Best Theme Song (အကောင်းဆုံးဇာတ်ဝင်တေးသီချင်းဆု) - Enemies Of You( လိပ်ပြာ original sound track ) ၊ Best Cinematography - Waiyan Pbe တို့မှ အသီးသီးဖြင့် ဆုပေါင်း ၄ ဆုအတွက် National Winners များအဖြစ် ဆန်ခါတင် အဆင့်မှာ ပါသွားခဲ့ပါပြီ" ဆိုပြီးတော့ အောက်တိုဘာလ (၁၅) ရက်နေ့ ည (၇) နာရီကျော်က ဒါရိုက်တာ ဉာဏ်ထင် က သူ့ရဲ့ ဖေ့စ်ဘွတ်စာ မျက်နှာမှာ ရေးသားခဲ့တာဖြစ်ပါတယ်။ 

Photo: Nyan Htin

 Asian Academy Creative Awards ဆုပေးပွဲကိုတော့ စင်ကာပူနိုင်ငံမှာ ဒီဇင်ဘာလ အတွင်း ကျင်းပပြုလုပ်သွားမယ်လို့ သိရပါတယ်။ ဒီဆုပေးပွဲမှာတော့ လိပ်ပြာ - အမှန်တရားရဲ့ ဓါးတစ်လက် ရုပ်သံဇာတ်လမ်းတွဲဟာ အာရှနိုင်ငံအသီးသီးမှာရှိတဲ့ ရုပ်သံဇာတ်လမ်းတွဲတွေနဲ့အတူ ယှဉ်ပြိုင်သွားရမှာဖြစ်ပါတယ်။ 

"ဒီဇင်ဘာလထဲမှာ ဆုပေးပွဲကျင်းပသွားမှာဖြစ်ပြီးတခြားအာရှနိုင်ငံတွေက ရုပ်သံဇာတ်လမ်းတွေနဲ့ယှဉ်ပြိုင်ရွေးချယ်ခံရမှာပါ။ ဆုတွေရခဲ့သည်ဖြစ်စေ မရခဲ့သည်ဖြစ်စေ ကျွန်တော်တို့ တစ်တပ်တစ်အားကြိုးစားဖန်တီးထားတဲ့ 'လိပ်ပြာ' ဇာတ်လမ်းတွဲလေးက နိုင်ငံတကာဆုရွေးခြယ်ရေးအဖွဲ့တွေရဲ့ အသိအမှတ်ပြုခြင်းခံရတယ်ဆိုတာ အတိုင်းမသိဂုဏ်ယူဝမ်းသာစရာပါ။ ဆန်ခါတင်ရွေးခြယ်ခံရတဲ့သူတွေ၊ ဆုတွေအတွက်လည်း အရမ်းကိုဂုဏ်ယူပါတယ်။ 'လိပ်ပြာ' တစ်ဖွဲ့သားလုံး Congratulations" လို့လည်း ဒါရိုက်တာ ဉာဏ်ထင်က ဆက်လက် ပြောပြလာပါတယ်။ 

Photo: Nyan Htin

လိပ်ပြာ - အမှန်တရားရဲ့ ဓါးတစ်လက် ဇာတ်လမ်းတွဲကို CANAL+ ရုပ်သံလိုင်းကနေ ပြသခဲ့တာ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲဟာ Season -1 မှာတင် ပရိသတ်အားပေးမှု တစ်ခဲနက် ရရှိခဲ့တာဖြစ်ပြီး Season-2 ကိုလည်း ရိုက်ကူးနေရင်း Covid ကြောင့် ရပ်နားထားတယ်လို့ သိရပါတယ်။ ဒီဇာတ်လမ်းတွဲထဲမှာ သရုပ်ဆောင် ထွန်းကိုကို၊ ခါရာ၊ မင်းမြတ်စိုးစံ၊ အောင်ရဲထိုက်၊ မင်းဦး၊ မင်းသူ၊ ချာလီ၊ ပန်းရောင်ခြယ်၊ မြတ်နိုးအေး၊ မေတိုးခိုင်နဲ့ သန်းသန်းစိုး တို့က အဓိက ပါဝင်သရုပ်ဆောင်သွားမယ်လို့ သိရပါတယ်။ လိပ်ပြာ ဇာတ်လမ်းတွဲ အပိုင်း ၁ တုန်းကလည်း ပရိသတ် အားပေးမှုများစွာ ရရှိခဲ့တာ တွေ့ရပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က