မွေးနေ့ အလှူလေးလည်း လုပ်ခဲ့ပါသေးတယ်။

ဒါရိုက်တာ စင်ရော်မောင်မောင်ဟာ ဒီနေ့မှာ ကျရောက်တဲ့ မွေးနေ့လေးကို သားလေးမင်းသန့်မောင်မောင်နဲ့ အတူ ဖြတ်သန်းနေတဲ့ အမှတ်တရလေးကို ပရိသတ်သိအောင် ဝေမျှခဲ့ပါတယ်။ 

Photo: Zin Yaw Mg Mg



ဒီနေ့ အောက်တိုဘာလ(၁၇) ရက်နေ့ကတော့ ဒါရိုက်တာ စင်ရော်မောင်မောင်ရဲ့ မွေးနေ့ ဖြစ်ပါတယ်။ သူဟာ မွေးနေ့မှာ သားဖြစ်သူ မင်းသန့်မောင်မောင် နဲ့ အတူ မွေးနေ့ ကိတ် ခွဲရင်း ပျော်ရွှင်နေတာ တွေ့ရပါတယ်။ 

" မွေး နေ့ တွင် ချစ် ရပါ သော သား လေး နဲ့ အ မှတ် တ ရ.." ဆိုပြီးတော့ မွေးနေ့ဆုတောင်း သီချင်းလေးကို မင်းသန့်မောင်မောင် နဲ့ အတူတူ ဆိုရင်း ပျော်ပျော်ရွှင်ရွှင် မွေးနေ့ကိတ် ခွဲတဲ့ အမှတ်တရ ဗီဒီယို ဖိုင်လေးကို အောက်တိုဘာလ (၁၇) ရက်နေ့ နေ့လယ် (၁၂) နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်အကောင့်မှာတင်ခဲ့တာပါ။ သားအဖ နှစ်ယောက်ရဲ့ ပျော်ရွှင် ကြည်နူးနေတဲ့ ပုံရိပ်တွေကို ပရိသတ်တွေကလည်း အားကျရင်း Comment ကနေတဆင့် မွေးနေ့ ဆုတောင်းပေးခဲ့ကြပါတယ်။ 

Photo: Zin Yaw Mg Mg

ဒါရိုက်တာ စင်ရော်မောင်မောင်ဟာ သူ့ရဲ့ မွေးနေ့လေးကို အလှူအတန်းတွေ လုပ်ရင်း ဖြတ်သန်းခဲ့တာကိုလည်း တွေ့ရပါတယ်။ 

" မဟာဝိသုဒ္ဓါရုံ ရွှေကျင်ကျောင်းတိုက် တိပိဋကဓရ-အဂ္ဂမဟာပဏ္ဍိတ ယောဆရာတော် ဘဒ္ဒန္တသီရိန္ဒာဘိဝံသ အမှုးပြုသော သံဃာတော် (၁၃၅)ပါးအား ဆွမ်း၊ဆွမ်းဟင်း၊ခဲဖွယ်ဘောဇဉ် တို့ကို ကျွန်တော် ၏ မွေးနေ့ကုသိုလ်အဖြစ် သံသရာ ဆင်းရဲ မှ လွတ်ကင်းနိုင်စေရန် ရည်မှန်းဆက်ကပ် လှူဒါန်းခဲ့ပါသည်။အားလုံး သာဓု အနုမောဒနာ ခေါ်ယူကြပါခင်ဗျား လေးစားလျက် မောင်စင်ရော်" လို့လည်း တင်ခဲ့ပါသေးတယ်။

Photo: Zin Yaw Mg Mg

စင်ရော်မောင်မောင် ကတော့ အနုပညာလောကမှာ အောင်မြင်မှု အခိုင်အမာရရှိထားတဲ့ ဒါရိုက်တာ တစ်ယောက်ဖြစ်ပါတယ်။ ဒါရိုက်တာ စင်ရော်မောင်မောင်က ၁၉၈၃ ခုနှစ်မှာ ထုတ်လုပ်ရေးမန်နေဂျာအဖြစ် အနုပညာလောကထဲကို စတင်ဝင်ရောက်ခဲ့ပြီး " မောင်" ဗီဒီယိုဇာတ်ကားနဲ့ နာမည်ကြီးလာသူ ဖြစ်ပါတယ်။ ဒါ့အပြင် စင်ရော်မောင်မောင် ပိုင်ဆိုင်တဲ့ စင်ရော်ထုတ်လုပ်ရေးကလည်း ၁၉၉၄ မှာ တပြည်သူမရွှေထား၊ ၂၀၀၄ မှာ လျှို့ဝှက်သောနှင်းနဲ့ ၂၀၀၉ ခုနှစ်မှာ ကြိုးကြာတောင်ပံခတ်သံတို့ဖြင့် ဇာတ်ကားဆု ၃ ဆု တို့ကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်မှာ "ထာဝရအမေ" ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံး ဒါရိုက်တာဆုကို ရရှိခဲ့ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က