စတွေ့ချိန်တုန်းက အမှတ်တရလေးတွေ ပြောခဲ့ပါတယ်။
Sabal Thwin

ဇဏ်ခီကတော့ ဇနီးဖြစ်သူ ခရစ္စတီးနားခီရဲ့ မွေးနေ့လေးကို တစ်ချိန်က မွေးနေ့အမှတ်တရလေးတွေအကြောင်း ပြန်ပြောရင်း မွေးနေ့ဆုတောင်းစကားဆိုခဲ့ပါတယ်။ 

ပရိသတ်အားကျရလောက်တဲ့ ဆယ်လီစုံတွဲတွေထဲမှာ သရုပ်ဆောင် ဇဏ်ခီနဲ့ ဒါရိုက်တာ ခရစ္စတီးနားခီ တို့ ဇနီးမောင်နှံလည်း ပါဝင်ပါတယ်။ အောက်တိုဘာလ (၁၈) ရက်နေ့တုန်းက ကျရောက်ခဲ့တဲ့ ဒါရိုက်တာ ခရစ္စတီးနားခီရဲ့ မွေးနေ့လေးမှာ ဇဏ်ခီက အခုလို မွေးနေ့ ဆုတောင်းပေးခဲ့ပါသေးတယ်။ 

" ကျွန်တော်တို့ကြိုက်တော့မလိုလို၊ အီစီကလီ ဟိုလိုလို၊ ဒီလိုလို ဈေးဘန်းခင်းနေတဲ့ကာလတုန်းကပေါ့လေ။ စိတ်ဝင်စားသူတွေလည်းအများအပြားကြားမှာ မသေမချာမရေမရာဖြစ်နေတုန်းကာလ.. ကျွန်တော် ဇဏ်ခီရဲ့အကွက်တကွက်.. ကျွန်တော့်မွေးနေ့မှာသူ့ဆီကိုသွားပြီး သူ့ကိုမွေးနေ့လက်ဆောင်ပေးလိုက်တယ်။ သူကြောင်သွားပြီး..Chris - “ဟမ် ဒါကဘာအတွက်လဲ” ၊ ကျွန်တော် - “မွေးနေ့လက်ဆောင်ပါ” ၊ Chris - “Chris မွေးနေ့ကလိုသေးတယ်” ကျွန်တော် - “ ကျွန်တော် သိပါတယ်.. ဒီနေ့က ကျွန်တော့်မွေးနေ့လေ..” ဆိုတော့သူကြောင်ကြည့်နေတယ်။ သူ အူကြောင်ကြောင်နဲ့မွေးနေ့လက်ဆောင်ကိုယူလိုက်တယ်” ဆိုပြီးတော့ အောက်တိုဘာလ (၁၈) ရက်နေ့ နေ့လယ် (၁၂) နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။ 

Photo: Zen Kyi

အဲဒီတုန်းကတော့ ဇဏ်ခီက ချစ်ဇနီးလေး ခရစ္စတီးနားခီရဲ့ စိတ်ကို အပြောင်းအလဲဖြစ်အောင် လုပ်နိုင်ခဲ့ပါတယ်တဲ့။ အခုချိန်မှာတော့ သူဟာ မွေးနေ့မှာ စိတ်ကောက်နေတဲ့ ဇနီးချောလေးကို စိတ်မဆိုးကောင်းဘူးလို့လည်း စနောက်ခဲ့ပြန်ပါသေးတယ်။ 

“ ဒါပေမယ့် သူမသိလိုက်တာက ကျွန်တော် reverse psychology သုံးလိုက်တယ်ဆိုတာကိုပါ။ “သူ့မွေးနေ့မှာတောင် ငါ့ကိုလက်ဆောင်ပေးတယ်ဆိုတော့” ဆိုတဲ့ impression ကြီးကသူ့စိတ်ရဲ့အနောက်ပေါက်ကနေဝင်သွားပြီး မိန်းမတို့ရဲ့မာနဆိုတဲ့အစိုင်အခဲကြီးကို မီးရှို့ဖျက်စီးလိုက်ပြီဆိုတာကိုပါ။ အခုချိန်မှာတော့သူဟာ ကျွန်တော်ကိုဓါတ်ပုံတွေရိုက်ပေးရ၊ ရုပ်ရှင်တွေရိုက်ပေးရ၊ bow tie တွေစည်းပေးရ၊ ဟင်းတွေချက်ပေးရ၊ ထီးတွေလိုက်မိုးပေးနေရပြီပေါ့လေ..ဟဲဟဲ Happy Birthday my love! (မွေးနေ့မှာစိတ်မဆိုးကောင်းဘူးနော်😁)” လို့ ဆက်လက် ရေးသားထားတာပါ။ 

Photo: Zen Kyi

အခုချိန်မှာတော့ သရုပ်ဆောင်ဇဏ်ခီနဲ့ ဒါရိုက်တာ ခရစ္စတီးနားခီတို့ရဲ့ အိမ်ထောင်သက်တမ်းဟာ (၁၄) နှစ်တာကာလကို ကျော်လွန်လာခဲ့ပါပြီ။ ချစ်စရာကောင်းတဲ့ တစ်ဦးတည်းသောသားလေး နိုဝါကိုပိုင်ဆိုင်ထားတာဖြစ်ပြီး ပျော်စရာကောင်းတဲ့ မိသားစု ဘဝလေးကို တည်ဆောက်ထားကြသူတွေပါ။ သူတို့ နှစ်ဦး ကိုတော့ ' ဥပါယ်တံမျဉ်' ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးရဲ့ အဓိက သရုပ်ဆောင်၊ ဒါရိုက်တာ တစ်ယောက်အနေနဲ့ ပရိသတ်တွေ စတင်သိရှိခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် ' မုဒြာရဲ့ ခေါ်သံ' ဆိုတဲ့ ရုပ်ရှင်ကားကြီးမှာ လည်း ပရိသတ်တွေက အားပေးခဲ့ကြပါသေးတယ်။ တတိယမြောက်ဖန်တီးလိုက်တဲ့ ရုပ်ရှင်ကားကြီး ဖြစ်တဲ့' Now & Ever' ရုပ်ရှင်ကားကြီးမှာလည်း ပရိသတ်အားပေးမှုတွေကို ခိုင်ခိုင်မာမာ ရရှိခဲ့ပြန်ပါသေးတယ်။ 




ဆက်စပ်အကြောင်းအရာများ


Author


က္က