စိတ်လှုပ်ရှားမှုတွေ အပြည့်နဲ့ စီစဉ်ခဲ့ရတာပါတဲ့။

ဇဏ်ခီကတော့ အောက်တိုဘာလ (၁၈) ရက်နေ့မှာ ကျရောက်ခဲ့တဲ့ ဇနီးဖြစ်သူရဲ့ မွေးနေ့လေးကို စိတ်လှုပ်ရှားမှုတွေ အပြည့်နဲ့ ကြိုးကြိုးစားစား Surprise လုပ်ခဲ့ရတယ်လို့ဆိုပါတယ်။ 

Photo: Zenn Kyi



ဇဏ်ခီကတော့ ဇနီးချောလေးအတွက် မွေးနေ့ Surprise လုပ်ထားတဲ့ အမှတ်တရဗီဒီယို လေးကို ပရိသတ်တွေပျော်ရွှင်စေဖို့ ဝေမျှလာပါတယ်။ Covid ကာလဖြစ်တာကြောင့် အိမ်မှာနေရင်း Surprise လုပ်ရတာလည်း စိတ်လှုပ်ရှားစရာကောင်းတဲ့ အမှတ်တရဆိုတာကို အခုလို ပြောပြထားပါတယ်။ 

“ ခရစ္စမွေးနေ့အတွက် သူ့ကို Surprise တိုက်ဖို့ ပြင်ဆင်ထားတာ။ Covid ကာလဆိုတော့ ဘယ်မှလဲ သွားမရ၊ ဘာမှလဲ လုပ်မရဘူးဆိုတော့ အိမ်မှာပဲ တစ်ခုခု စီစဉ်လိုက်တယ်။ ဒီအတွက် တစ်ယောက်တည်း စီစဉ်နေရတာ ချွေးတောင်ပြန်တယ်ဗျာ။ တစ်အိမ်တည်းမှာနေတော့ Surprise လုပ်ဖို့ နည်းနည်းတော့ ခက်တယ်။ သူ့အတွက် ရှန်ပိန်နဲ့ ပန်းလေးလည်း Surprise ပေါ့။ နောက်ထပ် အဓိက Surprise က သူ့အတွက် ကျွန်တော် ရေးထားတဲ့ သီချင်းလေးရှိတယ်။ သူကတော့ အကြမ်းအနေနဲ့ ဂစ်တာတီးရင်းနဲ့ပဲ ကြားဖူးထားပါတယ်။ ဒါပေမယ့် အချောအနေနဲ့ ကျွန်တော် Band နဲ့ သေချာ သွင်းထားပြီးတော့ ခရစ္စမွေးနေ့အတွက် အမှီ mixing တွေလည်း လုပ်ထားပါတယ်။ သူ့ကို ဒီနေ့ ဖွင့်ပြမှာပါ” ဆိုပြီးတော့ အောက်တိုဘာလ (၂၀) ရက်နေ့ နေ့လယ် (၁) နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ တင်ခဲ့တဲ့ Birthday Surprise Video လေးထဲမှာ ပြောခဲ့တာဖြစ်ပါတယ်။ 

Photo: Zenn Kyi

ခရစ္စတီးနားခီရဲ့ မွေးနေ့ကတော့ အောက်တိုဘာလ (၁၈) ရက်နေ့မှာ ကျရောက်ခဲ့တာပါ။ မွေးနေ့လေးမှာလည်း ဇဏ်ခီက သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာကနေတဆင့် တစ်ချိန်တုန်းက အမှတ်တရတွေနဲ့ ချစ်ဇနီး ဒါရိုက်တာ ခရစ္စတီးနားခီကို မွေးနေ့ဆုတောင်းစကားတွေပြောခဲ့တာကိုလည်းတွေ့ရပါတယ်။ အခုချိန်မှာတော့ သရုပ်ဆောင်ဇဏ်ခီနဲ့ ဒါရိုက်တာ ခရစ္စတီးနားခီတို့ရဲ့ အိမ်ထောင်သက်တမ်းဟာ (၁၄) နှစ်တာကာလကို ကျော်လွန်လာခဲ့ပါပြီ။ ချစ်စရာကောင်းတဲ့ တစ်ဦးတည်းသောသားလေး နိုဝါကိုပိုင်ဆိုင်ထားတာဖြစ်ပြီး ပျော်စရာကောင်းတဲ့ မိသားစု ဘဝလေးကို တည်ဆောက်ထားကြသူတွေပါ။

Photo: Zenn Kyi

သရုပ်ဆောင် ဇဏ်ခီနဲ့ ဒါရိုက်တာ ခရစ္စတီးနားခီတို့ ဇနီးမောင်နှံကိုတော့ ' ဥပါယ်တံမျဉ်' ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးရဲ့ အဓိက သရုပ်ဆောင်၊ ဒါရိုက်တာ တစ်ယောက်အနေနဲ့ ပရိသတ်တွေ စတင်သိရှိခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် ' မုဒြာရဲ့ ခေါ်သံ' ဆိုတဲ့ ရုပ်ရှင်ကားကြီးမှာ လည်း ပရိသတ်တွေက အားပေးခဲ့ကြပါသေးတယ်။ တတိယမြောက်ဖန်တီးလိုက်တဲ့ ရုပ်ရှင်ကားကြီး ဖြစ်တဲ့' Now & Ever' ရုပ်ရှင်ကားကြီးမှာလည်း ပရိသတ်အားပေးမှုတွေကို ခိုင်ခိုင်မာမာ ရရှိခဲ့ပြန်ပါသေးတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က