မွေးနေ့ အမှတ်တရ Smile အွန်လိုင်းရုပ်ရှင်ရုံApp ကို ဒီနေ့မှာ စ Down လို့ရပါပြီတဲ့။

စမိုင်းလ်ကတော့ အများအတွက် အကျိုးဖြစ်စေနိုင်မယ့်အရာတွေကို ကိုယ်ပိုင်အိုင်ဒီယာတွေနဲ့ ဖန်တီးပေးတတ်တဲ့ ခင်ပွန်းဖြစ်သူအတွက် ဝမ်းသာပီတိဖြစ်လို့နေပါတယ်။  

Photo:Amazing Grace



ဒီနေ့( အောက်တိုဘာလ ၂၂ ရက်) ကတော့ သရုပ်ဆောင် စမိုင်းလ်ရဲ့ ခင်ပွန်းဖြစ်သူ ကိုပြည့်မောင်မွေးနေ့လေးပါ။ စမိုင်းလ်ဟာ ခင်ပွန်းဖြစ်သူအတွက် မွေးနေ့ အမှတ်တရလေးကို အခုလို ဆုတောင်းစကားတွေ ပြောခဲ့ပါတယ်။ 

" Happy birthday ပါမောင် ဘယ်တော့မှသူများလမ်းကြောင်းနောက်ကမလိုက် ကိုယ်တိုင်စွန့်စား မရမကလမ်းဖောက်ပြီး idea အသစ်တွေအမြဲတွေးတောပြီး ဖန်တီးတတ်တဲ့ယောက်ျား။ လွန်ခဲ့တဲ့ ၉ နှစ်က မြန်မာပြည်မှာဖုန်းခတွေတက်ဈေးတွေမြင့်နေတုန်းကမြန်မာပြည်သူပြည်သားတွေနိုင်ငံခြားကိုဈေးသက်သက်သာသာနဲ့ခေါ်ဆိုလို့ရအောင် #Ytalk ဖုန်းကဒ်ကို ပထမဆုံးစွန့်စားတီထွင်ခဲ့သူ။ အခုလည်းရုပ်ရှင်လောက ဒုက္ခပင်လယ်ဝေနေချိန်တတ်နိုင်သလောက်တတ်စွမ်းတဲ့ပညာနဲ့လမ်းသစ်ဖောက်မဲ့ယောက်ျား၊ ဘုရားတရား လုပ်မယ်ဆိုနှစ်ခါမပြောရသူ၊အလှူအတန်းလက်မနှေးပဲအမြဲသူများအတွက်ဦးစားပေးသူ၊ အမြဲလေးစားပြီး အားကိုးရတဲ့သူ၊ မိန်းမမျက်နှာတစ်ချက်အပျက်မခံနိုင်သူ ၊ မိန်းမမျက်နှာကိုမကြည့်ပဲ ဘာဖြစ်နေတယ်ဆိုတာ ခန့်မှန်းနိုင်သူ ( စောင့်အောင့်နေမှတော့ကြည့်စရာမလိုဘူးပေါ့? ) အရမ်းချစ်တယ် နောက်လည်းခုလိုပဲ အမြဲအလိုလိုက်ပါနော်။ Happy birthday Maung Let’s ဂယက်ထ #ဂယက်တွေပါဟယ် #smileအွန်လိုင်းရုပ်ရှင်ရုံ" ဆိုပြီးတော့ အောက်တိုဘာလ (၂၂) ရက်နေ့ မနက် ၃ နာရီက သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားထားပါတယ်။ 

Photo: Smile

စမိုင်းလ်တို့ ဇနီးမောင်နှံဟာ အလှူအတန်းနဲ့ ပတ်သက်လာရင်လက်မနှေးကြတဲ့သူတွေဖြစ်ပါတယ်။ အခုဆိုရင်လည်း စမိုင်းလ်က ခင်ပွန်းဖြစ်သူရဲ့ မွေးနေ့ အကြိုအမှတ်တရအလှူအဖြစ် အောက်တိုဘာလ (၁) ရက်နေ့ကစပြီး (၂၂) ရက်နေ့ အထိအွန်လိုင်းစာမျက်နှာပေါ်ကနေတဆင့် အမှန်တကယ် အခက်အခဲဖြစ်နေသူများကို တစ်နေ့ တစ်ယောက်စီအလှည့်ကျအနေဖြင့် လူ(၂၂) ယောက်ကို တစ်ယောက် (၁) သိန်းကျပ်စီ လှူဒါန်းခဲ့တာကိုလည်း တွေ့ရပါတယ်။ အဲဒီနောက် အောက်တိုဘာလ (၂) ရက်နေ့တုန်းကလည်း Fortune Plaza WeloveYangon Happy COVID-19 Center မှာ ကုတင်အလုံးရေ(၆၀၀) စာအတွက် ငွေကျပ် သိန်း(၆၀) လှူဒါန်းခဲ့တာကိုလည်း တွေ့ရပါတယ်။ 

Photo: Smile

စမိုင်းလ်ရဲ့ Smile အွန်လိုင်း ရုပ်ရှင်ရုံ App ကိုလည်း ဒီနေ့ ( အောက်တိုဘာလ ၂၂ ရက်) နေ့က စပြီး ပရိသတ်တွေရဲ့ ဖုန်းထဲမှာ Downlode ဆွဲပြီး ဇာတ်ကားတွေ ကြည့်ရှုနိုင်ပြီလို့ သိရပါတယ်။ ပထမဆုံးအနေနဲ့ "ဂယက်တွေပါဟယ်" ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကို Smile အွန်လိုင်းရုပ်ရှင်ရုံ App မှာ ကြည့်ရှုရမှာဖြစ်ပါတယ်။ "ဂယက်တွေပါဟယ်" ရုပ်ရှင်ဇာတ်ကားကြီးမှာ သရုပ်ဆောင်များ အနေနဲ့ လူမင်း၊ ခန့်စည်သူ၊ ဖြိုးငွေစိုး၊ ထူးအောင်၊ ဆန်းထွဋ်၊ ထက်အောင်ရှိုင်း၊ မောင်မောင်အေး၊ ခိုင်သင်းကြည်၊ စမိုင်းလ်၊ ကြည်လဲ့လဲ့ဦး၊ ပန်းဖြူနဲ့ ဖူးပွင့်သခင် တို့က ပါဝင်သရုပ်ဆောင်ထားတယ်လို့ သိရပါတယ်။

Photo: Smile

သရုပ်ဆောင် စမိုင်းလ် ဟာ အခုချိန်မှာ ကိုယ်ပိုင်စီးပွားရေးတွေလည်း အများကြီးပိုင်ဆိုင်ထား သလိုကိုယ်ပိုင်ရုပ်ရှင်ထုတ်လုပ်ရေး ကိုလည်း စီစဉ်ဆောင်ရွက်နေသူတစ်ဦးပါ။ အခုဆိုရင် စမိုင်းလ်ရုပ်ရှင်ထုတ်လုပ်ရေးကိုပါ ဦးဆောင်နေသလို ပရိသတ်နဲ့ အဆက်အသွယ်မပြတ်ဖို့ သရုပ်ဆောင် အလုပ်တွေပါ ပြန်လုပ်နေပြီလို့ သိရပါတယ်။ လက်ရှိမှာတော့ အဘွားဖြစ်သူ ဝါရင့်သရုပ်ဆောင်ကြီး ဒေါ်ခင်လေးဆွေရယ်၊ သူချစ်ရတဲ့ ခင်ပွန်းရယ်၊ သမီးလေး နှစ်ယောက်ရယ် နဲ့ပျော်စရာကောင်းတဲ့ မိသားစုဘဝလေးကို ဖြတ်သန်းနေတာ ဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က