အသက်(၆၀) အရွယ်မှာ ဖြစ်ချင်တဲ့ ဆန္ဒတွေ ပြောပြလာပါတယ်။

စိုးမြတ်သူဇာကတော့ အသက်(၆၀) ရောက်ရင် သူချစ်ရတဲ့ တူလေး၊ တူမလေးတွေနဲ့ အတူနေပြီး ခြံဝန်းလေးထဲမှာ အပင်လေးတွေ စိုက်ရင်းဘဝကို ဖြတ်သန်းသွားချင်တယ်လို့ ဆိုပါတယ်။ 

Photo: Soe Myat Thuzar



အားလုံးက ချစ်စနိုးနဲ့ မကြီးစိုး လို့ ခေါ်လေ့ရှိတဲ့ အကယ်ဒမီစိုးမြတ်သူဇာကတော့ အသက်(၆၀)အရွယ်မှာ သူမ ဘဝရဲ့ အဖြစ်ချင်ဆုံး အရာလေးတစ်ခုကို ဖေ့စ်ဘွတ်စာမျက်နှာမှာ Live လွှင့်ရင်း ပြောပြခဲ့ပါတယ်။ သူမအနေနဲ့ အသက်ကြီးလာရင် ခြံထဲမှာ အပင်လေးတွေ စိုက်ရင်း ဖြတ်သန်းသွားမယ်လို့ ဆိုပါတယ်။ 

“ မကြီးကလေ အသက်ကြီးလာရင် ကလေးတွေနဲ့ပဲနေမှာ အသက်(၆၀) လောက်ပေါ့။ ငါတို့တွေ ခြံထဲမှာ အပင်စိုက်စားကြမယ်ပေါ့။ မကြီးလေ ဖေ့စ်ဘွတ်မှာတွေ့တယ် တို့တောခြံ ဆိုတဲ့ ဟာလေးတွေပေါ့။ အဲဒီမှာ အသီးလေးတွေ၊ အရွက်လေးတွေ စိုက်ပြီးတော့ ပို့တာလေ အရမ်းသဘောကျတာပဲ။ မကြီးလေအဲဒီလိုလေးတွေ အရမ်းစိုက်ချင်တယ်။ ပြီးရင် ရောင်းစားမယ်ပေါ့။ မေမြို့မှာ မြေကွက်ရှိတယ်။ အကျယ်ကြီးပဲ အသီးလေးတွေ အပင်လေးတွေ စိုက်စားမယ်၊ တခြား နှစ်ရှည်ပင်တွေကိုလည်း သပ်သပ်စိုက်မယ်။ ပြီးရင် ရောင်းစားမယ်၊ ရလာတဲ့ ပိုက်ဆံလေးနဲ့ ထမင်းစားမယ်။ အဲဒီအချိန်ကျရင် ကိုယ်လည်း အသက်ကြီးသွားပြီလေ ” ဆိုပြီးတော့ အောက်တိုဘာလ (၂၁) ရက်နေ့ ည ၉ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ Live လွှင့်ရင်း ပြောခဲ့တာပါ။ 

Photo: Soe Myat Thuzar

စိုးမြတ်သူဇာက သူမရဲ့ ခြံထဲမှာ ကြက်သွန်၊မုန်လာပင်၊ မုန်လာဥ၊ စတော်ဘယ်ရီ အပြင် ဒေလီယာ ပန်းနဲ့ သစ္စာပန်းလေးတွေ စိုက်ချင်တယ်လို့လည်း Live ထဲမှာ ပြောခဲ့ပါသေးတယ်။ လက်ရှိမှာတော့ စိုးမြတ်သူဇာရဲ့ အသက်က (၄၉) နှစ်သာ ရှိပါသေးတယ်။ သူမဟာ Covid ကာလမှာ အနုပညာအလုပ်တွေ ရပ်နားထားပေမယ့် သူချစ်ရတဲ့ ပရိသတ်တွေနဲ့ အဆက်မပြတ်သွားအောင် ဖေ့စ်ဘွတ်စာမျက်နှာမှာ မကြာခဏ Live လွှင့်ပြီး စကားပြောမယ်လို့လည်း Duwun အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါတယ်။ 

Photo: Soe Myat Thuzar

စိုးမြတ်သူဇာရဲ့ အနုပညာသက်တမ်းကတော့ နှစ်ပေါင်း ၄၀ ခန့်ရှိပြီဖြစ်ပါတယ်။ သူမဟာ လက်ရှိအချိန်အထိ ပရိသတ်အခိုင်အမာ ရရှိထားသူ တစ်ယောက်ပါ။ အနုပညာလောကထဲကိုတော့ ‘’ ဆုံရပ် ကန္တာရဝတီ’’ ဆိုတဲ့ ရုပ်သံဇာတ်လမ်း ရိုက်ကူးရင်း အနုပညာလောကထဲကို စတင်ဝင်ရောက်လာတာဖြစ်ပါတယ်။ ဒါကတော့ သူမအတွက် ပထမဆုံးရုပ်ရှင်ဇာတ်ကားကြီးပါ။ အဲဒီနောက် ၁၉၉၄ ခုနှစ်မှာ ‘’နော်ရင်မွှေး’’ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားနဲ့ ပထမဆုံး အကယ်ဒမီဆုကို ရရှိပိုင်ဆိုင်ခဲ့သူပါ။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က