လက်ခံထားတဲ့ အလုပ်တွေကိုလည်း Hotel မှာ လုပ်သွားမယ်လို့ဆိုပါတယ်။

မြတ်နိုးအေးကတော့ ဒီရက်ပိုင်းမှာ သူ့ရဲ့ ပရိသတ်တွေနဲ့ ခဏတာ အဆက်အသွယ်ပြတ်ခဲ့တာက Quarantine ဝင်ဖို့ စီစဉ်နေရတာကြောင့်လို့ ဆိုပါတယ်။ 

Photo: Myat Noe Aye



မြတ်နိုးအေးကတော့ မိသားစုဝင်တွေထဲမှာ Covid ရောဂါပိုးကူးစက်ခံနေရပြီဖြစ်တဲ့အတွက် အခုချိန်မှာ သူမရဲ့ ကျန်းမာရေးကို ပိုဂရုစိုက်နေတယ်လို့ ဆိုပါတယ်။ ဆေးရုံတင်ထားရတဲ့ အဖိုးဖြစ်သူဆီမှာ Covid ရောဂါပိုး တွေ့ရှိခဲ့တာကြောင့် မိသားစုဝင်တွေကိုလည်း ဆေးစစ်တဲ့ အချိန်မှာ Positive အဖြေထွက်လာတဲ့ လူတွေရှိတယ်လို့ သူက ပြောပါတယ်။ 

" မြတ်နိုး ဒီရက်ပိုင်း social media မှာ active မဖြစ်တာ Quarantine ဝင်ဖို့ကိစ္စတွေနဲ့ အလုပ်တွေရှုပ်နေလို့ပါ။ အိမ်မှာ အဖိုး oxygen ကျတာကစပြီး ဆေးရုံတင်တဲ့အချိန်မှာ swab test ယူရတော့ အဖိုး positive result ထွက်ပါတယ်။ ဒီနေ့ ၅ယောက် swab test ထပ်စစ်တဲ့အချိန်မှာ မာမားအပါအဝင် တူမလေးတစ်ယောက်ရယ် ဘေးအခန်းက cousin မောင်လေးပါ positive ထပ်ထွက်ပါတယ်!အခု နှစ်အိမ်လုံးရဲ့ ကျန်တဲ့မိသားစုဝင် တွေရော negative ထွက်ထားတဲ့ ယောင်းမနဲ့ တူမလေးရောအားလုံး Hotel Quarantine ဝင်နေရပါတယ်။ မြတ်နိုးတို့ကတော့ နောက်သုံးရက်လောက်မှ စစ်ရမှာမို့လို့ ဒီရက်ပိုင်း ကိုယ့်ဘာကိုယ် ပိုဂရုစိုက်ပြီးနေနေပါတယ်" ဆိုပြီးတော့ အောက်တိုဘာလ (၂၂) ရက်နေ့ ည ၁၁ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။ 

Photo: Myat Noe Aye

သူမကို ချစ်ခင်အားပေးကြတဲ့ ပရိသတ်တွေ၊ အနုပညာမောင်နှမတွေကလည်း Comment ကနေတဆင့် ကျန်းမာရေးဂရုစိုက်ဖို့၊ စိတ်အားမငယ်ဖို့ နဲ့ အားတင်းထားဖို့ စတာတွေနဲ့ အားပေးစကား ဆိုခဲ့ကပါသေးတယ်။ မြတ်နိုးအေး အနေနဲ့ လောလောဆယ်မှာ သူမရဲ့ ဆေးစစ်ချက် အဖြေ မထွက်လာသေးတာကြောင့် Quarantine ဝင်နေရင်း လက်ခံထားတဲ့ အလုပ်လေးတွေ လုပ်သွားမယ်လို့ ဆိုပါတယ်။ 

" လက်ခံပြီးသား အလုပ်လေးတွေကိုလဲ မြတ်နိုးမဖျက်ချင်တော့ "work from Hotel " လုပ်သွားပါမယ်နော်။ အားလုံးလဲ ပိုဂရုစိုက်ကြပါ မြတ်နိုးတို့မိသားစုဆို stay home လုပ်နေတာ တစ်လကျော်လောက်ရှိပြီ ခုထိ ဘယ်ကဘယ်လို ကူးတယ်ဆိုတာ စဉ်းစားလို့မရနိုင်သေးဘူး။ Virus က ကိုယ်နဲ့ အနီးဆုံးကိုရောက်လာခဲ့ပြီ။ ကိုယ်ခံအားနဲ့ တိုက်ရမယ့် ရောဂါဖြစ်နေတော့ အစားများများစားပြီး အားရှိအောင်နေကြပါနော်။ positive ဖြစ်ခဲ့လည်း recover ပြန်ဖြစ်နိုင်တယ်ဆိုတဲ့ စိတ်နဲ့ပဲ strong ဖြစ်အောင် နေရပါတယ်။ Take Care Everyon" လို့ ဆက်လက် ရေးသားထားပါတယ်။ 

Photo: Myat Noe Aye

မြတ်နိုးအေးကိုတော့ “ည” ရုပ်ရှင်ဇာတ်ကား ကနေ စတင်ပြီး ပရိသတ်တွေ အားပေးခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် “သူစိမ်းအိမ်” ရုပ်ရှင်ဇာတ်ကားရုံတင်ပြီးတဲ့နောက်မှာလည်း ပရိသတ်တွေရဲ့ အချစ်ကို ပိုမို ပိုင်ဆိုင်လာခဲ့သူဖြစ်ပါတယ်။ ရိုက်ကူးလက်စဖြစ်နေတဲ့ " လိပ်ပြာ (Season-2)" မှာတော့ သူမကို မှုခင်းဆရာဝန်မလေး တစ်ယောက်အဖြစ် မြင်တွေ့ရမှာပါ။ မြတ်နိုးအေးဟာ တက်သစ်စ လူငယ်အနုပညာရှင်တွေ ထဲမှာ ပရိသတ်အခိုင်အမာနဲ့ ရပ်တည်လာတဲ့ သရုပ်ဆောင် တစ်ယောက်ဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က