ဒီနေ့ကတော့ သူတို့ရဲ့ အမှတ်တရနေ့လေး ဖြစ်ပါတယ်။

ဟဲလေးကတော့ သူချစ်ရတဲ့ ဇနီးဖြစ်သူ မြတ်သီရိလင်းနဲ့ မိသားစုဘဝလေး တည်ထောင်ခဲ့တာ အခုဆိုရင် (၁၂) နှစ်ရှိလာပြီလို့ ဆိုပါတယ်။ 

Photo: He Lay



ဟဲလေးကတော့  ဂီတလောကမှာလည်း အောင်မြင်နေသူဖြစ်သလို သူ့ရဲ့ အိမ်ထောင်ရေးမှာလည်း ပရိသတ်တွေ အားကျလောက်စရာကောင်းတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။ အခုဆိုရင်တော့ သူချစ်ရတဲ့ ဇနီးဖြစ်သူ မြတ်သီရိလင်းနဲ့ မင်္ဂလာသက်တမ်း (၁၂) နှစ်ပြည့် အမှတ်တရလေးကို အခုလို ပြောပြခဲ့ပါတယ်။ 

" ဒီနေ့ ကျွန်တော်တို့အထိမ်းအမှတ်နေ့ မင်္ဂလာနှစ်ပတ်လည် ၁၂ နှစ်ပြည့်ပါတယ်။ ရည်းစား သက်တမ်း(၈) နှစ်ပါထပ်ပေါင်းရင် အောင်မယ်လေး... ဆော်မကြည်တော့တာ..အနှစ်(၂၀)ပဲကျေးဇူးပါအန်တီလင်းရေ..ဒီမဲမဲသဲသဲဟဲဟဲလေးကိုနှစ်နှစ်ကာကာချစ်ပေးတဲ့အပြင်မိသားစုအပေါ်ချစ်ခင်မြတ်နိုးတန်ဖိုးထားလွန်းလို့ပါ ကိုဗစ်ပြီးတာနဲ့အရင်ထက်ရေတွေတစ်ဝကြီးလောင်းပြီး...ပျော်အောင်ထားပါ့မယ်..အချစ်ရေ" ဆိုပြီးတော့ အောက်တိုဘာလ (၂၃) ရက်နေ့ မနက်(၉) နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။ 

Photo: He Lay

ဟဲလေး နဲ့ မြတ်သီရိလင်းတို့ဟာ ၂၀၀၈ ခုနှစ် အောက်တိုဘာလ (၂၃) ရက်နေ့က မင်္ဂလာပွဲ ကျင်းပခဲ့ကြတာဖြစ်ပါတယ်။ အခုဆိုရင်တော့ အိမ်ထောင်သက်တမ်း (၁၂) နှစ်မှာ ဟဲလေးတို့ ဇနီးမောင်နှံဟာ ချစ်စရာကောင်းတဲ့ သားလေး နှစ်ယောက်ကို ပိုင်ဆိုင်ထားပြီဖြစ်ပါတယ်။ သူတို့ ဇနီးမောင်နှံဟာ မင်္ဂလာနှစ်ပတ်လည် နေ့ရောက်တိုင်း တတ်နိုင်သလောက် အလှူအတန်းတွေ လုပ်ခဲ့ကြတာကိုလည်း တွေ့ရပါတယ်။ 

Photo: He Lay

လက်ရှိမှာတော့ အဆိုတော် ဟဲလေးဟာ ကိုဗစ်ကာလကြောင့် ဂီတဖျော်ဖြေရေးတွေ နားထားတာပါ။ ဟဲလေးဟာ ၂၀၀၀ ခုနှစ် ဝန်းကျင်က " Teen" ဆိုတဲ့ ယောက်ျားလေး(၃) ယောက် ပါဝင်တဲ့ အဆိုတော် အဖွဲ့မှာ Main Vocal တစ်ယောက်အနေနဲ့ သီချင်းတွေ ဆိုရင်း ဂီတလောကထဲ ရောက်ရှိလာတာ ဖြစ်ပါတယ်။ သူ အောင်မြင်ခဲ့တဲ့ သီချင်းတွေကတော့ " ပတ်သက်ခွင့်ပြုပါ" ၊ " တစ်ယောက်တည်း ချစ်မယ်" ၊ " ခိုနားရာ" ၊ " ကြင်ယာဖက်" စတဲ့ သီချင်းတွေကနေတဆင့် ပရိသတ်အားပေးမှု အခိုင်အမာ ရရှိထားတာပါ။ ဟဲလေးရဲ့ လတ်တလော အောင်မြင်မှုတွေ ရနေတဲ့ သီချင်းကတော့ "မှည့်" သီချင်းဖြစ်ပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က