ဦးကျော်သူကို အနီးကပ် ပြုစုပေးနေသူပါ။

ကိုဗစ်ရောဂါပိုးတွေ့လို့ ဝေဘာဂီမှာ ဆေးကုသမှု ခံယူနေရတဲ့ ဦးကျော်သူကို အနီးကပ်ပြုစုစောင့်ရှောက်ပေးနေတဲ့ ထွန်းကိုကိုမှာ ကိုဗစ်ရောဂါကူးစက် ခံရခြင်း ရှိမရှိ ဒီနေ့မှာ Swab ယူပြီး စစ်ဆေးမှု ပြုလုပ်နေတယ်လို့ သိရပါတယ်။

Photo : ဦီးကျော််််သူ


ဦးကျော်သူကို အနီးကပ် ပြုစုစောင့်ရှောက်ပေးနေရတဲ့ သရုပ်ဆောင် ထွန်းကိုကိုမှာ ကိုဗစ်ရောဂါပိုး ရှိမရှိ စစ်ဆေးမှုကို ဒီနေ့မှာ ပြုလုပ်ခဲ့တယ်လို့ ဦးကျော်သူက သူ့ရဲ့ ဖေ့စ်ဘွတ်ကနေ ပြောပြခဲ့ပါတယ်။

“ကိုယ့်သူစစ် သူ့ဆရာဝန်စစ်ပြီ။ယနေ့ ရဲဘော်ရဲဘက်ကြီး ကိုထွန်းကိုကိုက ကျွန်တော့်အားဆီးချိုသွေးချိုစစ်ရန် ကူညီဆောင်ရွက်ပေးကာ ၊ ဆရာဝန်များကလည်း ကိုထွန်းကိုကိုအားလာရောက်၍ Swab testing လာရောက်ပြုလုပ်ပြီဖြစ်သည်။ကံကောင်းပါစေ .... ရဲဘော်ထွန်းကိုကို” ဆိုပြီး အောက်တိုဘာ(၂၄) ရက်နေ့က မှာ ပြောထားတာပါ။

Photo : ဦီးကျော််််သူ

ဒီနေ့မှာ Swab ယူပြီး စစ်ဆေးရပေမယ့် အဖြေသိရမယ့် နေ့ကိုတော့ သေချာမသိသေးပါဘူးလို့ ထွန်းကိုကိုက Duwun ကို ပြောပါတယ်။လက်ရှိမှာတော့ သူတို့နှစ်ဦးစလုံးရဲ့ ကျန်းမာရေး အခြေအနေက ကောင်းမွန်နေကြောင်း အောက်တိုဘာ(၂၃) ရက်နေ့က Duwun အင်တာဗျူးမှာပြောပြခဲ့ပါတယ်။ ဦးကျော်သူကတော့သူတို့ရဲ့ အခြေအနေတွေ အားလုံးကို ပရိသတ်၊ သူငယ်ချင်း မိတ်ဆွေများသိအောင် ဖေ့စ်ဘွတ်ကနေ အမြဲတမ်း အသိပေး ပြောပြနေတာတွေ့ရပါတယ်။

ဦးကျော်သူကတော့ နှလုံး ခွဲစိတ်ထားသူဖြစ်ပြီး ဆီးချိုရောဂါ အခံရှိသူဖြစ်တာကြောင့် အခုလို Covid ရောဂါပိုး ကူးစက်ခံလိုက်ရတဲ့ အချိန်မှာ သူ့ရဲ့ မိသားစုဝင်တွေ၊ နာရေးကူညီမှု အသင်းသားတွေနဲ့ ပရိသတ်တွေက စိတ်ပူလျှက်ရှိပါတယ်။ လက်ရှိမှာတော့ ဝေဘာဂီဆေးရုံမှာ Quarantine ဝင်နေတာဖြစ်ပြီး ထွန်းကိုကို က ဦးကျော်သူရဲ့ ကျန်းမာရေး အခြေအနေ ပြန်ကောင်းလာနိုင်ဖို့အတွက် ပြုစု စောင့်ရှောက်ပေးနေတာကို တွေ့ရပါတယ်။ ထွန်းကိုကို ကလည်း Covid ကာလအတွင်း နာရေးကူညီမှုအသင်းကနေတဆင့် ဈာပန လုပ်ငန်းတွေ၊ ပရဟိတလုပ်ငန်းတွေကို ကြိုးကြိုးစားစား လုပ်ကိုင်ပေးနေသူဖြစ်ပါတယ်။






က္က