သူမကိုယ်တိုင်လည်း ဂုဏ်ယူနေမိပါတယ်တဲ့။

နေခြည်ဦးကတော့ သူမကို ချစ်ခင်ကြတဲ့ ပရိသတ်တွေ များစွာတို့ရဲ့ အားပေးမှုကြောင့် ဝမ်းသာဂုဏ်ယူမဆုံး ဖြစ်လို့နေပါတယ်။ 

Photo: Nay Chi Oo



နေခြည်ဦးကတော့ သူမကို ချစ်ခင်အားပေးကြတဲ့ လူဦးရေ 1.5 Million ရှိနေပြီလို့ဆိုပါတယ်။ သူမကိုယ်တိုင် အသုံးပြုလျှက်ရှိတဲ့ Social Media တွေဖြစ်တဲ့ Instagram နဲ့ Tik Tok တို့မှာလည်း အားပေးတဲ့ ပရိသတ်လူဦးရေ 1 Million ရှိလာပြီဖြစ်လို့ အရမ်း ဝမ်းသာနေတယ်လို့ ဆိုပါတယ်။ 

" ဒီရက်ပိုင်းမှာ နေခြည့်အတွက် အထူးခြားဆုံး အရာလေးတွေ ဆက်တိုက်ဆိုသလို ရှေ့ဆင့် နောက်ဆင့် ဖြစ်ခဲ့တယ်ပေါ့နော်။ အခုဆိုရင် နေခြည့်ရဲ့ Beautybynaychi Facebook Page ကလည်း 1.5 Million Organic Followers ရှိနေပြီ။ နေခြည်အပျော်ဆုံးကတော့ လွန်ခဲ့တဲ့ရက်ပိုင်းကပဲ နေခြည့် Instagram နဲ့ Tik Tok ကလည်း တစ်ရက်တည်းမှာပဲ ရှေ့ဆင့်နောက်ဆင့်ဆိုသလို 1 Million Followers ကို Hit သွားတာပါပဲ။ မြန်မာနိုင်ငံလူဦးရေရဲ့ 40.5% လောက်က Facebook တစ်ခုတည်းကိုပဲ အသုံးများတဲ့ အချိန်မှာ IG နဲ့ Tik Tok မှာပါ ဒီလို Achievement မျိုးရတာ နေခြည့်အတွက်တော့ တကယ့်ကို ပျော်လဲပျော်ရ၊ ဂုဏ်လဲယူရတဲ့ အမှတ်တရ တစ်ခုပါပဲ။ နေခြည်နဲ့ နေခြည့် Team ရဲ့ ကြိုးစားမှုတွေ အရာထင်ခဲ့တယ်လို့ပြောရမှာပေါ့" ဆိုပြီးတော့ အောက်တိုဘာလ (၂၄) ရက်နေ့ ည ၈ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့တာပါ။ 

Photo: Nay Chi Oo

နေခြည်ဦးဟာ Beauty Blogger တစ်ယောက်အဖြစ်ကနေ သရုပ်ဆောင် လောကထဲကို ရောက်လာတဲ့အချိန်မှာ ဝေဖန် တိုက်ခိုက်မှုတွေလည်း ကြုံခဲ့ရသူတစ်ယောက်ပါ။ သူမ အနေနဲ့ ပရိသတ်တွေရဲ့ အားပေးမှုနဲ့ ရှေ့ဆက်လျှောက်လှမ်းလာတဲ့ အတွက် အခုလို အောင်မြင်မှု ရရှိလာတာလို့ သူက ဆိုပါတယ်။ 

" Beautybynaychi ဆိုတာ စပြီးဖြစ်တည်လာကတည်းက အားပေးလာခဲ့တဲ့ Chillies တွေနဲ့ နောက်ပိုင်းမှ နေခြည့်ကို သိပြီး အသိအမှတ်ပြုပေးတဲ့ new Chillies လေးတွေကိုရော နေခြည်ကအရမ်းကျေးဇူးလဲတင်သလို၊ ချစ်လဲချစ်ပါတယ်လို့ ပြောချင်ပါတယ်။ Chillies လေးတွေရဲ့ React တစ်ခု Comment တစ်ခုက နေခြည့်အတွက် အလုပ်ပိုပြီး ကြိုးစားချင်စိတ်ကို ဖြစ်စေတဲ့တွန်းအားတွေပါပဲ။ နောက်ပိုင်းမှာလဲ နေခြည့် Team နဲ့အတူ အလုပ်တွေအများကြီးကြိုးစားပြီး ပိုကောင်းပြီးဆန်းသစ်တဲ့အရာတွေကို ချပြရင်းနဲ့ Chillies လေးတွေအများကြီး ဂုဏ်ယူရတဲ့ " နေခြည်ဦး" ဖြစ်အောင် တဆင့်ပြီးတဆင့်ကြိုးစားသွားမယ်လို့ နေခြည်ကတိပေးပါတယ်။ နေခြည့်ရဲ့ အောင်မြင်မှုဟာ Chillies လေးတွေရဲ့ အောင်မြင်မှုပါပဲ။ လာမယ့် Milestones တွေကိုလဲ နေခြည်နဲ့အတူ ကြိုးကြိုးစားစား တည်ဆောက်သွားကြရအောင် နော်။ နေခြည့်ကိုလည်း အများကြီးချစ်ပေးပြီး စောင့်ကြည့်ပေးကြပါလို့ ပြောချင်ပါတယ်” လို့ ဆက်လက် ရေးသားထားပါသေးတယ်။ 

Photo: Nay Chi Oo

လက်ရှိမှာတော့ နေခြည်ဦးဟာ Beautybynaychi Facebook Page မှာလည်း ပရိသတ်တွေနဲ့ အဆက်မပြတ်သွားအောင် အလှအပရေးရာတွေ မျှဝေနေတာတွေ့ရပါတယ်။ သူမက Beauty Blogger ဘဝနဲ့ အနုပညာလမ်းကြောင်းပေါ်ကို ရောက်ရှိလာတဲ့ သူတစ်ဦးပါ။ သူမက အချိန်တိုလေးအတွင်းမှာ Beauty Blogger ဘဝကနေ သရုပ်ဆောင်လောကထဲသို့ ရောက်ရှိလာသူ တစ်ဦးလည်း ဖြစ်ပါတယ်။ နာမည်ကြီး မင်းသားများနဲ့အတူ ရုပ်ရှင်ဇာတ်ကားကြီးများ၊ ဇာတ်လမ်းတွဲများကို ဆက်တိုက် ဆိုသလို ရိုက်ကူးခဲ့ရပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က