ဝေဘာဂီမှာ ဆေးကုသမှု ခံယူနေရတာပါ။

ထွန်းကိုကိုဟာ ကိုဗစ်ပိုးကူးစက်ခံထားရတဲ့ ဦးကျော်သူကို ဝေဘာဂီမှာ လိုက်လံပြုစုစောင့်ရှောက်ပေးရင်း သူ့ဆီမှာလည်း ကိုဗစ်ပိုးတွေ့ရှိခဲ့ပြီလို့ ဆိုပါတယ်။ 

Photo: Tun Ko Ko



ထွန်းကိုကို ကတော့ ဝေဘာဂီမှာ ဦးကျော်သူရဲ့ ကျန်းမာရေး အခြေအနေအရ ပြုစုစောင့်ရှောက်ပေးရင်း အောက်တိုဘာလ (၂၄) ရက်နေ့က Swab testing ပြုလုပ်ခဲ့တာပါ။ ဒီနေ့ အောက်တိုဘာလ (၂၇) ရက်နေ့မှာတော့ ကျန်းမာရေးဆေးစစ်ချက် အဖြေကို ထွန်းကိုကို က ပရိသတ်သိအောင် ပြောပြလာပါတယ်။ 

" သံမဏိ လူသားလည်း မဟုတ်ဘူး။ စက်ရုပ်လူသားလဲ  မဟုတ်ဘူး။ ပါဝါရိန်းဂျားလည်း        မဟုတ်ဘူး။ P ဖြစ်တာ မဆန်း ပါဘူး" ဆိုပြီးတော့ အောက်တိုဘာလ (၂၇) ရက်နေ့ မနက် (၉) နာရီခွဲကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။ 

Photo: Tun Ko Ko

လက်ရှိမှာတော့ ဝေဘာဂီမှာ ဆေးကုသမှုခံယူနေရတဲ့ ဦးကျော်သူရော၊ ထွန်းကိုကိုရော ကျန်းမာရေး အခြေအနေက ကောင်းမွန်နေကြောင်း အောက်တိုဘာ(၂၃) ရက်နေ့က Duwun အင်တာဗျူးမှာပြောပြခဲ့ပါတယ်။ ဦးကျော်သူကတော့သူတို့ရဲ့ အခြေအနေတွေ အားလုံးကို ပရိသတ်၊ သူငယ်ချင်း မိတ်ဆွေများသိအောင် ဖေ့စ်ဘွတ်ကနေ အမြဲတမ်း အသိပေး ပြောပြနေတာတွေ့ရပါတယ်။

Photo: Tun Ko Ko

ဦးကျော်သူနဲ့ ထွန်းကိုကိုတို့ရဲ့ ကျန်းမာရေး အခြေအနေ ပြန်ကောင်းလာနိုင်ဖို့အတွက် နာရေးကူညီမှု အသင်းသားတွေရော၊ အနုပညာမောင်နှမတွေနဲ့ ပရိသတ်တွေက ဆုတောင်းပေးနေကြတာကိုလည်း တွေ့ရပါတယ်။ ထွန်းကိုကို က Covid ကာလအတွင်း နာရေးကူညီမှုအသင်းကနေတဆင့် ဈာပန လုပ်ငန်းတွေ၊ ပရဟိတလုပ်ငန်းတွေကို ကြိုးကြိုးစားစား လုပ်ကိုင်ပေးနေသူဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က