သူ့ရဲ့ ကုသိုလ်အလှူအတွက် ပီတိဖြစ်လို့နေပါတယ်။

လူရွှင်တော် ချက်ကြီးကတော့ မိသားစု စားဝတ်နေရေးအတွက် ဒိန်းဒေါင်က ထောက်ပံ့ငွေ ပေးခဲ့အပေါ် ဝမ်းသာပီတိဖြစ်လို့နေပါတယ်။ 

Photo: Comedian ChatGyi



ဒိန်းဒေါင်ကတော့ Covid ကာလမှာ “ ချွန်တွန်း ပရဟိတ” ဆိုတဲ့ အဖွဲ့တည်ထောင်ပြီး ပရဟိတလုပ်ငန်းတွေ တစိုက်မတ်မတ် လုပ်ဆောင်နေတာကို တွေ့ရပါတယ်။ သူ့ရဲ့ အနုပညာကြေးတွေကိုလည်း လူရွှင်တော် ချက်ကြီးနဲ့ ပိုးလေး တို့ရဲ့ မိသားစုစားဝတ်နေရေး ဖြေရှင်းဖို့အတွက် ထောက်ပံ့ကြေးပေးခဲ့တယ်လို့ သိရပါတယ်။ 

ချက်ကြီးကတော့ ဒိန်းဒေါင် ထောက်ပံ့ပေးခဲ့တဲ့ ငွေကျပ် (၁) သိန်းကို ပြန်ပြီး ကုသိုလ်ပြုခဲ့တယ်လို့ ဆိုပါတယ်။ 

" ကျွန်တော်နှင့် ပိုးလေး နှစ်ယောက် တိုင်ပင်ပြီး ကိုဒိန်းဒေါင်ပေးတဲ့ တစ်သိန်းစီ နှစ်သိန်းကို ကျွန်တော်တို့ လုပ်နေတဲ့ ဗိုက်တာဝန်ခံ မွေးဖွားရေး ထဲ စိတ်တူ ကိုယ်တူ လှူလိုက်ပါတယ်။ ဘာလို့လည်းဆိုတော့ ကျွန်တော်တို့ ခု လုပ်နေတဲ့ အလုပ်ကို ကျွန်တော်တို့ သိပါတယ်။ ကျွန်တော်တို့ လိုအပ်နေတာထက် ကျွန်တော်တို့ ထက် ပို၍ လိုအပ်နေတဲ့လူတွေ အများကြီး ရှိနေတယ်လေ" ဆိုပြီးတော့ အောက်တိုဘာလ (၂၇) ရက်နေ့ ည (၁၁) နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့တာဖြစ်ပါတယ်။ 

Photo: Comedian ChatGyi

ချက်ကြီး ကိုယ်တိုင်ကလည်း ဒိန်းဒေါင်နဲ့ အတူတူ ပရဟိတအလုပ်တွေမှာ ပါဝင်ဆောင်ရွက်နေသူ တစ်ဦးဖြစ်ပါတယ်။ ကိုယ့်လက်အောက်ငယ်သားတွေအပေါ် စာနာတတ်တဲ့ ဒိန်းဒေါင်ရဲ့ အလှူအတွက် သူကိုယ်တိုင်လည်း ဝမ်းသာပီတိဖြစ်နေတဲ့အကြောင်း ဆက်လက် ရေးသားထားပါတယ်။ 

" ကျွန်တော်နဲ့ ပိုးလေးကို ကိုဒိန်းဒေါင်က တစ်ယောက် တစ်သိန်း ပေးပါတယ်။ ဘာအတွက်လည်းဆိုတော့ သူရလာတဲ့ ကြော်ငြာရိုက်ကူးရေးအနုပညာကြေးထဲက ကျွန်တော်တို့ကို စားဝတ်နေရေး ပြေလည်အောင် ပေးတာပါ၊ အတိုင်း မသိဝမ်းသာပါတယ်။ သူပေးတဲ့ ငွေတစ်သိန်းဟာ ဒီအချိန် ဒီကာလမှာ ကျွန်တော်တို့အတွက် အဖိုးမဖြတ်နိုင်ပါဘူး။ ကျွန်တော် ငွေလိုပါတယ်။ အိမ်လခ ကားက ကျွန်တော် ငှားစီးထားတာပါ။ တစ်လ သုံးသိန်းပေးရပါတယ်။ စားဝတ်နေရေးအတွက်၊ ဦးကံပွင့် ရောင်းတဲ့ ဆန်ကို ကျွန်တော် အကြွေးယူထားပါတယ်၊ ဦးကံပွင့်ကလည်း အဆင်ပြေမှ ပေးပါလို့ပြောထားပါတယ်။ မီတာခက ခဏ ‌ဆိုင်းထားလို့ မရပါဘူး ။ ခြုံငုံပြောရရင် ကျွန်တော် ငွေလိုပါတယ်။ ကိုဒိန်းဒေါင်ပေးတဲ့ ငွေတစ်သိန်းဟာ ကျွန်တော့်အတွက် တကယ်ကို တန်ဖိုးရှိပါတယ်" လို့ ဆိုပါတယ်။ 

Photo: Comedian ChatGyi

ချက်ကြီးကိုတော့ လူရွှင်တော် ပြိုင်ပွဲတွေ၊ ဟာသအစီအစဉ်တွေကနေတဆင့် ပရိသတ်တွေ သိခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် ဗီဒီယိုဇာတ်ကား၊ ရုပ်ရှင်ကားကြီးတွေမှာလည်း ဟာသသရုပ်ဆောင် အဖြစ် ပါဝင်ခဲ့တာကို တွေ့ရပါတယ်။ လက်ရှိမှာတော့ သူဟာ လူရွှင်တော် အသင်းမှာ အလုပ်အမှုဆောင် တာဝန်ကို ထမ်းဆောင်နေတာ ဖြစ်ပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က