မြန်မာပရိသတ်တွေကတော့ ဂုဏ်ယူလို့နေပါတယ်။

အခုလိုမျိုး နာမည်ကျော် မင်းသားနဲ့အတူ ကြော်ငြာတွဲရိုက်ခဲ့တဲ့ မေမြတ်နိုးအတွက် ပရိသတ်တွေ ဂုဏ်ယူလို့ မဆုံးဖြစ်နေကြပါတယ်။

 

Photo: Park Seo Joon



မော်ဒယ် သရုပ်ဆောင် မေမြတ်နိုးကတော့ ပရိသတ်တွေကို Surprise အကြီးကြီး တိုက်ချ လိုက်တာ ဖြစ်ပါတယ်။ ဒီနေ့မှာ တောင်ကိုရီးယားနိုင်ငံရဲ့ နာမည်ကျော် မင်းသား Park Seo Joon နဲ့ အတူ ရိုက်ကူးခဲ့တဲ့ SmartKLife နဲ့ Smart Akoဆိုတဲ့ ကြော်ငြာလေးကို ပရိသတ်တွေအတွက် Surprise ဆိုတဲ့ စာလေးနဲ့အတူ သူမရဲ့ ဖေ့စ်ဘွတ်ပေ့ချ်မှာ မျှဝေထားတာ တွေ့ရပါတယ်။

Park Seo Joon ကိုယ်တိုင်ကလည်း သူ့ရဲ့ Facebook Page မှာ အောက်တိုဘာလ ၂၈ ရက်နေ့ ညနေ ၂ နာရီခွဲကျော် က တင်ခဲ့ပြီး မေမြတ်နိုးကလည်း အဲ့ဒီဗီယိုလေးကို ပြန်လည်မျှဝေခဲ့ပြီး ပရိသတ်တွေအတွက် “ Surprise” ဆိုပြီး ပြောခဲ့တာပါ။

ဒါ့အပြင် SmartKLife နဲ့ Smart Ako ကြော်ငြာလေးမှာ မင်းသား Park Seo Joon အတူ ပါဝင်ခွင့်ရတဲ့အတွက် ဂုဏ်ယူမိတယ်လို့ ပြောထားပါသေးတယ်။ ဒီနေ့ကတော့ သူမရဲ့ ပရိသတ်တွေအတွက် လုံးဝကို အံ့အားသင့်စေခဲ့တာပါ။ မြန်မာပရိသတ်တွေကလည်း မေမြတ်နိုးအတွက် ဂုဏ်ယူနေကြောင်း သူတို့ကြော်ငြာရဲ့ အောက်မှာ ကောမန့်တွေ ပေးထားကြပါသေးတယ်။ 

Photo: Park Seo Joon

ဒီကြော်ငြာမှာ မင်းသား Park Seo Joon နဲ့ သ ရုပ်ဆောင် မေမြတ်နိုးတို့ရဲ့ လှုပ်ရှားမှုတွေကို နည်းပညာအသုံးပြုပြီးပေါင်းစပ်ထားတာလို့လည်း တချို့ပရိသတ်တွေက သူတို့ရဲ့လူမှုကွန်ယက်စာမျက်နှာတွေပေါ်မှာ ဝေဖန်ရေးသားထားကြတာကိုလည်းတွေရပါတယ်။

Park Seo Joon ဟာ တောင်ကိုရီးယားနိုင်ငံရဲ့ ထိပ်တန်းစာရင်းဝင် မင်းသားတစ်ဦးဖြစ်ပါတယ်။ သူဟာ ရုပ်သံဇာတ်လမ်းတွဲတွေ အများကြီးရိုက်ကူးထားသလို ကြော်ငြာပေါင်းများစွာကိုလည်း ရိုက်ကူးထားတဲ့ သူတစ်ယောက်ပါ။ မြန်မာနိုင်ငံက ပရိသတ်တွေနဲ့ ရင်းနှီးခဲ့တဲ့ ဇာတ်ကားကတော့ What's Wrong with Secretary Kim ဇာတ်လမ်းတွဲထဲက ဒုဥက္ကဌ ကာရိုက်တာနဲ့ ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိခဲ့တာဖြစ်ပြီး မြန်မာပရိသတ်တွေရဲ့ အသည်းစွဲ မင်းသားတစ်ဦးဖြစ်ခဲ့ပါတယ်။


မေမြတ်နိုးဟာ လက်ရှိမှာ တောင်ကိုရီးယားမှာ အနုပညာအလုပ်တွေ လုပ်ကိုင်နေတာ ဖြစ်ပါတယ်။ စင်္ကာပူနိုင်ငံမှာရှိတဲ့ သူမရဲ့ Basic Models Agency နဲ့ အနုပညာအလုပ်တွေလုပ်ဖို့ စာချုပ်ချုပ်ဆိုထားတာဖြစ်သလို လက်ရှိမှာတော့ Basic Models Agency ကနေတဆင့် တောင်ကိုရီးယားနိုင်ငံမှာရှိတဲ့ JS Agency ကို Placement Model အနေနဲ့ ပထမဆုံး အကြိမ်လွှတ်ခြင်းခံခဲ့ရတဲ့ မော်ဒယ်လ် တစ်ယောက်အဖြစ် တောင်ကိုရီးယားနိုင်ငံမှာ အနုပညာအလုပ်တွေ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ 


Photo: Park Seo Joon

မေမြတ်နိုးဟာ လက်ရှိမှာ တောင်ကိုရီးယားမှာ အနုပညာအလုပ်တွေ လုပ်ကိုင်နေတာ ဖြစ်ပါတယ်။ စင်္ကာပူနိုင်ငံမှာရှိတဲ့ သူမရဲ့ Basic Models Agency နဲ့ အနုပညာအလုပ်တွေလုပ်ဖို့ စာချုပ်ချုပ်ဆိုထားတာဖြစ်သလို လက်ရှိမှာတော့ Basic Models Agency ကနေတဆင့် တောင်ကိုရီးယားနိုင်ငံမှာရှိတဲ့ JS Agency ကို Placement Model အနေနဲ့ ပထမဆုံး အကြိမ်လွှတ်ခြင်းခံခဲ့ရတဲ့ မော်ဒယ်လ် တစ်ယောက်အဖြစ် တောင်ကိုရီးယားနိုင်ငံမှာ အနုပညာအလုပ်တွေ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ 

 

Photo: May Myat Noe

သူမကိုယ်တိုင်ကလည်း အနုပညာအလုပ်တွေကို နိုင်ငံတကာအထိ တက်လှမ်းနိုင်ဖို့အတွက် ရည်မှန်းချက် ထားထားတယ်လို့ Duwun အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါတယ်။ မေမြတ်နိုးဟာ သူ့အနေနဲ့ မြန်မာနိုင်ငံတွင်းသာမက ပြည်ပမှာပါ အနုပညာလှုပ်ရှားမှုတွေလုပ်နိုင်ဖို့ ကြိုးစားနေသူဖြစ်ပါတယ်။ သူမကိုတော့ ‘’အိပ်မက်ဆုံရာ Season-6’’ သီချင်းဆိုပြိုင်ပွဲကနေတဆင့် ပရိသတ်တွေ စတင်အားပေးလာခဲ့ကြတာပါ။ အဲဒီနောက် Miss Asia Pacific World 2014 ရဲ့ Winner ဆုကိုလည်း ရရှိပိုင်ဆိုင်ခဲ့သူတစ်ယောက်ပါ။ နောက်ထပ်လည်း ကမ္ဘာကျော် ဟောလိဝုဒ်သရုပ်ဆောင်မျာ နဲ့အတူ ''Invincibl e'' ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ထားပါသေးတယ်။



ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က