ရောင်းအားကတော့ လုံးဝကို အမိုက်စားကြီးပါ။

သရုပ်ဆောင် ထက်ထက်မိုးဦးကတော့ Covid ကာလအတွင်းမှာ ရတနာပစ္စည်းတွေကိုLive လွှင့်ရောင်းခဲ့ရာ ပရိသတ်တွေ ၊ အနုပညာရှင်တွေရဲ့ အားပေးမှုများကို တခဲနက် ရရှိခဲ့ပြီး အခုဆိုရင် ဇိမ်ခံပစ္စည်းတွေဖြစ်တဲ့ အိမ်တွေ ကားတွေကိုပါ ရောင်းချပေးနေတာတွေ့ရပါတယ်။


Photo-Htet Htet Moe Oo Fb



ပန်းလှိုင်အိမ်ယာ Live Sale မှာ အိမ်တွေကို ရောင်းချပေးခဲ့ရတဲ့ ထက်ထက်က သူမရောင်းတဲ့ထဲက သိန်းခုနှစ်ထောင်ကျော်အိမ်အတွက် စရံငွေ ပေးချေပြီး ဝယ်ယူအားပေးခဲ့တာကြောင့် အရမ်းကို ပျော်လို့နေပါတယ်။

"စေတနာသည်သာကံ.. Pun Hlaing Housing ကနေ အခုပဲဖုန်းဆက်လာတာ Lotus Place (Live မှာ ထက်ဒုတိယပြတဲ့အိမ်) သိန်း၇၂၅၀အတွက်စရံငွေချသွားပြီ တဲ့ မြိတ်ကနေ Live ကိုကြည့်ပြီးဝယ်ယူတာမိို့ထက်အရမ်းကိုပျော်ရွှင်ရပါတယ်” ဆိုပြီး အောက်တိုဘာ၂၉ ရက်နေ့မှာ ညက ဖေ့ဘွတ်ကနေတဆင့်ဝေမျှခဲ့တာဖြစ်ပါတယ်။ 

Photo-Htet Htet Moe Oo Fb

သရုပ်ဆောင် ထက်ထက်မိုးဦးကတော့ Covid ကာလအတွင်းမှာ ရတနာပစ္စည်းတွေကိုLive လွှင့်ရောင်းခဲ့ရာ ပရိသတ်တွေ ၊ အနုပညာရှင်တွေရဲ့ အားပေးမှုများကို တခဲနက် ရရှိခဲ့ပြီး အခုဆိုရင် ဇိမ်ခံပစ္စည်းတွေဖြစ်တဲ့ အိမ်တွေ ကားတွေကိုပါ ရောင်းချပေးနေတာတွေ့ရပါတယ်။သူမရဲ့ ရောင်းအားများက သူများတွေရဲ့ ရောင်းအားနဲ့ မတူဘဲ အရမ်းကို ရောင်းအားကောင်းနေတာကလည်း ပရိသတ်တွေအတွက် အံ့သြစရာနဲ့ ချီးကျူးစရာ တစ်ခု ဖြစ်လို့နေခဲ့ပါတယ်။



Photo-Htet Htet Moe Oo Fb

ထက်ထက်မိုးဦးဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ် နှစ်ခုကျော်က ကြော်ငြာလောကမှာ အအောင်မြင်ဆုံးသူဖြစ်ခဲ့ပြီး ကလေးရော၊ လူကြီးပါ မကျန် အား‌ေပေးမှုကို ရခဲ့သူဖြစ်ပါတယ်။ သူမ ရိုက်ကူးခဲ့တဲ့ ကြော်ငြာတွေက ထောင်ချီရှိနေခဲ့တယ်လို့သိရပြီး ရုပ်ရှင်လောကမှာလည်း သူမဟာ ပရိသတ်အားပေးမှုများစွာရရှိခဲ့တဲ့အပြင် အကယ်ဒမီဆုတွေ ဆွတ်ခူးရရှိခဲ့သူဖြစ်ပါတယ်။

အဲဒီနောက် ၁၉၉၁ ခုနှစ်က အနုပညာလောကထဲကို ပထမဆုံးအကြိမ် စတင်ဝင်ရောက်လာခဲ့ပြီး ၁၉၉၆ ခုနှစ်မှာတော့ ပန်းသခင် ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံးအမျိုးသမီး ဇာတ်ဆောင်ဆုကို ပထမဆုံးအကြိမ် ရရှိခဲ့ပါတယ်။ နောက်ထပ်လည်း ‘’ သမီးမိုက်’’ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ဒုတိယအကြိမ်မြောက် အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကိုရရှိခဲ့ သူ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က