လေလံစျေးက (၆)သိန်းအထိရှိနေပါပြီ။

ပြေတီဦးရဲ့ သမီးလေး ပြေသုဒြာ ဆွဲထားတဲ့ (Running Free) ပန်းချီကားလေးကို အဆိုတော် အားတီက (၆)သိန်းနဲ့ ကမ်းလှမ်းထားတယ်လို့ သိရပါတယ်။

Photo : 3color



ပြေတီဦးရဲ့ သမီးလေး ပြေသုဒြာက သူကိုယ်တိုင်ဆွဲထားတဲ့ ပန်းချီကားလေးကို ရောင်းပြီး ကိုဗစ်ကာလမှာ အလှူအတန်းတွေ ပြုလုပ်သွားမယ့် အစီအစဥ်မှာ ပါဝင်ခဲ့တာ ဖြစ်ပါတယ်။ သမီးလေးရဲ့ အလှူအတန်းတစ်ခုမှာ ပါဝင်ချင်တဲ့ စိတ်လေးကို ပြေတီဦးက ဂုဏ်ယူမဆုံး ဖြစ်လို့နေပါတယ်။


အလှူအတန်းတခုမှာ ပါဝင်ချင်တဲ့သမီးလေးရဲ့စိတ်ကို အဖေတယောက်အနေနဲ့ ဂုဏ်ယူမိပါတယ်..။လှူဒါန်းချင်တဲ့စိတ် သမီးလေးကိုချစ်တဲ့စိတ်နဲ့ ကလေးကိုစိတ်ဓါတ်ခွန်အားရအောင် ဝင်ရောက်လေလံဆွဲ ပေးနေကြသူများကို လည်းလေးစားစွာ ဦးညွှတ်ဂုဏ်ပြုအပ်ပါတယ်” ဆိုပြီး ပြေတီဦးရဲ့ လူမှုကွန်ယက် ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာ ရေးသားထားတာတွေ့ရပါတယ်။


Photo : 3color

3color ပန်းချီပြခန်းပေ့ချ်မှာ အနုပညာရှင် (၁၆) ဦး ကိုယ်တိုင်ရေးဆွဲထားတဲ့ ပန်းချီကားတွေကို ရောင်းချသွားပြီး အဲဒီကနေ ရလာတဲ့ပိုက်ဆံတွေကို ဆေးရုံတွေမှာ ကိုဗစ်ကုသရေးအတွက် အသုံးပြုဖို့ ပြန်လည်လှူဒါန်းသွားမှာပါ။ အဲဒီ အနုပညာရှင် (၁၆) ဦးထဲမှာ ပြေတီဦးရဲ့ သမီးလေး ပြေသုဒြာလေးလည်း ပါဝင်နေပြီး သူမဆွဲထားတဲ့ ပန်းချီကားလေး (Running Free) ကတော့ လက်ရှိအချိန်မှာ ‌ငွေကျပ် (၆) သိန်းနဲ့ အဆိုတော် အားတီက ကမ်းလှမ်းထားတယ်လို့သိရပါတယ်။



Photo : 3color

ကိုဗစ် အလှူအတွက် 3 Color ပန်းချီပြခန်းဆိုတဲ့ အစီအစဉ်လေးကိုတော့ အောက်တိုဘာလ (၂၀) ရက်နေ့ ကတည်းက ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ဒီ အလှူမှာ ပါဝင်ကြမယ့် အနုပညာရှင်တွေကလည်း ပရိသတ် အခိုင်အမာ ရရှိထားကြသူတွေ ဖြစ်ပြီး လက်ရှိမှာလည်း အောင်မြင်မှုတွေ အများကြီး ပိုင်ဆိုင်ထားကြသူတွေပါ။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က