သီတင်းကျွတ်လပြည့်နေ့ အလှူလေး ။

သရုပ်ဆောင် အေးမြတ်သူနဲ့ သူမရဲ့ ပရိသတ်တွေက ကိုဗစ်ကာလမှာ လိုအပ်တဲ့နေရာတွေကို စဥ်ဆက်မပြတ် လှူဒါန်းနေတာ တွေ့ရပါတယ်။

Photo ; ဧရာဝတီစင်တာ



ဒီနေ့ (သီတင်းကျွတ်လပြည့်နေ့)လေးမှာ သရုပ်ဆောင် အေးမြတ်သူနဲ့ ပရိသတ်များက ဧရာဝတီစင်တာအတွက် Oxygen Concentrator လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။ သူမတို့ရဲ့ လှူဒါန်းမှုနဲ့ ပတ်သက်ပြီး ဧရာဝတီဖောင်ဒေးရှင်းဘက်ကလည်း ကျေးဇူးတင်စကား ပြောထားတာတွေ့ရပါတယ်။

“ဧရာဝတီ ဖောင်ဒေးရှင်းက အဓိက ပံ့ပိုးကူညီ ဦးဆောင်မှုဖြင့် COVID -19 လူနာများကို လက်ခံကုသပေးလျက်ရှိနေသည့် ဧရာဝတီ စင်တာအတွက် အကယ်ဒမီ အေးမြတ်သူနှင့် ပရိသတ်များ ကောင်းမှုအဖြစ် Oxygen Concentrator ( ၂ )လုံး ကို စေတနာ ထက်သန်စွာဖြင့် ပံ့ပိုးကူညီ လှူဒါန်းပေးခဲ့ပါသည်။ ယခုကဲ့သို့ ပံ့ပိုးကူညီပေးခြင်းအတွက် ဧရာဝတီဖောင်ဒေးရှင်း အနေဖြင့် အထူးကျေးဇူးတင်ဝမ်းမြောက်မိပါကြောင်းနှင့် စီးပွားဥစ္စာများ ဒီရေအလား တိုးပွား၍ အများအကျိုးအတွက် ဆတက်ထမ်းပိုး ပံ့ပိုးကူညီနိုင်ပါစေကြောင်း ဆုမွန်ကောင်း တောင်းအပ်ပါသည်” ဆိုပြီး အောက်တိုဘာ (၃၁) ရက်နေ့ မနက်ပိုင်းက ပြောထားတာပါ။

Photo : အေးမြတ်သူ

အေးမြတ်သူဟာ ကိုဗစ်ကာလအတွင်းမှာ အနုပညာအလုပ်တွေ နားထားပေမယ့်လည်း ပရဟိတအလုပ်တွေကို အားရင် အားသလို လိုက်လံ ကူညီ ဆောင်ရွက်ပေးနေတာ တွေ့ရပါတယ်။ ပရဟိတအလုပ်တွေ လုပ်ရင်း သူမတတ်နိုင်တဲ့ဘက်ကလည်း အလှူဒါနလေးတွေ ပြုကာ ကုသိုလ်ယူတတ်တဲ့ အနုပညာရှင်တစ်ဦးပါ။ ဧရာဝတီ Quarantine Center ကတော့ ဘောလုံးအဖွဲ့ချုပ်ဥက္ကဌ ဦးဇော်ဇော် ဦးစီးပြီး တည်ဆောက်ထားတာ ဖြစ်ပါတယ်။ Covid-19 Positive တွေ့ရှိသူ များပြားလာတာနဲ့အမျှ လိုအပ်ချက်ကို ဖြည့်ဆည်းပေး နိုင်ရန် အတွက် ရည်ရွယ်ပြီး တည်ဆောက်ထားတာ ဖြစ်သလို ကုတင်(၄၀၀) ဆန့် Quarantine Center ကနေ လက်ရှိမှာ ကုတင်(၇၇၀)ဆန့် Quarantine Center ဖြစ်လာဖို့အတွက် ကြိုးစားတည်ဆောက်နေတယ်လို့ ဦးဇော်ဇော်ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားထားတာ တွေ့ရပါတယ်။

Photo : အေးမြတ်သူ


အေးမြတ်သူက အနုပညာအလုပ်ကို အသက် ၁၉ နှစ်အရွယ်ကတည်းက စတင်လုပ်ကိုင်ခဲ့တာပါ။ အခုချိန်မှာတော့ ရုပ်ရှင်ဇာတ်ကားတွေ၊ ဗီဒီယို ဇာတ်ကားတွေ၊ တီဗီကြော်ငြာပေါင်း များစွာတို့ကို ရိုက်ကူးခဲ့တဲ့ သရုပ်ဆောင်တစ်ယောက်ပါ။ လက်ရှိမှာလည်း ပရိသတ်အခိုင်အမာနဲ့ အောင်မြင်နေတဲ့ သရုပ်ဆောင်ဖြစ်ပြီး အနုပညာအလုပ်တွေကို တစိုက်မတ်မတ် ဆောင်ရွက်နေတာကိုလည်း တွေ့ရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က