"ဒီအချိန်လေးက ခဏလေးပါ၊မကြာခင်ကျန်းမာသွားမှာပါ"

“ညီအစ်ကို မောင်နှမတွေအကိုအမတွေ သားတွေသမီးတွေ အားလုံးမင်္ဂလာပါ ။ကျွန်တော်လည်း ဒီက လူတွေနဲ့ ဘဝအတူတူပါပဲ ကိုဗစ်-၁၉ ကိုလွန်ခဲ့တဲ့ (၆)လလောက်က ဖြတ်ကျော်ပြီးသွားပြီ။ ဒီအချိန်လေးက ခဏလေးပဲ ဒါလေးက ရက်(၂၀)လောက်ဆို ပြီးသွားပြီ ဒါလေးက ခဏလေးပါပဲ အားလုံးပဲ ကျန်းမာရေး ဂရုစိုက်ပြီး အားရှိတဲ့ အစာစားပါ ။အိပ်ရေးဝဝအိပ်ပါ။မကြာခင် ကျန်းမာသွားမှာပါ” လို့ မျိုးကြီးက အားပေးစကားပြောခဲ့ပါတယ်။

Photo : inya Centre



ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို ယနေ့ထက်တိုင် ရရှိထားတဲ့ IC အဖွဲ့သားများက အင်းလျားစင်တာသို့ သွားရောက်ကာ လူနာများအတွက် (၂)ရက်စာ အာဟာရအဖြစ် ငွေကျပ် သိန်း(၅၀)ကို သွားရောက်လှူဒါန်းခဲ့တယ်လို့ သိရပါတယ်၊။

“အင်းယားစင်တာမှာ တက်ရောက်ကုသမှုခံယူနေတဲ့ ကိုဗစ်-၁၉ အတည်ပြုလူနာများအတွက် ' နိုင်ငံကျော်ရော့ခ်အဆိုတော် လေးဖြူ၊ မျိုးကြီးတို့ ပါဝင်တဲ့ Iron Cross မိသားစုမှ (၂) ရက်စာ အဟာရဒါန ကျပ်သိန်း (၅၀)' ကို အင်းယားစင်တာ Management Committee သို့ လာရောက် လှူဒါန်းပြီး၊ အမှတ်တရ လက်မှတ်ရေးထိုးခဲ့ပါတယ်” ဆိုပြီး အောက်တိုဘာ(၃၀) ရက်နေ့က အင်းလျာစင်တာဖေ့စ်ဘွတ်ပေ့ချ်မှာ ရေးသားထားတာတွေ့ရပါတယ်။

Photo : inya Centre

IC အဖွဲ့သားများဟာ အလှူငွေများ လှူဒါန်းပြီးတဲ့အပြင် ကိုဗစ် -၁၉ ရောဂါကို တွန်းလှန်နိုင်ခဲ့တဲ့ အဆိုတော် မျိုးကြီးက ကိုဗစ် ရောဂါကို ခံစားနေရတဲ့ လူနာများအတွက် Control Room ကနေ အားပေးစကားပြောခဲ့ပါသေးတယ်။

“ညီအစ်ကို မောင်နှမတွေအကိုအမတွေ သားတွေသမီးတွေ အားလုံးမင်္ဂလာပါ ။ကျွန်တော်လည်း ဒီက လူတွေနဲ့ ဘဝအတူတူပါပဲ ကိုဗစ်-၁၉ ကိုလွန်ခဲ့တဲ့ (၆)လလောက်က ဖြတ်ကျော်ပြီးသွားပြီ။ ဒီအချိန်လေးက ခဏလေးပဲ ဒါလေးက ရက်(၂၀)လောက်ဆို ပြီးသွားပြီ ဒါလေးက ခဏလေးပါပဲ အားလုံးပဲ ကျန်းမာရေး ဂရုစိုက်ပြီး အားရှိတဲ့ အစာစားပါ ။အိပ်ရေးဝဝအိပ်ပါ။မကြာခင် ကျန်းမာသွားမှာပါ” ဆိုပြီး ပြောခဲ့ပါတယ်။


အဆိုတော် မျိုးကြီးဟာ ကိုဗစ်ပထမလှိုင်းမှာCovid -19 Positive ကနေ Negative နှစ်ကြိမ်ပြကာ ဆေးရုံက ဆင်းခွင့်ရခဲ့သူ တစ်ဦးဖြစ်ပါတယ်။ ဆင်းရုံက ဆင်းခွင့်ရပြီးနောက်ပိုင်းမှာလည်း သူ့ရဲ့ သွေးရည်ကြည်များနဲ့ ကိုဗစ်လူနာများကိုပြန်လည် ကုသနိုင်အောင် သွေးရည်ကြည်လှူဒါန်းမှုတွေ လည်း လုပ်ခဲ့ပါသေးတယ်။Iron Cross အဖွဲ့ရဲ့ လှူဒါန်းမှုကို ကြည့်ပြီး ပရိသတ်တွေလည်း ဝမ်းသာကြည်နူးလို့ နေကြပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က