အရမ်းကို သိတတ်သူလေးပါ။
Ei Ei Myat

သူမရတဲ့ အနုပညာကြေး စစ်စစ်တွေနဲ့ ဒီနှစ်သီတင်းကျွတ်မှာ မိသားစုကို ကန်တော့ခွင့်ရလို့ အရမ်းကို ‌ပျော်နေတာပါ။

Photo : ဝေလာရီ

သရုပ်ဆောင် ဝေလာရီက ဒီနှစ် သီတင်းကျွတ်လေးက သူမအတွက် အရမ်းကို အဓိပ္ပါယ် ရှိလှတဲ့ သီတင်းကျွတ်လေးဖြစ်တယ်လို့ ဆိုပါတယ်။ သူမရတဲ့ အနုပညာကြေးတွေနဲ့ မိသားစုကို Surprise လုပ်ခွင့်၊ ကန်တော့ခွင့်ရလို့ အရမ်းကို ဝမ်းသာပိတိဖြစ်နေတာပါ။

“ဒီနှစ် သီတင်းကျွတ်ကတော့ အရမ်းကို အဓိပ္ပါယ် ရှိခဲ့ပါတယ် ။ဝေလာ့ရဲ့ အနုပညာကြေး စစ်စစ် နဲ့ ဖေကြီး မေကြီး မမ ကိုကြီး နဲ့ ကိုလတ် ကို Surprise လေး လုပ်ပြီး ကန်တော့ခဲ့ပါတယ် ။ပျော်ပျော်ရွှင်ရွှင်နဲ့ တစ်မိသားစုလုံး ပျော်သွားတာမို့ ထပ်တူ ဝမ်းသာမိပါတယ်” ဆိုပြီး နိုဝင်ဘာ(၁) ရက်နေ့ နေ့လည်က သူမရဲ့ လူမှုကွန်ယက် ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာ ပြောခဲ့တာပါ။

Photo : ဝေလာရီ

သူမအခုလိုမျိုး မိဘတွေကို ကန်တော့ခွင့်ရအောင် သူမကို အလုပ်တွေ အပ်နှံပေးခဲ့တဲ့ အလုပ်ရှင်တွေနဲ့ သူမကို အားပေးခဲ့တဲ့ ပရိတ်တွေအားလုံးကိုလည်း ကျေးဇူးတင်ကြောင်း ဆက်လက်ပြောထားတာတွေ့ရပါတယ်။

ဝေလာရီဟာ ကိုဗစ်ကာလမှာ အွန်လိုင်းကနေ စျေးရောင်းပြီး မိသားစုကို ပံ့ပိုးနေတာတွေ့ရပါတယ်။ သူမရတဲ့ အနုပညာကြေးတွေကနေ အမဖြစ်သူ အဆိုတော် လိမ္မော်သီးရဲ့ မွေးနေ့မှာလည်း ပိုက်ဆံတွေနဲ့ Surprise လုပ်ပေးနိုင်ခဲ့သလို အခုလည်း မိခင်ကြီးအတွက် ငွေသားကိတ်နဲ့ Surprise လုပ်ပေးနိုင်ခဲ့ပါသေးတယ်။

ဝေလာရီတို့ မောင်နှမ (၄)ယောက် - Photo : ဝေလာရီ

သူမရဲ့ သိတတ်လိမ္မာမှုလေးတွေကို ကြည့်ပြီး ပရိသတ်တွေလည်း ဝမ်းသာကြည်နူးဖြစ်လို့နေကြပါတယ်။ ဝေလာရီဟာ ပရိသတ်တွေကြားမှာ ရေပန်းအစားဆုံးရုပ်သံဇာတ်လမ်းတွဲတစ်ခုဖြစ်ခဲ့တဲ့ “နှင်းဆီ”ရုပ်သံဇာတ်လမ်းတွဲထဲက မော် ဆိုတဲ့ ကောင်မလေး တစ်ယောက်ကာရိုက်တာနဲ့လည်း ပရိသတ်အားပေးမှု အများကြီးရရှိခဲ့သူပါ။ အခုလက်ရှိမှာလည်း သူမဟာ တီဗီကြော်ငြာတွေ၊ ရုပ်သံဇာတ်လမ်းတွဲတွေ ရိုက်ကူးလာရသူတစ်ယောက်ဖြစ်ပါတယ်။ သူမကတော့ မွန်တိုင်းရင်းသူလေး တစ်ယောက်ဖြစ်ပါတယ်။ အစ်မဖြစ်သူ လိမ္မောသီးနဲ့ တွဲပြီး J & W Clothing ဆိုပြီးတော့ မွန်ဖက်ရှင်ဆိုင်လေးလည်း ဖွင့်လှစ်ထားပါတယ်။ 


Author


က္က