ဝေဘာဂီဆေးရုံမှာ ကြိုတင်ဆန္ဒမဲ ပေးခဲ့တယ်လို့သိရပါတယ်။

ဦးကျော်သူကတော့ ဝေဘာဂီဆေးရုံမှာ ဆေးရုံအုပ်ကြီးရဲ့ အကူအညီနဲ့ ကိုဗစ်လူနာတွေ ကြိုတင်ဆန္ဒမဲပေးခွင့်ရခဲ့တဲ့ အပေါ် သူ့ရဲ့ သဘောထားကို ပြောပြလာပါတယ်။ 

Photo: Kyaw Thu



ဦးကျော်သူကတော့ ကိုဗစ်ရောဂါ ကူးစက်ခံရလို့ ဝေဘာဂီဆေးရုံမှာ ဆေးကုသမှုခံယူနေရင်း ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲအတွက် ဒီနေ့ ( နိုဝင်ဘာလ ၄ ရက်) မှာ ကြိုတင်ဆန္ဒမဲပေးခဲ့ပြီလို့ သိရပါတယ်။ 

" ကိုဗစ်သမားတွေလည်းတိုင်းပြည် အတွက် တာဝန်ကျေခဲ့ပါပြီ။ ယနေ့ နိုဝင်ဘာလ(၄)ရက်နေ့၊ညနေ(၃:၄၅)နာရီခန့်က ဝေဘာဂီဆေးရုံအုပ်ကြီး ဒေါ်အေးအေးအောင်၏စေတနာဖြင့် ကျွန်တော်တို့ ကိုဗစ်ဝေဒနာရှင်များ ကြိုတင်ဆန္ဒမဲပေးခွင့်ရရှိခဲ့ပါပြီ။ ကိုဗစ်ရောဂါပိုးကာကွယ်မှုဖြစ်ရန်အတွက် လည်းကောင်း၊လိမ်လည်မှု၊မသမာမှုမရှိရန်အတွက်လည်းကောင်း cctv ကင်မရာများရှိသော ပိုးသတ်ဆေးဖြန်းထားသည့် မှန်လုံခန်းအတွင်းမှ ဆောင်ရွက်ပေးခဲ့ပါသည်။သို့သော် မိမိတစ်ဦးတည်းသာသိရှိသည့် ရင်တွင်းဖြစ်လျှို့ဝှက်မဲတော့ မဖြစ်ခဲ့ပါ။" ဆိုပြီးတော့ နိုဝင်ဘာလ(၄) ရက်နေ့ ညနေ (၄) နာရီခွဲက သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့တာပါ။ 

Photo: Kyaw Thu

အဲဒီနောက် ဦးကျော်သူက ဆေးရုံကနေတဆင့် ဆန္ဒမဲ ပေးရတဲ့ အတွေ့အကြုံတွေကိုလည်း ပြောပြခဲ့ပါသေးတယ်။ 

" မိမိထည့်လိုသည့် ပါတီအဖွဲ့အစည်းကို မှန်ခန်းထဲမှလက်ညှိုးထိုးပြ၊တစ်ဖက်မှလည်းမှန်ကန်မှုရှိရန် ပြန်ပြ၊မိမိမှ လက်မထောင်ပြမှ ထို ပါတီအမှတ်တံဆိပ် ၏ဘေးကွက်လပ်တွင် အမှန်ခြစ်ပြီးစာအိတ်ပိတ်ခဲ့ခြင်းဖြစ်၍ ဘေးလူများပါ မိမိ၏ဆန္ဒကိုသိစေခဲ့မည်ဖြစ်သည်။ မည်သို့ဖြစ်စေ ဤအချိန်ကာလတွင် မိမိသည်မသမာမှုပြုခြင်းမဟုတ်၊လိမ်လယ်လှည့်ဖြားခြင်းမရှိ၍ မိမိပါစင်နယ်ကိစ္စအား လျှို့ ဝှက်ထားစရာမလိုပေ။ ထို့ကြောင့် လိပ်ပြာသန့်၍ သီလလုံခြုံစွာ သစ္စာရှိရှိ ရဲရဲတောက် မဲပေးခဲ့ပါပြီ။ ဆေးရုံရောက် ကိုဗစ်လူနာများလည်း တိုင်းပြည် နှင့်အနာဂတ်အတွက် တာဝန် ကျေခဲ့ပါပြီ"လို့လည်း ဆက်လက် ရေးသားခဲ့ပါတယ်။ 

Photo: Kyaw Thu

ဦးကျော်သူဦးဆောင်တဲ့ နာရေးကူညီမှုအသင်းဟာ COVID-19 ကာလမှာ ဈာပနပို့ဆောင်ခြင်း၊ ရောဂါပိုးကာကွယ်ရေးအတွက် ဆေးဖြန်းခြင်း၊ မီးဘေးအန္တရာယ် တားဆီးရေး အတွက် ရေသယ်ကားများနဲ့ ကူညီပေးခြင်း၊ ရေရှားပါးတဲ့ ကျေးရွာတွေမှာ ရေအလှူပြုခြင်း စတဲ့ ကုသိုလ်ရေးတွေ ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ ဦးကျော်သူ အနေနဲ့ နာရေးကူညီမှုအသင်း(ရန်ကုန်) ကို ၂၀၀၀ ခုနှစ်ကတည်းက တည်ထောင်ခဲ့တာပါ။ အခုဆိုရင်တော့ ဒီအသင်းကြီးဟာ နှစ်ပေါင်း(၂၀) ကျော်လာခဲ့ပါပြီ။ ဦးကျော်သူဟာ တစ်ချိန်က အကယ်ဒမီဆုတွေ ရရှိခဲ့ဖူးတဲ့ နိုင်ငံကျော် ရုပ်ရှင်သရုပ်ဆောင် တစ်ဦးဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က