ဒီနေ့မှာပဲ ပြည့်သွားတာပါ။

လူမင်းနဲ့ ခင်စံပယ်ဦးတို့ ဇနီးမောင်နှံကတော့ မင်္ဂလာသက်တမ်း (၁၆) နှစ်အတွင်းမှာ ကြုံတွေ့ခဲ့ရတဲ့ ဝမ်းသာမှု၊ ဝမ်းနည်းမှုတွေကို အခုလို မျှဝေခဲ့ပါတယ်။ 

Photo: Lu Min



သရုပ်ဆောင် လူမင်း တို့ဇနီးမောင်နှံကတော့ ၂၀၀၄ ခုနှစ်က ရွှေလက်တွဲခဲ့ကြတာဖြစ်ပြီး ၂၀၂၀ ခုနှစ် နိုဝင်ဘာလ (၇) ရက်နေ့မှာ မင်္ဂလာသက်တမ်း (၁၆) နှစ် တိတိပြည့်လာခဲ့ပါပြီ။ အိမ်ထောင်ရှင်ဘဝမှာ အေးအတူ ပူအမျှ ဖြတ်သန်းခဲ့တဲ့ အမှတ်တရတွေကို လူမင်းက အခုလို ပြောပြခဲ့ပါတယ်။ 

" 16th Anniversary 7.11.2004 to 7.11.2020 ဖြတ်သန်းခဲ့တဲ့ အချိန်တွေ ပြန်လှည့်ကြည့်တော့ အေးတာလည်းရှိ ၊ ပူတာလည်းရှိ လွယ်တာလည်းရှိ၊ ခက်တာလည်းရှိပျော်တာလည်းရှိ၊ ငိုတာလည်းရှိ၊ ဘာတွေဘဲ ရှိရှိ ၊ မရှိရှိ ရှေ့ဆက်ရမှာက အတူတူ" ဆိုပြီးတော့ နိုဝင်ဘာလ (၇) ရက်နေ့ မနက် (၈) နာရီကျော်က ဧရာဝတီလူမင်းရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့တာပါ။ 

Photo: Lu Min

 သူတို့ ဇနီးမောင်နှံမှာတော့ ဧရာဝတီလူမင်းနဲ့ ဧဝရတ်လူမင်း ဆိုတဲ့ ချစ်စရာကောင်းတဲ့ သားနဲ့ သမီးနှစ်ယောက်ရှိပါတယ်။ ပျော်ရွှင်စရာကောင်းတဲ့ သူတို့ရဲ့ မိသားစု ဘဝလေးကိုလည်း အားမကျတဲ့ ပရိသတ် မရှိသလောက်ပါပဲ။ လူမင်းဟာ၂၀၁၃ ဇွန်လက စတင်ကာ ၂၀၁၇ခုနှစ်အထိ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးရဲ့ ဥက္ကဌအဖြစ် လေးနှစ်ကျော် ထမ်းဆောင်ခဲ့ သူတစ်ဦးဖြစ်ပါတယ်။ ဥက္ကဌရာထူးကနေ နှုတ်ထွက်လိုက်ပေမယ့်လည်း အနုပညာလောကထဲမှာ ခေါင်းဆောင်မင်းသား၊ ဒါရိုက်တာ တစ်ယောက်အဖြစ် ရပ်တည်နေတာကိုလည်း တွေ့ရပါတယ်။ 

Photo: Amazing Grace

လူမင်းဟာ ၂၀၀၂ခုနှစ်မှာ ရွှေမှုံကြဲတဲ့မိုးကောင်ကင် ရုပ်ရှင်ဇာတ်ကားမှာ အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆု၊ ၂၀၀၅ခုနှစ်မှာတော့ ကျန်စစ်မင်းနဲ့ အကယ်ဒမီရရှိခဲ့ ပြီး၂၀၁၆ခုနှစ်မှာတော့ လူမင်းက ပရော်ဖက်ဆာဒေါက်တာဆိတ်ဖွားနှင့်မြိုင်ရာဇာတာတေ ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံး အမျိုးသား ဇာတ်ပို့ ဆုကို ရရှိခဲ့ပါသေးတယ်။ ၂၀၁၈ ခုနှစ်အတွက် Star Awards ဆုပေးပွဲမှာတော့ Actor In A Supporting Role Awardဆုကို ငယ်ကျွန် ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ရရှိခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် ဘူတန်နိုင်ငံက ကျင်းပပြုလုပ်တဲ့ Druk International film festival (DIFF) ရုပ်ရှင်ဆုပေးပွဲမှာလည်း အကောင်းဆုံး ဒါရိုက်တာဆုကို ရရှိထားတာကိုလည်း တွေ့ရပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က