ကင်ဆာရောဂါနဲ့ကွယ်လွန်သွားတာပါ။

ယမင်းကိုကို ဟာ ကွယ်လွန်သွားပြီဖြစ်တဲ့ ခင်ပွန်းဖြစ်သူ ကိုသက်ဆွေ နဲ့ အိမ်ထောင်သက်တမ်း (၂၄) နှစ်အကြာ အမှတ်တရတွေကို အခုလို ပြောပြခဲ့ပါတယ်။ 

သရုပ်ဆောင် ယမင်းကိုကိုဟာ ကင်ဆာဝေဒနာကြောင့် အသက်ကိုပါ ဆုံးရှုံးလိုက်ရတဲ့ ခင်ပွန်းဖြစ်သူအတွက် စိတ်မကောင်းဖြစ်လို့နေပါတယ်။ သူမရဲ့ ခင်ပွန်းဟာ နိုဝင်ဘာလ (၇) ရက်နေ့က ကင်ဆာရောဂါနဲ့ ကွယ်လွန်သွားခဲ့တာပါ။ ယမင်းကိုကိုကတော့ ခင်ပွန်းကောင်းတစ်ယောက်ဆုံးရှုံးခဲ့ရလို့ စိတ်မကောင်းဖြစ်နေသလို ခင်ပွန်းသည်ဟာ ကျန်းမာရေးမကောင်းတဲ့ကြားက သူမအတွက် အားပေးဖော်၊ ရင်ဖွင့်ဖော်ကောင်းတစ်ယောက်ဖြစ်ခဲ့သူပါလို့လည်း ဆိုပါတယ်။



" ဇာတိပိ ဒုကခွာ ,ဇရာပိဒုကခွာ ဗျာဓိပိ ဒုက္ခော , မရဏမ္ပိဒုက္ခံမြေသားဆန်လွန်းတဲ့ကိုသက်ဆွေ စိတ်ရင်းကောင်းလွန်းတဲ့ကိုသက်ဆွေ(၁၃) နှစ်တိုင် ရင်သားကင်ဆာရောဂါနဲ့ ကျောက်ကပ်ရောဂါခံ စားနေရပေမယ့် ရောဂါကိုကြံ့ကြံ့ခိုင် အန်တုရင်းနေပေးခဲ့တာ ကျေးဇူးတင်ပါတယ်။ ယမင်းစိတ်အားငယ်တဲ့အချိန်တိုင်း စိတ်ဓာတ်ကျတဲ့အချိန်တိုင်း အားပေးဖော်၊ ရင်ဖွင့်ဖော်အနေနဲ့ အနားနားမှာ ရှိနေပေးခဲ့တာ အတွက်ကျေးဇူးအထူးတင်ပါတယ်" ဆိုပြီးတော့ နိုဝင်ဘာလ (၈) ရက်နေ့ ညနေပိုင်းက သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။ 

ကွယ်လွန်သူ ယမင်းကိုကိုရဲ့ ခင်ပွန်း ကိုသက်ဆွေရဲ့ ရုပ်အလောင်းကိုတော့ နိုဝင်ဘာလ (၉) ရက်နေ့ နေ့လယ် (၁) နာရီက ရေဝေးသုဿာန်မှာ မီးသဂြိုဟ်ခဲ့ပါပြီ။ ကိုသက်ဆွေဟာ ကွယ်လွန်ချိန်မှာ အသက်(၆၁) နှစ်ရှိနေပြီဖြစ်ပြီး သားသမီး(၃) ယောက်နဲ့ မြေးတစ်ယောက်လည်း ရရှိနေပြီလို့ သိရပါတယ်။

 သရုပ်ဆောင် ယမင်းကိုကိုဟာ (၁၉၉၆) ခုနှစ်ကတည်းက ကိုသက်ဆွေနဲ့ အိမ်ထောင်ပြုခဲ့ပြီး အနုပညာအလုပ်တွေကို ရပ်နားလိုက်တာ ဖြစ်ပါတယ်။ ၂၀၂၀ ခုနှစ်အထိမှာတော့ သူတို့ရဲ့ အိမ်ထောင်သက်တမ်းဟာ (၂၄) နှစ်ကြာခဲ့ပါပြီ။ သူတို့နှစ်ဦးဟာ နှစ်ယောက်အတူ ဘဝတစ်ခုကို ထူထောင်ရင်း ကိုယ်ပိုင် စီးပွားရေးအလုပ်တွေ အပြင် ပရဟိတအလုပ်တွေကိုလည်း အားတက်သရော လုပ်ဆောင် နေတာကိုလည်း တွေ့ရပါတယ်။ 

ပရဟိတအလုပ်တွေနဲ့ ပတ်သက်ပြီး သူတို့ ဇနီးမောင်နှံဟာ ဘုရား၊ ရဟန်း၊ သိမ်၊ ကျောင်း၊ ဒါယကာကြီး သုဓမ္မမဏီဇေယတဓရ ဦးသက်ဆွေ ၊ သုဓမ္မသိင်္ဂီ၊ သီရိ သုဓမ္မသိင်္ဂီ ဒေါ်ယမင်းကိုကို စတဲ့ ပရဟိတ ဘွဲ့တွေကိုလည်း ရရှိထားတာဖြစ်ပါတယ်။ ယမင်းကိုကို ဟာ တစ်ခေတ်တစ်ခါက TV ကြော်ငြာတွေလည်း အများကြီး ရိုက်ကူးခဲ့ဖူးသလို ဗီဒီယိုဇာတ်ကား၊ ရုပ်ရှင်ဇာတ်ကားတွေမှာလည်း ပါဝင်သရုပ်ဆောင်ခဲ့သူဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က