ထောပတ်ထမင်းနဲ့ ကန်တော့ခဲ့တာပါ။

ညီနန္ဒကတော့ သူ့ကို အိမ်ပေါ်တင်ပြီး ကျွေးမွေးပြုစုပေးခဲ့တဲ့ သင်ဆရာဖြစ်သူ အဆိုတော် စိုးသူကို ရဲ့ ကျေးဇူးတွေကို ပြောပြခဲ့ပါတယ်။ 

Photo: Nyi Nanda



သရုပ်ဆောင် ညီနန္ဒ ကတော့ သူ့ဘဝမှာ ကျေးဇူးတင်သင်ဆရာတစ်ဦးဖြစ်တဲ့ စိုးသူကို သီတင်းကျွတ် ဂါရဝ ပြုခဲ့တာဖြစ်ပါတယ်။ စိုးသူဟာ သူ့ကို အိမ်မှာခေါ်ထားရင်း ကျွေးမွေးစောင့်ရှောက်ခဲ့ဖူးတဲ့ ကျေးဇူးရှိတယ်လို့ ဆိုပါတယ်။ 

"ကျွန်တော်တို့ညီအစ်ကိုနှစ်ယောက်ရဲ့ ခက်ခဲခဲ့တဲ့အနုပညာသက်တမ်းတချို့ကို အိမ်မှာခေါ်ထားပြီး ကျွေးမွေးပြုစုစောင့်ရှောက်ခဲ့တဲ့ ကျွန်တော့်ကျေးဇူးရှင်သင်ဆရာ အကယ်ဒမီကိုစိုးသူ "' SoeThu Lwin "' ကို ဒီနေ့ (၉.၁၁.၂၀၂၀) ရက်နေ့ မှာ "ကိုနန္ဒထောပတ်ထမင်း"နဲ့ သီတင်းကျွတ်ဂါရဝပြုခဲ့ပါတယ်" ဆိုပြီးတော့ နိုဝင်ဘာလ (၉) ရက်နေ့ နေ့လယ် (၁) နာရီခွဲကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာ မှာ ရေးသားခဲ့ပါတယ်။ 

Photo: Nyi Nanda

ညီနန္ဒကိုတော့ Music Video တွေ၊ ဗီဒီယို ဇာတ်ကားတွေ ကနေတဆင့် ပရိသတ်တွေ သိရှိလာခဲ့တာ ဖြစ်ပါတယ်။ သူ့ အနေနဲ့ စီးပွားရေးလုပ်ငန်းကို ဦးစားပေးခဲ့ချိန်မှာတော့ အနုပညာလောကနဲ့ ခဏတာ ဝေးကွာသွားခဲ့ပါတယ်။ အဲဒီနောက် ၂၀၁၇ ခုနှစ်ကစပြီး ဒုတိယအကြိမ် အနုပညာလောကထဲကို ဝင်ရောက်လာပြီး " နေရယ် လရယ် အမှန်တရားရယ်" ဇာတ်လမ်းတွဲနဲ့ ပရိသတ် အရှေ့ကို ပြန်လည် ရောက်ရှိလာခဲ့ပါတယ်။ အဲဒီနောက် ရုပ်ရှင်ဇာတ်ကားကြီးတွေလည်း ပြန်လည် ရိုက်ကူးနေရပြီဖြစ်ပါတယ်။  




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က