ပရိသတ်တွေကလည်း ပီတိဖြစ်လို့နေပါတယ်။

ဇွဲနိုင်ဝင်းကတော့ သူချစ်ရတဲ့ မိဘနှစ်ပါးကို သူ့ရဲ့ လုပ်အားနဲ့ ရရှိခဲ့တဲ့ ငွေကျပ်သိန်း(၂၀) နဲ့ ကန်တော့ခွင့်ရခဲ့တဲ့ ပီတိလေးကို ပြောပြလာပါတယ်။ 

Photo: Zwe Naing Win



ဇွဲနိုင်ဝင်းကတော့ အနုပညာလောကမှာ သရုပ်ဆောင် တစ်ယောက် အနေနဲ့ မဟုတ်ပဲ ဂီတလောကထဲမှာ သီချင်းတွေလုပ်ရင်း ရှင်သန်နေသူတစ်ယောက်ဖြစ်ပါတယ်။ အခုလည်း သူ့ရဲ့ ကြိုးစားအားထုတ်မှုတွေကနေ ရရှိလာတဲ့ ငွေကျပ် သိန်း(၂၀) နဲ့ မိဘနှစ်ပါးကို ကန်တော့ခဲ့တာ တွေ့ရပါတယ်။ 

" ဒီနှစ် သီတင်းကျွတ်အတွက် ကျွန်တော့် ဖေကြီးနဲ့မေကြီး ကို ကျွန်တော့် လုပ်အားနဲ့ ရတဲ့ထဲက ကျပ်သိန်း (၂၀) ကို ကန်တော့ပါတယ် ။ ဖေကြီးနဲ့မေကြီး ကျန်းမာပါစေ ချမ်းသာပါစေ ။ ယခုထက်မက သား ကန်တော့နိုင်ပြီး ကျေးဇူးဆပ်ခွင့် ရပါရစေ။ အခု လိုအချိန်ကာလမျိုးမှာ ကျွန်တော့်ကို ယုံကြည်ပေးတယ့် အလုပ်ရှင် ကျေးဇူးရှင် မိသားစု များလဲ ကျန်းမာ ချမ်းကြပါစေ။ ချစ်တဲ့ သားကြီး (၁၀.၁၁.၂၀၂၀)" ဆိုပြီးတော့ နိုဝင်ဘာလ (၂၀) ရက်နေ့ နေ့လယ် (၂) နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့တာပါ။ မိဘကို သိတတ်လိမ္မာတဲ့ သားဖြစ်တာကြောင့် ပရိသတ်တွေကလည်း သာဓု ခေါ်ဆိုခဲ့ကြပါတယ်။ 

Photo: Zwe Naing Win

ဇွဲနိုင်ဝင်းကတော့ သရုပ်ဆောင် ဒွေး ရဲ့ တပည့်ရင်းတစ်ယောက်ဖြစ်ပြီး ဒွေး၊ သားညီတို့နဲ့ အတူ ရုပ်ရှင်ဇာတ်ကား၊ ဗီဒီယို ဇာတ်ကားတွေမှာလည်း ပါဝင်သရုပ်ဆောင်ခဲ့ဖူးပါတယ်။ အခုချိန်ထိလည်း အနုပညာလောကထဲမှာ ရှင်သန်နေသူ တစ်ယောက်ပါ။ သူ့ရဲ့ အနုပညာသက်တမ်းက အခုဆိုရင် (၁၀) စုနှစ် တစ်ခုကို ကျော်လွန်လာခဲ့ပါပြီ။ ဒွေး ကွယ်လွန်ပြီးနောက်မှာတော့ သရုပ်ဆောင် တစ်ယောက်အနေနဲ့ ဇာတ်ကားတွေရိုက်တာ သိပ်မတွေ့ရတော့ပါဘူး။ 

Photo: Zwe Naing Win

အခုဆိုရင်တော့ ဇွဲနိုင်ဝင်းဟာ အရင်လို အနုပညာအလုပ်တွေ တစိုက်မတ်မတ် လုပ်ကိုင်နိုင်ဖို့အတွက် ကြိုးစားရုန်းကန်နေတယ်လို့လည်း Duwun ရဲ့ အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါတယ်။ သူဟာ အနုပညာအလုပ်တွေနဲ့လည်း ခဏတာ ဝေးကွာသွားခဲ့ပေမယ့် သူ့ကို ချစ်တဲ့ ပရိသတ်တွေကတော့ အခုထိတိုင် ရှိနေတုန်းပါပဲ။ ဇွဲနိုင်ဝင်းဟာ " မြေနဲ့မိုး" ၊ " ဘဝရဲ့ အိပ်မက်" စတဲ့ သီချင်းအသစ်လေးတွေ ထွက်ထားတာကို တွေ့ရပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က