အောင်မြင်မှုမှာ ဖြတ်လမ်း မလိုပါဘူး။

နိုင်းနိုင်းဟာ သရုပ်ဆောင် တစ်ယောက်အနေနဲ့ သူ့ရဲ့ ခံယူချက်တွေကို ပရိသတ်သိအောင် ဝေမျှ ပြောပြခဲ့ပါတယ်။  

Photo: Actor 99



နိုင်းနိုင်းကတော့ အနုပညာအလုပ်နဲ့ ပတ်သက်ပြီး စတင်ကြိုးစားခဲ့ချိန်က ပုံရိပ်တွေကို ပြောပြလာပါတယ်။ မော်ဒယ်လ် တစ်ယောက်အဖြစ်ကနေ သရုပ်ဆောင်ဘက်ကို ခြေလှမ်းခဲ့တဲ့ အချိန်ကနေစပြီး အခုချိန်ထိ မပြောင်းလဲတဲ့ ခံယူချက်လေးကို အခုလို ပြောပြခဲ့ပါတယ်။ 

“ ကျွန်တော့် အလုပ်ဟာ ကျွန်တော့် ဘဝရဲ့ အကောင်းဆုံး ပုံရိပ်ပါပဲ။ ကျွန်တော် အရွယ်ရောက်လာတဲ့ အချိန်မှာ အနုပညာအလုပ်တွေကို လုပ်ရတာကို စိတ်ဝင်စားခဲ့တယ်။ ကျွန်တော် မှတ်မိပါသေးတယ်။ ကျွန်တော်က မော်ဒယ် လုပ်ရင်း သရုပ်ဆောင်ဘဝကို စခဲ့ရတာပါ။ ကျွန်တော်က သရုပ်ဆောင်နေရတာကို ပျော်နေပြီး ကာရိုက်တာတွေ ပိုမို ပီပြင်ဖို့ အမြဲကြိုးစားဖြစ်တယ်။ ပထမဆုံး သရုပ်ဆောင် အနေနဲ့ ပါဝင်ခဲ့ရတဲ့ ဇာတ်ကားလေးကိုတော့ အခုထိ တွေးကြည့်ရင် ရင်ခုန်နေတုန်းပဲ။ ကျွန်တော် အမြဲယုံကြည်တာက အောင်မြင်မှုမှာ ဖြတ်လမ်း မရှိဘူး။ ကျရာဇာတ်ရုပ်ကို အပီပြင်ဆုံး သရုပ်ဆောင်နိုင်ဖို့ အကောင်းဆုံး ကြိုးစားမယ်ဆိုတာ ကျွန်တော့်ခံယူချက်ပါပဲ”ဆိုပြီးတော့ သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။ 

Photo: Actor 99

သူ့အနေနဲ့ အနုပညာသက်တမ်း (၂၀)အထိ ရပ်တည်လာပေမယ့်လည်း အမြဲတမ်း သင်ယူလေ့လာနေတုန်းပဲလို့ နိုင်းနိုင်းက ပြောပါတယ်။ နှစ် (၂၀) အကြာ အနုပညာလောကမှာ ဘဝမှတ်တိုင် တစ်ခုအနေနဲ့ ပြည်ပက ဆုချီးမြှင့်ခဲ့တဲ့ သရုပ်ဆောင်ဆုကိုလည်း ရရှိပိုင်ဆိုင်ထားသူပါ။  

“ မြန်မာ ပရိသတ်တွေကြိုက်တဲ့ အချစ်၊ ဘဝသရုပ်ဖော် စတဲ့ ဇာတ်ကားတွေကို အံဝင်ခွင်ကျ သရုပ်ဆောင်နိုင်အောင် ဇာတ်ကောင် တစ်ခုချင်းဆီရဲ့ လူမှုဘဝတွေကို အကောင်းဆုံး နားလည်ဖို့ အမြဲ ကြိုးစားနေပါတယ်။ ပရိသတ်တွေ လက်ခံ အားပေးခဲ့တဲ့ လိပ်ပြာစံအိမ် ဇာတ်ကားကတော့ ကျွန်တော့်ရဲ့ ဘဝမှတ်တိုင်တစ်ခုပါပဲ။ Asian Academy Creative Award 2019 မှာ Best Featured Film ဆုကို ရရှိခဲ့လို့လည်း ပိုပြီးဂုဏ်ယူရပါတယ်။ ရုပ်ရှင်လောက မှာ ဆယ်စုနှစ် နှစ်ခုစာ ဖြတ်သန်းလာတဲ့ အထိ ပရိသတ်တွေ ယုံကြည်အားပေးခဲ့လို့ ကျွန်တော် အထူးပဲ ကျေးဇူးတင်ပါတယ်” လို့လည်း ဆက်လက် ရေးသားခဲ့ပါတယ်။ 

Photo: Actor 99

နိုင်းနိုင်းကိုတော့ Music Video တွေ၊ ဗီဒီယိုဇာတ်ကားတွေကနေတဆင့် ပရိသတ် စတင်သိရှိခဲ့တာပါ။ အနုပညာသက်တမ်းကြာလာတာနဲ့အမျှ ပရိသတ်များစွာတို့ရဲ့ အားပေးမှုကြောင့် အောင်မြင်မှုတစ်ခု ရရှိလာခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာတော့ သူဟာ ပရိသတ်အခိုင်အမာနဲ့ ရပ်တည်နေတဲ့ သရုပ်ဆောင်တစ်ဦးဖြစ်ပါတယ်။ နိုင်းနိုင်းနဲ့ စန္ဒီချိုတို့ ဇနီးမောင်နှံဟာ ၂၀၂၀ ခုနှစ် ဇန်နဝါရီလ ၉ ရက်နေ့က အိမ်ထောင်သက်တမ်း ၁၂ နှစ်ပြည့်ပြီးခဲ့ပြီဖြစ်ပါတယ်။ အခုဆိုရင်တော့ သမီး ၃ ယောက်၊ သားတစ်ယောက် တို့ရဲ့ ဖေဖေ ဖြစ်လို့နေပါပြီ။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က