ဒီနေ့က သူတို့နှစ်ယောက်ရဲ့ ပျော်ရွှင်စရာ နှစ်ပတ်လည်နေ့လေးပါ။
Ei Ei Myat

ဒီနေ့ကတော့ မော်ဒယ် ခင်ရူပတို့ ဇနီးမောင်နှံရဲ့ ပျော်ရွှင်စရာ နှစ်ပတ်လည်နေ့လေး ဖြစ်ပါတယ်။သူတို့နှစ်ယောက် စတွေ့ခဲ့တာ ဒီနေ့ဆိုရင် (၇)နှစ်တိတိပြည့်ခဲ့ပြီတဲ့။

ခင်ရူပကတော့ ချစ်သူဖြစ်ကတည်းက အိမ်ထောင်ကျပြီး အခုချိန်ထိ အနွံတာခံပြီး ချစ်ပေးခဲ့တဲ့ ခင်ပွန်းကို ကျေးဇူးတင်စကား ပြောခဲ့တာပါ။ အဖေလို၊အကိုလို၊ချစ်သူလို၊ခင်ပွန်းလို ချစ်ခင်ခဲ့ရတဲ့ ယောကျ်ားလေးက အခုဆိုရင် သူမနဲ့အတူတူ ရှိနေခဲ့တာ (၇)နှစ် တိတိပြည့်လိုနေခဲ့ပါပြီလို့ ဆိုပါတယ်။ အရမ်းဆိုးတဲ့ သူမကို သည်းခံပြီးချစ်ပေးလို့လည်း ကျေးဇူးပါတဲ့။

” သူနဲ့စတွေ့ထဲက ဘဝတစ်ခုလုံးပါပြောင်းလဲခဲ့တယ်.။စိတ်ရော လူရော အရာရာရောပေါ့ ။အဖေလို အကိုလို ချစ်သူလို အခုဆိုခင်ပွန်းလိုအထိပေါ့ ။မိန်းမချင်းပုတ်ခတ်မနာလိုခံရတဲ့ထိပါ ကျွန်မဘဝကို တန်ဖိုးထားတဲ့သူသူနဲ့တွေ့တာကျွန်မအတွက်တော့ ကောင်းကျိုးတွေများပါတယ်။ ဒါပေမယ့် ကျွန်မနဲ့တွေ့ရတာတော့ သူနဲနဲ ဝဋ်ကြီးပုံရပါတယ် အကုန်သိ အကုန်နားလည်ပြီး ဆိုးချင်လို့ကိုဆိုးနေတဲ့ ကဂျီကဂျောင်လေးကို အရမ်းသည်းခံလို့ကျေးဇူးပါ။ယူပေးတာလည်း ကျေးဇူးပါ (ပြောနေကြစကားလေး) အပြောင်းအလဲ အတိုက်အခိုက်တွေများလှတဲ့ ကျွန်မပတ်ဝန်းကျင်မှာလည်းနေတတ်အောင်အမြဲလမ်းပြသင်ပေးသူ.. ကျွန်မကို မုန်းကြမှာမလိုလားသူ.. ဒါတောင်ကျွန်မကပွင့်လင်းဟန်မဆောင်တတ်တော့ အမြဲမုန်းခံနေရတာပါဘဲသူနဲ့စတွေ့တာဒီနေ့ထိဆို ၇ နှစ်တိတိပြည့်တဲ့နေ့ လေးပေါ့။Happy 7th years anniversary ပါ ယောကျာ်းရေ အတိတ်မှာတော့ အရမ်းကြီး စိတ်မချမ်းသာခဲ့ရပေမယ့်...မမြင်ရတဲ့ အနာဂတ်ဆိုတာလည်းတစ်ချိန်ဘာဖြစ်လာမလဲဆိုတာမသိပေမယ့်..အခုလက်ရှိအချိန်မှာသစ္စာရှိပေးနေလို့ကျေးဇူးပါ” ဆိုပြီး နိုဝင်ဘာ(၁၈) ရက်နေ့က သူမရဲ့ ပေ့ချ်မှာ ရေးသားထားခဲ့တာပါ။

ခင်ပွန်းနဲ့အတူ သူမ ဖြတ်သန်းလာခဲ့တဲ့ဘဝတစ်လျှောက်မှာ မင်းသမီးဆိုတာထက် ဘုရင်မ ဖြစ်ခွင့်ရလို့လည်း အရမ်းကို ကျေးဇူးတင်ပါတယ်ဆိုပြီး ဆက်လက်ပြောထားပါသေးတယ်။

Photo : ခင်ရူပ

ခင်ရူပတို့ ချစ်သူနှစ်ဦးဟာ ၂၀၁၈ ခုနှစ် နိုဝင်ဘာ၃၀ရက်နေ့က လက်ထပ်ခဲ့တာ ဖြစ်ပြီး အခုဆိုရင်သူတို့နှစ်ဦးရဲ့ မင်္ဂလာသက်တမ်းဟာ ၂နှစ်တိတိပြည့်လို့နေခဲ့ပါပြီ။ ဒါ့အပြင် သူတို့နှစ်ဦးရဲ့ မင်္ဂလာဦးဆွမ်းကျွေးအလှူကိုတော့ ၂၀၁၈ခုနှစ် ဒီဇင်ဘာ(၁၉) ရက်နေ့မှာ ဦးအရိယကျောင်းတိုက်မှာ ပြုလုပ်ခဲ့ပြီး ဇန်နဝါရီ(၁၉) ရက်နေ့မှာ မင်္ဂလာညစာစားပွဲကို သူငယ်ချင်းများနဲ့ပျော်ရွှင်စွာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။မော်ဒယ်ခင်ရူပဟာ အနုပညာလောကထဲမှာ အောင်မြင်အောင် ကြိုးစားနေတဲ့ အနုပညာရှင်တစ်ဦးဖြစ်ပါတယ်။ အနုပညာအလုပ်တွေကို ကြိုးစားရင်းနဲ့ Khin Collection နာမည်နဲ့ စီးပွားရေးလည်း လုပ်ကိုင်နေသူဖြစ်ပါတယ်။





ဆက်စပ်အကြောင်းအရာများ


Author


က္က