သူ့ရဲ့ ပီတိလေးတွေကိုလည်း ပြောခဲ့ပါသေးတယ်။

မျိုးစန္ဒီကျော်ကတော့ ငမိုးရိပ်ချောင်းနံဘေးမှာ နေထိုင်ကြတဲ့ အိမ်ထောင်စုလေးတွေအတွက် လှူခဲ့တဲ့ သူမရဲ့ အလှူလေးကို အခုလို မျှဝေခဲ့ပါတယ်။ 

Photo: Myo Sanadi Kyaw



မျိုးစန္ဒီကျော်ကတော့ ဒီနေ့ မနက်ပိုင်းက မြောက်ဒဂုံမြို့နယ် ငမိုးရိပ်ချောင်းဘေးမှာ နေထိုင်ကြတဲ့ ချို့တဲ့ အိမ်ထောင်စုတွေကို စားနပ်ရိက္ခာတွေ သွားရောက်လှူဒါန်းခဲ့တယ်လို့ ဆိုပါတယ်။ 

" ကိုဗစ်ကာလအတွင်း ဒုတိယအကြိမ်အဖြစ်မြောက်ဒဂုံမြို့နယ်ရဲ့ အဆုံးငမိုးရိပ်ချောင်းနံဘေးကချို့တဲ့ အိမ်ထောင်စု(၄၀)ကို ဂျိုးရဲ့ချစ်ရတဲ့ မိတ်ဆွေများရဲ့ ကူညီကြတဲ့အလှူငွေများနဲ့ အိမ်ထောင်တစ်စုလျှင်ဆန် (၅) ပြည် ၊ဆီ(၁)ပုလင်း ၊ ကြက်ဥ(၁၀)လုံး ၊ ကြက်သွန်နီ(၁)ပိဿာ ၊ mask (၁)ဘူး၊ Hand Gel ၊ ဆပ်ပြာရည် တို့ကိုအလှူရှင်များရဲ့ကိုယ်စား နိဗာန်ဆော်အနေနဲ့စီစဉ်ပြီး လှူဒါန်းပေးခဲ့ပါတယ်ရှင်။ လှူဒါန်းပေးကြတဲ့ အလှူရှင်များကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ရှင်” ဆိုပြီးတော့ နိုဝင်ဘာလ (၁၉)ရက်နေ့ မနက် (၈)နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

Photo: Myo Sanadi Kyaw

သူမ တစ်ယောက်တည်းအားနဲ့ မတတ်နိုင်တဲ့ အလှူဒါနလေးအတွက် ဝိုင်းဝန်းလှူဒါန်းပေးခဲ့ကြတဲ့ အလှူရှင်တွေကိုလည်း ကျေးဇူးတင်စကားဆိုခဲ့ပါသေးတယ်။ အဲဒီနောက် Stay Home ကာလမှာ ကိုယ်တိုင် လှူဒါန်းခဲ့ရတဲ့ အတွေ့အကြုံလေးကိုလည်း မျိုးစန္ဒီကျော်က ပြောပြခဲ့ပါသေးတယ်။ 

" ဒီလိုကပ်ရောဂါဖြစ်နေတဲ့အချိန်မှာ Stay Home နေရပေမယ့် ဂျိုးကိုဆက်သွယ်လာပြီး အကူညီတောင်း အလှူခံလာတော့လည်း Facebookကကိုယ်ချစ်ခင်ရတဲ့ ရင်းနှီးတဲ့မိတ်ဆွေ သူငယ်ချင်းများကို အကူညီ တောင်းအလှူခံဖြစ်ပါတယ်။ ဒါလည်းတကယ့်အနည်းအကျဉ်းသာပါ။ ဂျိုးကိုယ်တိုင်တစ်ယောက်ထဲ လှူဖို့ အများကြီးမတတ်နိုင်သလို ဂျိုးမိတ်ဆွေတွေရဲ့ကုသိုလ်ဒါနလေးလည်းပါစေချင်လို့ လှမ်းပြောတာနဲ့ တတ်နိုင်သ မျှလှူပေးခဲ့တာတွေအတွက်ကျေးဇူးအထူးပါနော်။ဂျိုးကိုယ်တိုင်ကတော့ကိုယ်တတ်နိုင်တဲ့ ဆပ်ပြာနဲ့ Hand Gel ကိုကိုယ်တိုင်လုပ်ပြီး လှူဒါန်းခဲ့သလိုမိသားစုတွေရဲ့စားသောက်ရေးအတွက် အဓိကလိုအပ်တဲ့ ဆန်၊ ဆီ၊ ကြက်သွန်၊ ကြက်ဥ နဲ့ mask စတာတွေကိုလှူဒါန်းဖြစ်ခဲ့ပါတယ်ရှင်" လို့ ဆက်လက် ရေးသားခဲ့ပါတယ်။ 

Photo: Myo Sanadi Kyaw

မျိုးစန္ဒီကျော်ကိုတော့ ဗီဒီယို ဇာတ်ကားတွေကနေတဆင့် ပရိသတ်တွေ စတင်သိရှိခဲ့တာပါ။ အဲဒီနောက် ကြော်ငြာတွေ၊ ပြက္ခဒိန်တွေ အပြင် မြန်မာဝတ်စုံ ဖက်ရှင်လေးတွေလည်း ရိုက်ကူးခဲ့ရပါတယ်။ သူမဟာ အိမ်ထောင်ကျပြီးနောက်မှာတော့ အနုပညာအလုပ်တွေနဲ့ ၅ နှစ်နီးပါးဝေးကွာခဲ့ပါတယ်။ အခုချိန်မှာတော့ အကြောင်းမတိုက်ဆိုင်လို့ အိမ်ထောင်ရေးပြိုကွဲခဲ့ပေမယ့် ချစ်စရာကောင်းတဲ့ သမီးလေးနဲ့ အတူ ပျော်စရာကောင်းတဲ့ ဘဝလေးကို ပိုင်ဆိုင်ထားပါပြီ။ ဒါ့အပြင် အနုပညာအလုပ်တွေအနေနဲ့ ဇာတ်လမ်းတွဲတွေလည်း ရိုက်ကူးထားတာကို တွေ့ရပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က