သူတစ်ယောက်တည်းရေးနိုင်အောင်ကြိုးစားနေတယ်တဲ့။

မိစန္ဒီကတော့ ကိုဗစ်ကာလမှာ ကျန်းမာရေး အကျိုးပြု သီချင်းတွေသာမက သူ့ရဲ့ တစ်ကိုယ်တော် အခွေအသစ်လေး အတွက်လည်း ကြိုတင်ပြင်ဆင်နေမှုတွေကို ပြောပြလာပါတယ်။ 

Photo: Fantasy



မိစန္ဒီကတော့ ကိုဗစ်ကာကွယ်ရေး သီချင်းလေးတွေ သီဆိုရင်း အနုပညာလှုပ်ရှားမှုတွေ အဆက်မပြတ် လုပ်ဆောင်နေတာ တွေ့ရပါတယ်။ သူ့ရဲ့ တစ်ကိုယ်တော်အခွေ အသစ်အတွက် သီချင်းလေးတွေကိုလည်း ကြိုတင်ပြင်ဆင်နေပြီလို့ ဆိုပါတယ်။ 

" ရင်ခုန်ပြီး ပျော်နေပုံ မိစန္ဒီရဲ့ ၄ခွေမြောက် album “သတ္တိခဲ” တုန်းက သီချင်းတိုင်း စကားလုံးတိုင်းကို တစ်ခွေလုံး တစ်ယောက်တည်း ရေးခဲ့သလို..အခု လုပ်နေတဲ့ နောက် album အသစ်လေးကို လည်း တစ်ယောက်တည်း ရေးနိုင်အောင် ကြိုးစားနေပါတယ်။ အဲ့ဒီအကြောင်း စဉ်းစားရင်း ရင်ခုန်ရင်းပျော်၊ အခုလောလောဆယ်တော့ ပြည်သူ့ အကျိုးပြု သီချင်းလေးတွေ လုပ်ပေးဖြစ်နေပါတယ်.. ထပ်လာဦးမယ်။ နောက်မှ အသည်းကွဲမယ်.. အေးဆေးပေါ့နော်..အသည်းကွဲသီချင်းတွေ အတင်းထွက်ခိုင်းနေကြလို့ သမီးက အသည်းမကွဲချင်ပါဘူး ဆိုမှ.. ဇွတ် လူဇိုးတွေ" ဆိုပြီးတော့ နိုဝင်ဘာလ ၂၀ ရက်နေ့ ည (၁၀) နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့ပါတယ်။ 

Photo: Mi Sandi

၂၀၂၀ခုနှစ် မတ်လ အတွင်းတုန်းကလည်း အဆိုတော် မိစန္ဒီနဲ့ ဖြိုးပြည့်စုံတို့ သီဆိုထားတဲ့ " ကမ္ဘာ့အပြင်သွားပါ ကိုရိုနာ (Go A Way Corona)" ဆိုတဲ့ ကျန်းမာရေးနဲ့ပတ်သက်တဲ့ သီချင်းလေးကလည်း ပရိသတ်တွေကြားမှာ အရမ်းကို အောင်မြင်ခဲ့တဲ့ သီချင်းတစ်ပုဒ်ဖြစ်ခဲ့ပါတယ်။ နိုဝင်ဘာလ ၂၀ ရက်နေ့တုန်းကလည်း " ဆေးတွေနဲ့ ကမ္ဘာ" ဆိုတဲ့ ကျန်းမာရေး အကျိုးပြု သီချင်းလေးတစ်ပုဒ် ထပ်မံထွက်ရှိခဲ့ပါသေးတယ်။ ဒီသီချင်းကိုလည်း မိစန္ဒီက ဖြိုးပြည့်စုံနဲ့ အတူ သီဆိုထားတာဖြစ်ပါတယ်။ 

Photo: Fantasy

အဆိုတော် မိစန္ဒီဟာ ဂီတဘက်မှာလည်း ကြိုးစားနေသလို စီးပွားရေးဘက်မှာလည်း ကြိုးစားနေသူ ဖြစ်ပါတယ်။ MY Boo အမှတ်တံဆိပ်နဲ့ လူငယ်စတိုင် အဝတ်အထည်များကို အကန့်အသတ်များနဲ့ ရောင်းချလျက်ရှိပြီး စားသောက်ဆိုင်တစ်ခုကိုလည်း ကိုယ်တိုင်ဦးစီးပြီး လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ လူငယ်တွေကြားထဲမှာ ရေပန်းစားအောင်မြင်နေတဲ့ လူငယ်အဆိုတော်မလေး မိစန္ဒီဟာ မိုလိုပိုလီ၊ ပစ်တိုင်းထောင်၊ အသဲလေး၊ သတ္တိခဲ စတဲ့ တေးစီးရီးတွေ ထွက်ရှိထားသူတစ်ဦးလည်း ဖြစ်ပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က