ဒီဇင်ဘာလ (၄) ရက်နေ့မှာ ပြုလုပ်သွားမှာပါ။

ပရိသတ်အားပေးမှုအများကြီး ရရှိခဲ့ဖူးတဲ့ Examplez အဖွဲ့ကတော့ ဂီတသက်တမ်း နှစ်(၂၀) ပြည့်အမှတ်တရအနေနဲ့ ဖျော်ဖြေပွဲလုပ်တော့မယ်လို့ သိရပါတယ်။ 

Photo: Tun Tun



၂၀၀၀ ခုနှစ်ဝန်းကျင်က ယောက်ျားလေးဂီတအဖွဲ့တွေ စတင်ထွက်ပေါ်လာတဲ့ အချိန်မှာ Examplez အဖွဲ့ကတော့ လူငယ်ပရိသတ်တွေရဲ့ အချစ်ကို အများကြီးပိုင်ဆိုင်ခဲ့တဲ့ အဖွဲ့တစ်ခုဖြစ်ခဲ့ပါတယ်။ " ငါ့ရည်းစားက သူ့ရည်းစားဖြစ်နေတယ်" ဆိုတဲ့ သီချင်းစာသားလေးကလည်း ဒီနေ့အချိန်ထိ ကလေးငယ်တွေရဲ့ ပါးစပ်ဖျားမှာ ဆွဲထင်နေတဲ့ သီချင်းလေးဆိုရင်လည်း မမှားပါဘူး။

အခုဆိုရင်တော့ Examplez အဖွဲ့ဟာ နှစ်(၂၀) ပြည့်လို့နေခဲ့ပါပြီ။ သူတို့အဖွဲ့ရဲ့ နှစ်(၂၀) ပြည့်အမှတ်တရ အနေနဲ့ ဂီတဖျော်ဖြေပွဲကို ဒီဇင်ဘာလ (၄) ရက်နေ့မှာ ပြုလုပ်သွားမယ်လို့ Examplez အဖွဲ့ဝင်ဖြစ်သူ ထွန်းထွန်းက ပြောပါတယ်။ 

"၂၀၀၀ ပြည့်နှစ်ကစပြီး #EXAMPLEZ အဖွဲ့ကိုဖွဲ့ခဲ့တယ်. သီချင်းတွေဆိုတတ်သလိုဆို ရေးတတ်သလိုရေးခဲ့တယ်. ဝါသနာပါခဲ့ကြတယ်။ ခုဆို ပထမဆုံး #EXAMPLEZ အခွေထွက်ခဲ့တဲ့ December 4 ရက်နေ့မှာ #20YearsOfExamplez_Music_Live #အနှစ်၂၀ExampleZ ပွဲကို လုပ်ကြမယ်။ #EXAMPLEZ ပရိတ်သတ်တွေရဲ့ အားပေးထောက်ခံမှုကို ကျွန်တော်တို့ အထူးလိုအပ်ပါတယ်။ တကယ်ဆို ပရိသတ်တွေနဲ့ အတူတူ တသားတည်းဖျော်ဖြေချင်တာပါ။ May be နောက်တစ်ခါပေါ့။ အခုတော့ On Air - Mizzima TV ကနေ အားပေးကြပါအုံးဗျာ" ဆိုပြီးတော့ နိုဝင်ဘာလ ၂၁ ရက်နေ့ မနက် (၁၀) နာရီခွဲကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့ပါတယ်။

Photo: Tun Tun

Examplez အဖွဲ့အနေနဲ့ "တမ်းတမ်းတတ ချစ်ခဲ့မိလို့" ဆိုတဲ့ သီချင်းကို ၂၀၀၀ ခုနှစ်မှာ ထွက်ရှိခဲ့ပါတယ်။ အဲဒီနောက် " ဘဝ ဘဝ" ဆိုတဲ့ CD Album နဲ့ " တစ်ဘဝလုံး ချစ်မယ့်သူ" ဆိုတဲ့ CD Album ကိုလည်း ထွက်ရှိထားပါသေးတယ်။ အဲဒီနောက် ၂၀၀၈ ခုနှစ်တုန်းကတော့ Examplez Live Show ကို ပထမဆုံးအကြိမ် ကျင်းပပြုလုပ်ခဲ့တာတွေ့ရပါတယ်။ Examplez အဖွဲ့ အနေနဲ့ ပရိသတ်တွေရဲ့ အချစ်ကို ခိုင်ခိုင်မာမာရရှိထားချိန်မှာတော့ Group Song တွေ၊ ဖျော်ဖြေရေးပွဲတွေမှာ မဖြစ်မနေ ပါဝင်ရတဲ့ ဂီတအဖွဲ့ တစ်ဖွဲ့ ဆိုလည်း မမှားပါဘူး။ 

Photo: Tun Tun

Examplez အဖွဲ့ကိုတော့ ထွန်းထွန်း၊ ဖြိုးမောင်မောင်၊ ထူးအောင် နဲ့ သက်အောင် တို့နဲ့ ဖွဲ့စည်းထားတာပါ။ ထွန်းထွန်းကတော့ လက်ရှိမှာ သရုပ်ဆောင် လောကထဲကို ဝင်ရောက်လာပြီးတဲ့နောက် ရုပ်ရှင်ကားကြီးတွေ အဆက်မပြတ်ရိုက်ကူးနေရုံသာမက အကယ်မီဆုပါ ရရှိပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။ ဖြိုးမောင်မောင် နဲ့ ထူးအောင်တို့ကတော့ ကိုယ်ပိုင်စီးပွားရေး အလုပ်တွေအပြင် ကိုယ်ပိုင် မိသားစုဘဝလေးတွေကို ပိုင်ဆိုင်ထားကြတာ တွေ့ရပါတယ်။ သက်အောင် ကလည်း အခုဆိုရင် ချစ်ရတဲ့ ဇနီးလေးနဲ့အတူ အိမ်ထောင်ရှင်ဘဝကို ပိုင်ဆိုင်ထားတာ တွေ့ရပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က