သူ့ရဲ့ စိတ်ကို တော်တော်လေးရှော့ဖြစ်သွားတယ်။

ထွန်းအိန္ဒြာဗိုလ်ကတော့ ဂီတလမ်းကြောင်းပေါ်မှာ သူ့ရဲ့ အကူအညီမယူပဲ ခြေလှမ်းစတင်နေပြီဖြစ်တဲ့ တူမလေး G ရဲ့ အကြောင်းတွေ ပြောပြလာပါတယ်။ 

Photo; Htun Eaindra Bo



ထွန်းအိန္ဒြာဗိုလ်ကတော့ တူမဖြစ်သူ G (ခ) သက်ရတနာကျော်ဝင်းဟာ ဂီတ နဲ့ ပတ်သက်ပြီး ရူးသွပ်တာကို တကယ်မြင်တွေ့ခဲ့ရပြီလို့ဆိုပါတယ်။ G ဟာ ငယ်စဉ်ကတည်းက သူ့ရဲ့ ဝါသနာကို ဖွင့်ပြောပြခဲ့ဖူးတယ်လို့ သိရပါတယ်။ ကလေးတစ်ယောက်ဖြစ်တဲ့အတွက် ဒီဝါသနာကို ခဏတာပဲလို့ ထင်ခဲ့မိပေယ့် အခုလို အကောင်အထည်ဖော်လာတာကို မြင်ရတဲ့အတွက် အံ့သြမိခဲ့တယ်လို့ ထွန်းအိန္ဒြာဗိုလ်က ဆိုပါတယ်။ 

“ G ကတော့ သူ့ရဲ့ စိတ်ကို ကျွန်မ တော်တော်လေး shock ဖြစ်တယ်။ သူ အနုပညာအလုပ်လုပ်ချင်တယ်လို့ တော့ ကျွန်မကို ပြောဖူးတယ်။ စိတ်ထဲမှာတော့ ကလေးက ပေါ်ပင်လုပ်ချင်တာလားပေါ့နော်။ အဲဒါနဲ့ စိတ်ထဲမှာ သိပ် မှတ်မှတ်ထင်ထင် မထားဘူး။ သူ့ ရူးသွပ်မှုကို ကိုယ်က သိချင်တော့ ပစ်ထားလိုက်တယ်ဆိုတဲ့ သဘောပါ။ တော်တော် အံ့သြစရာကောင်းတာက သူ့ကိုယ်သူ သူမှန်းမသိအောင်၊ ကျွန်မရဲ့ တူမ မှန်းလည်း မသိအောင်၊ ရွှေနန်းတော်ရဲ့သမီး မှန်းလည်း မသိအောင် သူ့ဘာသာသူ ရုပ်တွေဖျက်၊ ပုံတွေ ဖျက်ပြီးတော့ The Voice မှာ ပြိုင်ပွဲဝင်တယ်။ အဲဒါကိုတော့ ကြိုက်တယ်။ G ကိုယ်တိုင်ကလည်း သူ့ အနေအထား ဘယ်လိုရှိတယ်ဆိုတာကို သိချင်လို့ သွားပြိုင်တာ၊ သူနိုင်ချင်း မနိုင်ချင်းထက် ဒီပြိုင်ပွဲမှာ သူ့ အရည်အချင်း ဘယ်လောက်အထိ ရှိမလဲဆိုတာ သိချင်လို့ သူလည်း သွားပြိုင်တာ။ ကျွန်မ အထင်တော့ သူ အများကြီး လိုသေးတယ်လို့ ထင်တယ်။ သူ လုပ်ချင်တယ်ဆိုရင် ဒီ့ထက်အများကြီး လေ့လာဖို့ လိုသေးတယ်၊ ကျွန်မ ကိုယ်တိုင်ကလည်း သူ ဒါကို တကယ်လုပ်မယ်ဆိုရင် လက်တွေ့ကျကျဖြစ်မယ့် သင်တန်းတွေ၊ လေ့လာမှုတွေ အများကြီး လုပ်ဖို့လိုတယ်လို့ ပြောထားပါတယ်။ သူကလည်း လက်ခံတယ်” လို့ သူက ဆိုပါတယ်။ 

Photo; Htun Eaindra Bo

လက်ရှိ ကိုဗစ်ကာလမှာလည်း G ဟာ ပရဟိတအလုပ်ကို တစိုက်မတ်မတ် လုပ်ဆောင်နေသူဖြစ်ပါတယ်။ ကိုဗစ်ကာလဖြစ်တာကြောင့် ထွန်းအိန္ဒြာဗိုလ် ကိုယ်တိုင်ကလည်း တူမလေး G ကို စိတ်ပူမိတယ်လို့ ဖွင့်ပြောလာပါတယ်။ 

“ သူ့ကို ကျွန်မ ချီးကျူးမိတာကတော့ ပရဟိတ လုပ်ချင်တယ်လို့ ခဏခဏ သူပြောလေ့ရှိသေးတယ်။ ကျွန်မ စိတ်ထဲမှာဆိုတော့ ကလေးလည်း ကလေးဆိုတော့ တခြားအချိန်မှာ လုပ်တဲ့ ပရဟိတထက် ကိုဗစ်ကာလမှာ လုပ်တဲ့ ပရဟိတအလုပ်ကို စိတ်လည်းပူတယ်၊ ကျွန်မတို့ကလည်း ခွင့်မပြုချင်ဘူးပေါ့နော်။ ကျွန်မ အစ်ကိုကလည်း ပရဟိတ လုပ်တာဆိုတော့ အစ်ကို့ကို ရအောင် Join ပြီးတော့ သူအခု ကားမောင်းပြီး လူနာပို့တာ သယ်တာတွေ လုပ်တာပေါ့နော်။ အခုဆိုရင် သူ အိမ်တောင် သိပ်မပြန်ဘူး။ ပရဟိတအသင်းသားတွေနဲ့ပဲ သူ ဟိုမှာ အိပ်တယ်။ ကျွန်မလည်း သူ့ကို လှမ်းမေးပါတယ် အဆင်ပြေရဲ့လား သမီး ဆိုတော့ သူက အေးဆေးပါပဲ။ စလုပ်တုန်းကတော့ တစ်ပတ် နှစ်ပတ်လောက်ပဲ သူလုပ်နိုင်မယ်လို့ ထင်ခဲ့တယ်။ ဒါပေမယ့် အခု သူ လုပ်တာ (၆) လကျော်သွားပြီ။ ဒါကိုတော့ တကယ်ချီးကျူးတယ်။ ကျွန်မ ဆိုရင်တော့ ဒီလောက်အထိ လုပ်နိုင်မယ်လို့ မထင်မိဘူး” လို့ ဆက်လက် ပြောပြခဲ့ပါတယ်။
 

Photo; Htun Eaindra Bo

ထွန်းအိန္ဒြာဗိုလ် ဟာ ဂီတပိုင်းမှာ သီချင်းခွေတွေ အများကြီး ထွက်ရှိထားသလို ရုပ်ရှင်ဘက်မှာလည်း ၁၉၉၉ခုနှစ်က "နှောင်းတမြေ့မြေ့" ၊ ၂၀၀၃ခုနှစ်မှာ "အမေ့နို့ဖိုး" ၊ ၂၀၀၅ ခုနှစ်မှာ "မိုးကုတ်စက်ဝိုင်းကို ကျော်လွန်၍" စတဲ့ ရုပ်ရှင်ဇာတ်ကားတွေနဲ့ အကယ်ဒမီဆုတွေ ကိုပိုင်ဆိုင် နိုင်ခဲ့သူ တစ်ဦးဖြစ်ပါတယ်။ လက်ရှိမှာတော့ ခင်ပွန်းဖြစ်သူ ကိုအောင်မင်းထွန်းရယ်၊ သားလေး အောင်ဗိုလ်ကောင်းသန့်ရယ် နဲ့ အတူ ပျော်စရာကောင်းတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။ တစ်ဦးတည်းသော သားလေးကလည်း ပညာရေးမှာရော၊ အားကစားမှာရော ထူးချွန်တဲ့သူ တစ်ယောက်လို့ သိရပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က