ဒါဟာ သူ့အတွက် အကြီးမားဆုံး ဆုတောင်းလေးပါ။

နိုင်းဝမ်းကတော့ အသက်အရွယ်တစ်ခု ရလာရင် အနုပညာအလုပ်တွေ ရပ်ပြီး ကိုယ်ပိုင်စီးပွားရေးလုပ်ဖို့ စိတ်ကူးလေးထားတဲ့အကြောင်းပြောလာပါတယ်။ 

Photo: Nine One



နိုင်းဝမ်းကတော့ မိသားစု၊ အချစ်ရေးနဲ့ ပတ်သက်လာရင် ပရိသတ်တွေကို ပွင့်ပွင့်လင်းလင်း ပြောပြလေ့ရှိသူ တစ်ယောက်ပါ။ အခုဆိုရင်လည်း သူဟာ မြိတ်မြို့လေးမှာ အခြေချဖို့ စိတ်ကူးထားတဲ့ အိပ်မက်လေးကို ပြောပြလာပါတယ်။ 

"လူတိုင်းမှာ အိပ်မက်ကိုယ်စီရှိကြပါတယ်။ ကျွန်တော့်ရဲ့အိပ်မက်ကတော့ ဒါအကြီးဆုံးပဲ။ ဘဝမှာအလိုချင်ဆုံးဆုတောင်းပါဆိုရင် ဒီဆုပဲကျွန်တော်တောင်းမယ်။ မြန်မာပြည်ကိုချစ်လို့ မြန်မာပြည်မှာပဲသေတဲ့အထိနေမယ်။ အဲ့ဒါထက် မိဘတွေကိုထားခဲ့ပြီး ဘယ်နိုင်ငံမှမသွားချင်ဘူးဗျာ။ဒါကြောင့် မြန်မာတစ်ပြည်လုံးနဲ့ အခြားနိုင်ငံတော်တော်များများရောက်ဖူးပြီး ဒေသတိုင်းရဲ့ အသက်မွေးဝမ်းကြောင်းနဲ့လူနေမှုဘဝတွေတွေ့မြင်ခဲ့ပေမယ့် အသက်အရွယ်တစ်ခုရလာရင် အနုပညာအလုပ်တွေရပ်ပြီး မိသားစုနဲ့အတူ မြိတ်မြို့လေးမှာအခြေသွားချဖို့စဉ်းစားထားတယ်"လို့ ဆိုပါတယ်။ 

Photo: Nine One

နိုင်းဝမ်းအနေနဲ့ သူ့ရဲ့ ရည်မှန်းချက်တွေ အကောင်အထည်ပေါ်လာဖို့ ပိုက်ဆံ စုနေတယ်လို့ ပြောပါတယ်။ စီးပွားရေး တစ်ခုအနေနဲ့ မြိတ်မြို့မှာ ကျွန်းဝယ်ပြီး ကိုယ်ပိုင် ကမ်းခြေလေးတစ်ခု တည်ထောင်ချင်တယ် ဆိုတာကို နိုဝင်ဘာလ ၂၂ ရက်နေ့ ည ၉ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့ပါတယ်။ 

"ပြီးပြည့်စုံတဲ့အရပ်ဒေသဆိုတာ လောကီဘုံမှာမရှိပေမဲ့ တောင်တန်းတွေအောက်က ပင်လယ်ကမ်းခြေဒေသလေးမှာနေရတာကိုကြိုက်တယ်၊ ဗုဒ္ဓဘာသာထွန်းကားတဲ့အရပ်လဲဖြစ်သလို ဘာသာခြားတွေနဲ့လဲသင့်မြတ်စည်းလုံးကြတာကိုမြင်ခဲ့တယ်၊ စီးပွားရေးလဲထွန်းကားကြတယ်၊ မြိတ်မှာ သူငယ်ချင်းမိတ်ဆွေတွေလဲရှိတယ်၊ သမာအာဇီဝကျတဲ့ခရီးသွားလုပ်ငန်းလေးတစ်ခုလုပ်ချင်တယ်၊ ကိုယ့်စိတ်ကူးထဲရှိသမျှအတိုင်း စီမံခန့်ခွဲမယ်။ မြိတ်ဒေသကိုသဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှုတွေလုပ်ပြီး ဖူးခက်ထက်သာအောင်လုပ်ကြည့်ချင်တယ်၊ စိတ်တူကိုယ်တူဝါသနာတူတဲ့ဝန်ထမ်းတွေခန့်ပြီး သူတို့နဲ့ပတ်သက်တဲ့မိသားစုဝင်တွေကိုပါစောင့်ရှောက်ထားချင်တယ်၊သူငယ်ချင်းအပေါင်းအသင်းတွေကိုလွမ်းတဲ့အခါ ကိုယ့်ဒေသကိုအလည်ခေါ်ရင်းပြန်ဆုံချင်တယ်။ ပိုက်ဆံအဆင်ပြေလာရင် ကျွန်းလေးတစ်ကျွန်းဝယ်ပြီး resort လေးတစ်ခုဆောက်ချင်တယ်၊ မိဘတွေအတွက်လဲစိတ်ချရတဲ့အခြေအနေဖြစ်ပြီဆိုရင်၊ စားဝတ်နေရေးပြေလည်ပြီး ကိုယ့်ဆန္ဒဖြစ်တဲ့ဒီအရာလေးတွေလုပ်ရင်း မိန်းမနဲ့အတူအိုမင်းသွားချင်တယ်" လို့လည်း သူက ဆိုပါတယ်။  

Photo: Nine One

နိုင်းဝမ်း(Nine One)ဟာ ဂီတလောကထဲသို့ ၂၀၀၂ ခုနှစ်လောက်က စတင်ဝင်ရောက်လာပြီး ပရိသတ်အားပေးမှု ရရှိထားတဲ့ အဆိုတော် တစ်ဦးပါ။ ယခုလက်ရှိမှာ သာယာတဲ့ အချစ်ရေးကို ပိုင်ဆိုင်ထားတဲ့ နိုင်းဝမ်းဟာ ချစ်သူနဲ့လည်း ခရီးတွေ ဆက်တိုက်ထွက်ဖြစ်သလို ပရဟိတအလုပ်တွေ ကုသိုလ်ရေးတွေကိုလည်း အရင်ကထက် ပိုပြီး လုပ်ကိုင် လာသူလည်း ဖြစ်ပါတယ်။ နိုင်းဝမ်းဟာ နင်သာရှိရင် သီချင်းနဲ့လည်း ရွှေ FM ရဲ့ အကောင်းဆုံး ကိုယ်ပိုင် သံစဉ်တေးပြု စာဆိုဆုကိုလည်း ရရှိထားသူ တစ်ဦး ဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က