ကျန်းမာရေးနဲ့ပတ်သက်တဲ့ အတွေ့အကြုံလေးကို မျှဝေလာပါတယ်။

အမရာငြိမ်းကတော့ Over weight အနေအထားဖြစ်ခဲ့တဲ့ သူမရဲ့ ခန္ဓာကိုယ်အတွက် Water Fasting နည်း နဲ့ ဝိတ်ပြန်ချနေတာ (၈) ရက်ရှိပြီလို့ဆိုပါတယ်။ 

Photo: Dior



အမရာငြိမ်းကတော့ ပရိသတ်တွေက Miss Myanmar International 2015 (Winner) ဆုရှင်အဖြစ် ပရိသတ်တွေ စတင်သိရှိခဲ့တာပါ။ ခန္ဓာကိုယ်အချိုးအစား လှပသူ လို့ ပရိသတ် သိထားတဲ့ သူမဟာ ခန္ဓာကိုယ် ဝတဲ့မျိုးရိုးက ဆင်းသက်လာသူဖြစ်တာကြောင့် ဒီကာလမှာ ရှိသင့်တဲ့ ခန္ဓာကိုယ်ထက် အနည်းငယ်ဝခဲ့တယ်လို့ သိရပါတယ်။ ဒါကြောင့် အခုချိန်မှာ ဝိတ်ပြန်ချနေတဲ့ အတွေ့အကြုံတွေကို အခုလို မျှဝေခဲ့ပါတယ်။ 

"ပိန်တာ ဝတာဟာ အလှတရားကိုဆုံးဖြတ်ပေးနိုင်တယ်လို့ ဘယ်တုန်းကမှ ကျွန်မ မယုံကြည်ခဲ့ပါဘူး။ ဒါပေမယ့် ကျန်းမာရေးအတွက်တော့ BMI ကို ဂရုစိုက်သလို ရှိသင့်တဲ့ ကိုယ်အလေးချိန်ထက် မကျော်အောင်လည်း အမြဲထိန်းထားပါတယ်။ ဒီကြားထဲက အသက် ၃၀ နားကို နည်းနည်းကပ်လာချိန်မှာ နဂိုထဲက ဝတဲ့မျိုးရိုး ကလာတဲ့ ကျွန်မ Over weight ဘဝရောက်သွားပါတယ်။ အခုကတော့ ကျန်းမာသော ကိုယ်အလေးချိန်ဆီ သို့ ရောက်ဖို့ ပြန်သွားနေတဲ့ လမ်းတဝက်မှာပါ။ Healthy BMI ပြန်ရောက်ဖို့ နည်းနည်းလေးလိုနေပါသေးတယ်။ အဲ့ဒီအချိန်ကျရင်လည်း result ကို နောက်တစ်ခါထပ်ပြပါဦးမယ်" ဆိုပြီးတော့ နိုဝင်ဘာလ ၂၃ရက်နေ့ မနက် (၉) နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။ 

Photo: Aye Nyein Swe

အခုဆိုရင်တော့ အမရာငြိမ်းဟာ Water Fasting နည်း နဲ့ ဝိတ်ပြန်ချနေတာ (၈) ရက်ရှိပြီလို့ဆိုပါတယ်။ ခန္ဓာကိုယ်ရဲ့ Result လေးကိုလည်း ဓာတ်ပုံရိုက်ပြီး တင်ထားခဲ့ပါသေးတယ်။ Water Fasting နည်းနဲ့ စနစ်တကျ ဝိတ်ချတတ်ဖို့ကိုလည်း သူမက သေသေချာချာလေး ပြောပြခဲ့ပါသေးတယ်။ 

" ဒါကတော့ Water Fasting ၈ ရက်တာရဲ့ Result ကိုပြရင်း motivation လေးအားလုံးကိုပေးလိုက်တာပါ။ Water Fasting ဆိုတာ ဘာဆိုဘာတစ်ခုမှ သစ်သီး၊ Vegetable တောင်မစားဘဲ ရေချည်းပဲသောက်ပြီး digestive system ကို လုံးဝ shut down လုပ်ချလိုက်တာဖြစ်ပါတယ်။ တစ်ကိုယ်လုံးက Toxin တွေကို detox လုပ်ချပြီး metabolism ကိုလည်း ပြုပြင်ပေးပါတယ်။ Himalayan salt ကိုတော့ တစ်နေ့လုံးမှာ teaspoon တစ်ဇွန်းလောက် ရေဘူးထဲထည့်ပြီး သောက်ပေးရပါတယ်။ အသေးစိတ် Vlog လေးကို ဒီရက်ပိုင်းအတွင်းတင်ပေးပါမယ်။ ဝတာက ရှက်စရာမဟုတ်ပါ၊ အလှအပနဲ့လည်း မသက်ဆိုင်ပါ။ ဒါပေမယ့် ကျန်းမာရေးအတွက်တော့ အရေးကြီးတယ်လို့ ကျွန်မကခံယူထားလို့ ကျန်းမာရေးအတွက် ဝိတ်ချဖို့လိုအပ်ချိန်မှာ ရအောင်ချဖို့ စိတ်ဇွဲရှိကြပါစေလို့ Water Fasting Vlog လေးလည်း မကြာခင်တင်ပေးပါ့မယ်" ဆိုပြီးတော့လည်း ဆက်လက် ရေးသားထားပါသေးတယ်။ 

Photo: Aye Nyein Swe

အမရာငြိမ်းကိုတော့ ပရိသတ်တွေက Miss Myanmar International 2015 (Winner) အဖြစ် ပရိသတ်တွေ စတင်သိရှိခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် Miss Universe Myanmar 2013 ခုနှစ်မှာလည်း ပါဝင်ယှဉ်ပြိုင်ခဲ့ဖူးသလို Miss Universe Myanmar 2018 ပြိုင်ပွဲ မှာလည်း အလှမယ် ဝင်ပြိုင်ခဲ့တာ တွေ့ရပါတယ်။ သူမဟာ ကလေးဘဝတုန်းက Miss People ပြိုင်ပွဲကိုလည်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ဖူးတယ်လို့ သိရပါတယ်။ လက်ရှိမှာတော့ ခင်ပွန်းဖြစ်သူ ကိုသော်ဇင်နဲ့အတူ ပျော်စရာကောင်းတဲ့ အိမ်ထောင်ရှင်ဘဝလေးကို ပိုင်ဆိုင်ထားသူဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က