အောင်မြင်နေတဲ့သူတွေ ပရဟိတ လုပ်သင့်တယ်။

ထူးအယ်လင်းကတော့ လူရယ်လို့ ဖြစ်လာရင် ကိုယ့်တန်ဖိုးကိုယ် သိသင့်သလို ငွေထက်အရေးကြီးတဲ့အရာတွေကိုလည်း လုပ်ဆောင်သင့်တယ်လို့ ဆိုပါတယ်။ 

Photo: Htoo El Lynn



ထူးအယ်လင်းကတော့ အခုချိန်မှာ ပရဟိတအလုပ်တွေ လုပ်ရင်း ပျော်မွေ့နေသူတစ်ယောက်ဖြစ်ပါတယ်။ ငွေထက်အရေးကြီးတဲ့အရာတွေကို လုပ်ဆောင်ရတဲ့ ကုသိုလ်ရေးတွေအတွက် သူကိုယ်တိုင်ကလည်း လူပီသချင်တဲ့ ဆန္ဒဖြစ်ပေါ်နေတယ်လို့ ဆိုပါတယ်။ 

“ ငွေထက်အရေးကြီးတဲ့ အရာတွေကို ကျွန်တော်ကိုယ်တိုင် ရှာတွေ့ခဲ့ပါတယ်။ ပိုက်ဆံဆိုတာ ကျွန်တော်တို့အတွက်တော့ ပေါင်းကူးတံတား တစ်ခုပါပဲ။ မနက်ဖြန်ဆိုတဲ့ အရာကို ကျွန်တော် မပိုင်ပါဘူး။ မနက်ဖြန်ကို စိုးရိမ်နေမယ့်အစား ဒီနေ့မှာ လူတစ်ယောက်ကို ပြုံးပြလိုက်ပါ၊ ရင်ထဲမှာ ကြေကွဲမှု ပေါင်းစုံ၊ သောက ပေါင်းစုံ ရှိနေရင်တောင်မှ ဒီလို ပြုံးပြလိုက်တာဟာ ကုသိုလ်တစ်ခုပါပဲ။ ကျွန်တော် အရက်၊ ဝီစကီ ရာသက်ပန် မသောက်တော့ပါဘူး။ မကြိုက်လည်း မကြိုက်ဘူး။ ပြီးတော့ ဆေးတွေလည်း ကျွမ်းကျွမ်းကျင်ကျင် သုံးခဲ့ဖူးပါတယ်။ မကြိုက်လို့ စွန့်ပစ်ခဲ့ပြီးပါပြီ။ လောကမှာ လူရယ်လို့ဖြစ်လာရင် ကိုယ့်ကိုယ်ကိုယ် တန်ဖိုးသိမှ ရပါမယ်။ နာမည်ကြီးတာ မကြီးတာ၊ ပိုက်ဆံရှာနိုင်တာ၊ မရှာနိုင်တာ ခဏထား ကျွန်တော်တို့မှာ လုပ်နိုင်တဲ့ ကုသိုလ်တွေ အများကြီး ရှိတယ်နော်။ ကျွန်တော် ဒီ့ထက် ပိုပြီး လူူပီသချင်တယ်” လို့ ဆိုပါတယ်။ 

Photo: Htoo El Lynn

သူဟာ ဂီတလောကမှာ အောင်မြင်ခဲ့ဖူးသူတစ်ယောက်ဖြစ်တာကြောင့် အခုချိန်မှာ အောင်မြင်မှု ဆိုတာထက် ကုသိုလ်ရေးကို ပိုဦးစားပေး လုပ်ဆောင်နေတယ်လို့ ထူးအယ်လင်းက ဆိုပါတယ်။ အခုချိန်မှာ အောင်မြင်နေတဲ့ အနုပညာရှင်တွေ အနေနဲ့ ကိုယ့်ပရိသတ်တွေအတွက် တစ်ဖက်တစ်လမ်းက အကျိုးပြုဖို့ ပရဟိတတွေ လုပ်သင့်တယ်လို့လည်း နိုဝင်ဘာလ ၂၄ ရက်နေ့ မနက် ၁၂ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ Live လွှင့်ရင်း ပြောခဲ့တာပါ။ 

“ ကျွန်တော့်ကို ထူးအယ်လင်းဖြစ်လာအောင် အားပေးကြတဲ့ ပရိသတ်တွေကို ကျေးဇူးတင်တယ်။ ကျွန်တော် ဆိုးခဲ့တာတွေ တော်တော်များပါတယ်။ လူတိုင်းကတော့ မပြည့်စုံပါဘူး။ ပိုက်ဆံရှာပြီးတော့မှ တကယ်ချမ်းသာ လုပ်ငန်းရှင်တွေကလည်း အမြဲတမ်း ပိုက်ဆံရှာနေရတာပဲ။ ဒါပေမယ့် သူတို့မှာ Plan တွေရှိတယ်။ ကျွန်တော်တို့ Plan ကကျတော့ ပိုက်ဆံနဲ့လှူနိုင်မှ သဒ္ဒါမဟုတ်ပါဘူး။ စိတ်စေတနာအပြည့်နဲ့ ပြုံးပြလိုက်ရင်တောင်မှ သဒ္ဒါ စေတနာ ဖြစ်ပါတယ်။ နာမည်ကြီးတဲ့ သူတွေက ပရဟိတအလုပ်တွေ ပိုလုပ်သင့်တယ်။ သူတို့ကို အားပေးတဲ့ ပရိသတ်တွေအတွက် အကျိုးပြန်ပြုသင့်တယ်။ အခုဆို ကိုဝေဠုကျော် သူ့ဘာသာသူ ကောင်းကောင်း မကောင်းကောင်း၊ သူ့လမ်းသူ လျှောက်တယ် ဒါကိုသဘောကျတယ်။ ပရိသတ်ကို မက်ဆေ့ချ်ပေးချင်တာက ခင်ဗျားတို့ အထင်နဲ့ ဆုံးဖြတ်လိုက်တဲ့ ကိစ္စတွေက လွဲနေတာတွေ အများကြီးရှိပါတယ်။ ကျွန်တော်က နာမည်ကြီးချင်တဲ့ ဆန္ဒက လွန်ခဲ့တဲ့ ၂၇ နှစ်လောက်က အောင်မြင်ခဲ့ဖူးပါပြီ။ အဲဒီနောက်ကွယ်မှာ ပြဿနာတွေ အများကြီးရှိတယ် ဒါကို ခံနိုင်ရည်ရှိဖို့ လိုပါတယ်” လို့ ဆိုပါတယ်။ 

Photo: Htoo El Lynn

ထူးအယ်လင်း(Htoo El Lin)ဟာ လက်ရှိမှာ ဂီတအလုပ်တွေထက် ပရဟိတအလုပ်တွေကို စွမ်းစွမ်းတမံ လုပ်နေသူဖြစ်ပါတယ်။ သူ့အနေနဲ့ မီးဘေးသင့်ဒေသတွေသာမက ရေဘေးသင့်ဒေသတွေ၊ မီးသဂြိုဟ်စက် လိုအပ်တဲ့နေရာတွေ၊ လူနာတင်ယာဉ် လိုအပ်တဲ့နေရာတွေမှာလည်း လှူဒါန်းမှုတွေ ပြုလုပ်ခဲ့ပါသေးတယ်။အဲဒီနောက် ဘုရားစေတီတည်ခြင်း၊ ကျောင်းဆောက်လှူဒါန်းခြင်း၊ စာသင်ကျောင်းများမှာ ရှိတဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးခြင်းဖြင့် ကုသိုလ်အလှူတွေ လုပ်လေ့ရှိပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က