ပိုင်ဆိုင်ထားတဲ့ မိသားစုဘဝလေးကို ပြောပြထားပါတယ်။

ချမ်းချမ်းကတော့ ဒုတိယမြောက်ရင်သွေးလေးကို ကိုယ်ဝန်လွယ်ထားရတာဖြစ်ပြီး လက်ရှိပိုင်ဆိုင်ခွင့်ရထားတဲ့ မိသားစု ဘဝလေးကိုလည်း အခုလို ပြောပြလာပါတယ်။ 

Photo: Chan Chan



အဆိုတော် ချမ်းချမ်းကတော့ သမီးကြီး မြမိုးဂင်္ဂါကို မွေးဖွားပြီး (၆) နှစ်အကြာမှာ ဒုတိယမြောက်ကိုယ်ဝန်ကို ရရှိခဲ့ပါတယ်။ သူမဟာ အသက်(၃၂) နှစ်အရွယ်သာရှိသေးတာကြောင့် ရင်သွေးလေးယူဖို့ ဆုံးဖြတ်လိုက်တာလို့ သိရပါတယ်။ မောင်လေး ၊ ညီမလေး လိုချင်တယ်လို့ အမြဲပြောလေ့ရှိတဲ့ သမီးကြီး မြမိုးဂင်္ဂါရဲ့ ဆန္ဒလေး ပြည့်စုံခဲ့လို့လည်း ဝမ်းသာနေမိတယ်လို့ ချမ်းချမ်းက ပြောပါတယ်။ 

“ ဘဝမှာ ပထမဆုံးသမီးလေးဂင်္ဂါကို ကိုယ်ဝန်ဆောင်ပြီး ၆နှစ်ကျော်အကြာမှာ အခုတော့ ဒုတိယအကြိမ်အဖြစ် နောက်ထပ်ရင်သွေးလေးကိုအောင်မြင်စွာနဲ့ ကိုယ်ဝန်ဆောင်နိုင်ခဲ့ပါပြီ။ Covid ကာလမှာသမီးလေး အထီးကျန်စွာနဲ့အိမ်ထဲမှာ ပျင်းနေတာ ကိုမြင်ရတာစိတ်မချမ်းသာခဲ့ဘူး။ အမြဲတမ်းမောင်လေးဖြစ်ဖြစ် ညီမလေးဖြစ်ဖြစ်လိုချင်တယ်လို့..အမေ့သမီးလေးတောင်းဆိုခဲ့တာ ဒီနှစ်တော့...အဆိုးထဲကအကောင်းပါပဲ။ ကံကောင်းစွာနဲ့ ....?July လမှာ ကိုယ်ဝန်ရှိနေပြီလို့ ဆရာဝန်ကပြောတယ် ကျွန်မ မယုံနိုင်ခဲ့ဘူး။ သမီးလေး အတွက် အဖော်ရပြီ... မိသားစုဆိုတာ သိုက်သိုက်ဝန်းဝန်းနဲ့ နွေးထွေးတဲ့ အသိုက်အမြုံ တစ်ခုပဲလေ အထီးကျန်ဖို့မွေးဖွားလာကြတာမဟုတ်ဘူး ဘုရားကို ကျွန်မအားကိုးဆုတောင်းခဲ့တယ်။ ကျွန်မအတွက် နွေးထွေးတဲ့ အသိုက်အမြုံလေးရဖို့အတွက် ဒီနှစ်ရဲ့ ဘုရားပေးတဲ့လက်ဆောင်တွေထဲမှာတော့ ဒီလက်ဆောင်လေးဟာ အရာအားလုံးကိုပြည့်စုံစေခဲ့ပြီလေ? ကျန်ခဲ့တဲ့ ၁ပတ်ကultra sound ရိုက်တော့ ၅ လရှိပြီ။ ကျန်းကျန်းမာမာပဲတဲ့...အိုး...ဘာလေးပဲရရပါ...အဓိက က ခြေလက်အင်္ဂါ စုံဖို့ရယ် ကျန်းမာဖို့ရယ်..ဉာဏ်ရည်ကောင်းဖို့ရယ်ပါပဲ။ ကျန်တာဘုရားပေးသလောက်ပေါ့။” ဆိုပြီးတော့ ဒီဇင်ဘာလ ၁ ရက်နေ့ က သူမရဲ့ ဖေ့စ်ဘွတ်ပေ့ချ်မှာ ရေးသားခဲ့တာဖြစ်ပါတယ်။ 

Photo: Chan Chan

ချမ်းချမ်းဟာ သမီးကြီး မြမိုးဂင်္ဂါကို မိခင်တစ်ယောက်လိုရော၊ ဖခင်တစ်ယောက်လိုပါ ကြည့်ရှုစောင့်ရှောက်လာခဲ့တာ (၃) နှစ်ကျော်ကာလတစ်ခုရှိခဲ့ပါတယ်။ ဒါပေမယ့် သူမရဲ့ သမီးကြီးကိုရော၊ သူမရဲ့ အတိတ်ကိုပါ နားလည်ပေးပြီး တန်ဖိုးထား ချစ်ခင်ပေးတဲ့ Enrico နဲ့ ဆုံစည်းခဲ့ချိန်မှာတော့ ပျော်စရာကောင်းတဲ့ ဘဝလေးကို ပိုင်ဆိုင်ခွင့်ရလာတယ်လို့လည်း သူက ဆိုပါတယ်။ 

“ Single parent ဘဝဆိုတာ အမေအဖြစ်ရော အဖေတစ်ယောက်လိုပါ အစစအရာရာ ကိုယ်တိုင်ရုန်းကန်ခဲ့ရလို့ပင်ပန်းပေမဲ့ ဘယ်သူ့ကိုမှအပြစ်မတင်ပါဘူး။ အခုလက်ရှိဘဝမှာ ကိုယ့်ကိုတန်ဖိုးထားပြီးချစ်ပေးတဲ့ ဗိုက်ထဲက ကလေးလေးရဲ့ ဖေဖေ Enrico ကိုလည်း ကျေးဇူးအထူးတင်ပါတယ်။ လက်တွဲလာခဲ့တာ အချိန်၂နှစ်အတွင်း positive အမြင်နဲ့ဘဝကို ဖြတ်သန်းဖို့သင်ကြားပေးတဲ့အတွက်ရယ်၊ ကျွန်မရဲ့ အတိတ်တွေ နားလည်ပေးပြီးကျွန်မနဲ့ သမီးလေးဂင်္ဂါကို မိသားစုဝင်အဖြစ်သတ်မှတ် လက်ခံပေးတဲ့အတွက်ရယ်၊ တစ်ယောက်တည်းပင်ပန်းနေချိန် တွေမှာ အစစအရာရာနားလည်ခွင့်လွှတ်ဖေးမပေးလို့ အတိုင်းမသိဝမ်းသာမိရပါတယ် ကျေးဇူးလည်းတင်တယ်။ သူ့ရဲ့ September လတုန်းက အသက် ၃၄နှစ်ပြည့်မွေးနေ့မှာ လက်ဆောင်ဘာပေးရမှန်းမသိဘူးလို့ပြောတော့ အခုဗိုက်ထဲမှာရောက်နေတဲ့ဒီကလေးလေးဟာ ကျွန်မတို့နှစ်ယောက်အတွက် ဘုရားကပေးတဲ့ အနာဂတ်လက်ဆောင်လေးပဲတဲ့ ဘာမှမလိုဘူး ကလေးနဲ့မိခင်ကျန်းမာဖို့အရေးကြီးတယ်ဆိုတဲ့...

သူ့စကားကြောင့်အရမ်းပျော်ခဲ့ရတယ်” လို့ သူက ဆိုပါတယ်။ 

Photo: Chan Chan

အခုဆိုရင်တော့ ချမ်းချမ်းနဲ့ Enrico တို့ ဇနီးမောင်နှံဟာ ရင်သွေးလေးတွေ နေဖို့အတွက် ကိုယ်ပိုင်အခန်းတွေ၊ ရေကူးကန်တွေနဲ့ အိမ်မှာ လိုအပ်တဲ့ အရာလေးတွေကို ကြိုတင်ပြင်ဆင်နေကြပါတယ်။ သူမရဲ့ ဘဝတစ်လျှောက်လုံးကို ပျော်စရာကောင်းတဲ့ အမှတ်တရလေးတွေနဲ့ ဖြတ်သန်းသွားချင်တယ်လို့လည်း ပြောခဲ့ပါသေးတယ်။ 

“ သမီးလေးဂင်္ဂါနဲ့ နောက်ထပ်ကလေးလေး နေဖို့အတွက် ကျွန်မရဲ့ သန်လျင်အိမ်လေးကို နောက်ထပ်တိုးပြီး ကလေးတွေအတွက် အိပ်ခန်း၊ ရေချိုးခန်း၊ အိမ်သာလေးတွေ၊ ကြမ်းခင်းသစ်သားပါကေးလေးတွေ၊ အသံလုံ ခြင်မကိုက်အောင် ခြင်လုံစကာလေးတွေ၊ တံခါးလေးတွေကို သူကိုယ်တိုင် အပင်ပန်းခံပြင်ပေးနေတာ တွေ့ရတော့ အတိုင်းမသိကြည်နူးရပါတယ်။ အတူတူ ဆေးတွေသုတ်ကြ..အိမ်သန့်ရှင်းရေးတွေလုပ်ကြ.. ကလေးတွေအတွက် ရေကူးကန်ကိုပြန်ပြင်နဲ့ မနားတမ်းလုပ်ခဲ့ကြတယ်။ တခြားသူတွေအတွက် ဘယ်လိုခံစားရမယ်မသိပေမဲ့ ကျွန်မအတွက်တော့ မေတ္တာတရားဆိုတာ တန်ဖိုးထား ကြည့်မြင်တတ်သူတွေအတွက်သာ အဖိုးမဖြတ်နိုင်ဘူးလို့ထင်ပါတယ်။ အတိတ်ကအတိတ်ပါပဲ.. ကျန်ရှိနေသေးတဲ့ ကျွန်မရဲ့ အနာဂတ်ကိုတော့ ကျွန်မကို တန်ဖိုးထားချစ်တဲ့သူတွေနဲ့ ကျွန်မချစ်ရတဲ့သူတွေနဲ့သာ ဘဝကို ပျော်ရွှင်စွာနဲ့ ဖြတ်သန်းသွားမှာ ဖြစ်တဲ့ အကြောင်းလေး ကျွန်မကို ချစ်တဲ့ ကျွန်မ ချစ်တဲ့ ပရိသတ်အတွက် စကားလေးပါးရင်း အားလုံး Happy Sweet December ပါနော်ကျန်းမာပျော်ရွှင်ကြပါစေ” လို့ ဆက်လက် ရေးသားခဲ့တာ တွေ့ရပါတယ်။ 

Photo: Chan Chan

ချမ်းချမ်းဟာ Melody World သီချင်းဆို ပြိုင်ပွဲကနေတဆင့် ဂီတလောကထဲကို ရောက်ရှိလာခဲ့တဲ့ ချမ်းချမ်းက ‘’ တစ်ကယ်ဆိုရင် အချစ်ပဲ လိုတယ်’’ ဆိုတဲ့ ပထမဆုံးတစ်ကိုယ်တော်အခွေကနေတဆင့် ပရိသတ်အားပေးမှု အများကြီး ရရှိခဲ့တာပါ။ အဲဒီနောက်‘’အိပ်မက်’’ ဆိုတဲ့ ဒုတိယမြောက် တစ်ကိုယ်တော်အခွေလည်း ထွက်ရှိခဲ့ပါတယ်။ တတိယမြောက် တစ်ကိုယ်တော်အခွေဖြစ်တဲ့ ‘’ သို့..’’ ဆိုတဲ့ အခွေကိုတော့ ၂၀၁၈ ခုနှစ်အတွင်းမှာ နောက်ဆုံး ထွက်ရှိထားတာပါ။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က