သူ့ရဲ့ အမှတ်တရလေးတွေ ပြောပြလာပါတယ်။

စူပါမော်ဒယ်တစ်ဦးဖြစ်တဲ့ အောန်ဆိုင်းကတော့ ချစ်သူသက်တမ်း (၅) နှစ်အကြာလက်တွဲလာတဲ့ ချစ်သူနဲ့ ဘဝတစ်ခု ထူထောင်ဖို့ ဆုံးဖြတ်လိုက်ပြီဆိုတာကို ပြောပြလာပါတယ်။ 

Photo: Awn Seng



အောန်ဆိုင်းကတော့ ၂၀၂၀ ခုနှစ်မေလ ၂၃ ရက်နေ့က ချစ်သူဖြစ်တဲ့ ဖုန်းကျော်မိုးမြင့်ဆီကနေ လက်ထပ်ခွင့်တောင်းခံလိုက်ရတာဖြစ်ပါတယ်။ အဲဒီတုန်းက ရိုက်ကူးခဲ့တဲ့ အမှတ်တရ ဗီဒီယိုဖိုင်လေးကို ဒီဇင်ဘာလ ရောက်မှသာ ပရိသတ်တွေကို တရားဝင် အသိပေးခဲ့တာပါ။ သူတို့နှစ်ဦးဟာ ချစ်သူသက်တမ်း (၅) နှစ်အကြာ လက်တွဲလာခဲ့ပြီးနောက် တစ်ဦးကိုယ်တစ်ဦး အိမ်ထောင်ဖက်အဖြစ် ရွေးချယ်လိုက်ကြပြီဆိုတာကို အောန်ဆိုင်းက အခုလို ပြောပြခဲ့ပါတယ်။ 

"ကျွန်မရဲ့ ဘဝလက်တွဲဖော်ကိုအားလုံးနဲ့ သေချာမိတ်ဆက်ပေးချင်ပါတယ် ၊ သူ့နာမည်က CARL ( ဖုန်းကျော်မိုးမြင့်ပါ) ၊ ဒီဗီဒီယိုလေးက မေလ၂၃ တည်းကရိုက်ထားတာပါ ၊ CARL ရဲ့ surprise proposal လေးကအရမ်းကို sweet ဖြစ်ပါတယ် ၊ ကျွန်မ မသိအောင်သူကြိတ်ပြီး plan ထားတာတော်တော်ကြာပြီပြောပါတယ် ၊ အဲ့နေ့ အမှတ်တရလေးကိုပြောပြမယ်နော် ၊ Carl က ငါးမျှားတဲ့ Vlog လေးရိုတ်ချင်လို့ ဝင်ရိုက်ပေးပါ ဆိုပြီး အော်န်ကိုပြောထားပေမဲ့ အဲ့နေ့ကသူကသူငယ်ချင်းတွေ၊ ဆွေမျိုး၊ မောင်နှမ၊ မိဘ အကုန်လုံးကြိုခေါ်ထားပါတယ် ၊ အကုန်လုံးကပုန်းနေကြတာပေါ့ ၊ ကျွန်မ အတွက် လက်စွပ်လေးစီစဉ်တာက အမေအရင်းသဖွယ် ချစ်ရတဲ့ mommy ကိုယ်တိုင်ရွေးပြီး လက်စွပ်အကြောင်းပြောပြတဲ့ အင်တာဗျူးလေးကတော့ ကျွန်မအတွက်တန်ဖိုး မဖြတ်နိုင်တဲ့ အမှတ်တရပါပဲ ၊မေ ၂၃ မှာတော့ ငါးမျှားရင်းနဲ့ ငါးမိပြီဆိုပြီး လက်စွပ်နဲ့ Carl ရဲ့ လက်ထပ်ခွင့်တောင်းချိန်မှာတော့ ကျွန်မအတွက် ဝမ်းသာ အံ့ဩပြီး မျက်ရည်တောင်ကျခဲ့ပါတယ် ၊ သူ့အတွက်တော့ အကြီးမားဆုံး ငါးကြီးမိပြီဆိုပြီး အဲ့ video လေးကို “The Greatest catch “လို့ နာမည်ပေးဖြစ်သွားတာပါ ၊ ကျွန်မက Yes လို့ ဖြေပြီးချိန်မှာတော့ ခုနက ပုန်းနေတဲ့ သူတွေအားလုံး ဘွားခနဲပေါ်လာပြီး တူတူပျော်ရွှင်ကြပါတယ်" ဆိုပြီးတော့ ဒီဇင်ဘာလ ၁ ရက်နေ့ ည ၆ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်ပေ့ချ်မှာ လက်ထပ်ခွင့်တောင်းခံလိုက်ရတဲ့ အမှတ်တရ ဗီဒီယို ဖိုင်လေးကို တင်ရင်း ဒီစာကို ရေးသားထားတာပါ။ 

Photo: Awn Seng

အဆိုပါ ဗီဒီယို ဖိုင်ထဲမှာတော့ ကိုဖုန်းကျော်မိုးမြင့်ရဲ့ မိဘနှစ်ပါးနဲ့ ဆွေမျိုးတွေကလည်း အောန်ဆိုင်းကို ကြိုဆိုကြတဲ့ အကြောင်းတွေ ပြောခဲ့ကြပါတယ်။ အောန်ဆိုင်းကိုယ်တိုင်ကလည်း နွေးထွေးမှုပေးတဲ့ မိသားစုဝင်တွေရဲ့ ကြိုဆိုမှုကြောင့် အရမ်းကံကောင်းတဲ့ မိန်းကလေးအဖြစ် ကိုယ့်ကိုယ်ကိုယ် သတ်မှတ်ထားတာကိုလည်းတွေ့ရပါတယ်။ 

“ အောန်ဆိုင်းက အရမ်းကံကောင်းပါလားပေါ့နော်။ ကိုယ့်ကို ဒီလို Care လုပ်တဲ့၊ ချစ်တဲ့ မိသားစု တစ်စုနဲ့ တွေ့ရတာပါ။ သူ့ကို တစ်ခါတလေ စိတ်တိုတာမျိုးရှိတယ်၊ ဒါပေမယ့်လည်း သြော် ကလေးပါပဲပေါ့နော်။ သူ့ကိုလည်း မချစ်ပဲလည်း မနေနိုင်ဘူး၊ စိတ်တိုလည်း တစ်ရက်လောက် စိတ်တိုလို့တောင် မရဘူး။ အဲဒီတော့ ကိုယ့်ကိုယ်ကိုယ် သိလိုက်တာက သြော် .. ငါ့ဘဝမှာ သူ့ကို အချစ်ဆုံးပါပဲလား ဆိုတာကို သိလိုက်ရပါတယ်။ I Love You” ဆိုပြီးတော့ ပြောခဲ့တာပါ။ 

Photo: Awn Seng

အောန်ဆိုင်းဟာ လက်ထပ်ခွင့်တောင်းခံလိုက်ရတဲ့ နေ့ကစလို့ ရှေ့ဆက်ရမယ့် အနာဂတ် ခရီးတွေအတွက် အမှတ်တရဖန်တီးပေးတဲ့ ချစ်သူကို ကျေးဇူးတင်စကားဆိုခဲ့ပါတယ်။ ဒါ့အပြင် သူကိုယ်တိုင်လည်း အကောင်းဆုံး ကြိုးစားပြင်ဆင်နေထိုင်သွားမယ်လို့ ပြောပါတယ်။ 

"ဒီလို ၂ ယောက်အတူလျောက်လှမ်းမဲ့ ဘဝခရီးကိုအမှတ်တရပေါင်းများစွာနဲ့ ဖန်တီးပေးတဲ့ လက်တွဲဖော် the love of my life Carl ကိုကျေးဇူးတင်ပါတယ် ၊ အကောင်းဆုံးဆုတောင်းတွေနဲ့ အဖေအရင်း အကိုအရင်းသဖွယ် ကြိုဆိုကြတဲ့ Dada နဲ့ ကိုစည်သူကိုလည်း ကျွန်မအတွက်တော့ ဘုရားသခင်ကောင်းချီးပေးခြင်းပါ ၊ အဲ့နေ့က အချိန်ပေးလာရောက် ပါဝင်ပေးကြတဲ့ သူငယ်ချင်းမိတ်ဆွေအားလုံးအားလုံးကိုကျေးဇူးတင်ပါတယ် ၊ ကျွန်မနဲ့ Carl ရဲ့ရှေ့ဆက်ရမယ့် ဘဝခရီး ကို အကောင်းဆုံးလျောက်လှမ်းဖို့ ပြင်ဆင်နေပါတယ် ၊ အောန်ကိုချစ်တဲ့ ပရိတ်သတ်ကြီးလည်း တူတူ ဝမ်းသာရအောင် တင်ပေးလိုက်ပါတယ်နော် ၊ ပျော်ရွှင်ခြင်း ဝမ်းမြောက်ခြင်းတွေ သယ်ဆောင်လာပေးမဲ့ December လလေးဖြစ်ပါစေ။Love Awn ? Phone Kyaw Moe Myint" ဆိုပြီးတော့လည်း ဆက်လက် ရေးသားခဲ့ပါတယ်။ 

Photo: Awn Seng

နာမည်ကျော် မော်ဒယ်လ်တစ်ယောက်အဖြစ်ရပ်တည်နေတဲ့ အောန်ဆိုင်းဟာ ဒီနေ့ အချိန်ထိ ပရိသတ်အချစ်ကို ခိုင်ခိုင်မာမာရရှိ ထားတာ ဖြစ်ပါတယ်။ Professional Model တစ်ယောက်အဖြစ် ရပ်တည်နေတဲ့ အောန်ဆိုင်းဟာ ကျန်းမာရေးနဲ့ အလှအပဆိုင်ရာတွေကို သူ့ရဲ့ ဖေ့စ်ဘွတ်ပေ့ချ်မှာ အမြဲတမ်း မျှဝေလေ့ရှိသူ တစ်ယောက်ပါ။ ဒါ့အပြင် ရုပ်ရှင်ဇာတ်ကားကြီးတွေမှာလည်း ပါဝင်သရုပ်ဆောင်ခဲ့ဖူးသူဖြစ်ပါတယ်။ အနုပညာနဲ့ပတ်သက်လို့ သူကိုယ်တိုင်ကတော့ မော်ဒယ်လ် တစ်ယောက်အနေနဲ့သာ ရပ်တည်သွားမယ်လို့ Duwun Media ရဲ့ အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က