ခက်ခဲတဲ့ အချိန်တွေကို အတူဖြတ်ကျော်ခဲ့ဖူးတယ်။

စည်သူလွင်ကတော့ ဇနီးဖြစ်သူ နွယ်မာကျော်အတွက် အိမ်ထောင်သက်တမ်း(၁၀) နှစ်ပြည့် အမှတ်တရ စကားလေးတွေ ပြောခဲ့ပါတယ်။ 

Photo: Si Thu Lwin



အဆိုတော် စည်သူလွင်ကတော့ ဇနီးချောလေး နွယ်မာကျော်နဲ့ ၂၀၁၀ ခုနှစ် ဒီဇင်ဘာလ (၃) ရက်နေ့မှာ လက်ထပ်ခဲ့တာဖြစ်ပြီး အခုဆိုရင် အိမ်ထောင်သက်တမ်း (၁၀) နှစ်တာ ကာလကို ရောက်ရှိလာပြီဖြစ်ပါတယ်။ ဒီလို အမှတ်တရနေ့လေးမှာ ဇနီးအတွက် သူ့ရင်ထဲက စကားတွေကို အခုလို ပြောလာခဲ့ပါတယ်။ 

" Happy 10th Anniversary ပါချစ်တဲ့မိန်းမရေ။ ကောင်းအတူ၊ ဆိုးအတူအမြဲဘေးနားမှာ ရှိနေပေးလို့လဲကျေးဇူးပါ။ အရမ်းစိတ်ဓာတ်တွေကျနေတဲ့ အချိန်မှာကိုယ့်ဘဝထဲကို ဝင်လာပြီး လက်တွဲခဲ့တဲ့သူမို့ အမြဲတန်ဖိုးထားပါတယ်။ အခက်အခဲတွေအတူ ကျော်ဖြတ်ခဲ့ရတဲ့အချိန်တွေကို သတိရတယ်။ ပျော်ခဲ့ရတဲ့ အချိန်တွေကို သတိရတယ်။ရှေ့ဆက်ရမယ့်အချိန်တွေအတွက်လည်း ဒီထက်ပိုချစ်၊ ဒီထက်ပိုပျော်ရွှင်၊ဒီ ထက်ပိုပြီးစိတ်ချမ်းသာစေရပါမယ်။ Love you♥!!!!!!!" ဆိုပြီးတော့ ဒီဇင်ဘာလ (၃) ရက်နေ့ မနက် ၁၂ နာရီက သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့တာပါ။

Photo: Si Thu Lwin

အခုဆိုရင်တော့ စည်သူလွင်နဲ့ နွယ်မာကျော်တို့ရဲ့ အိမ်ထောင်ရေးမှာ (၈) နှစ်အရွယ် တစ်ဦးတည်းသော သားလေးကို ပိုင်ဆိုင်ထားတာ ဖြစ်ပြီး ပျော်စရာကောင်းတဲ့ မိသားစုဘဝလေးကို တည်ဆောက်ထားတာပါ။ စည်သူလွင်ရဲ့ ဇနီး နွယ်မာကျော်ဟာ တစ်ချိန်က အနုပညာလောကမှာ “ Miss Beautyful Revolon” ဆုကိုလည်း ရရှိထားတဲ့ အလှမယ် တစ်ဦးဖြစ်ပြီး ကြော်ငြာတွေလည်း ရိုက်ကူးခဲ့ဖူးတဲ့ Model တစ်ယောက်ဖြစ်ပါတယ်။ 

Photo: Si Thu Lwin

အဆိုတော် စည်သူလွင်ကိုတော့ အချစ်သီချင်းအေးအေးလေးတွေ ဆိုရင်း ပရိသတ်တွေ သိခဲ့တာပါ။ ဒါ့အပြင် တစ်ကိုယ်တော် အခွေတွေလည်း ထွက်ခဲ့ဖူးသူဖြစ်ပါတယ်။ ၂၀၁၅ခုနှစ်တုန်းက သူငယ်ချင်းဖြစ်သူ အဆိုတော် တင်ဇာမော်နဲ့ တွဲပြီး ဖျော်ဖြေပွဲတွေ သီဆိုခဲ့သလို ၂၀၁၆ခုနှစ်ကလည်း အဆိုတော် အေးချမ်းမေနဲ့ တွဲဖက်ပြီး ဖျော်ဖြေပွဲတွေ ပြုလုပ်ခဲ့ပါသေးတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က