အသက် (၃၃) နှစ်ပြည့်ပါပြီ။

သင်ဇာဝင့်ကျော်ကတော့ ဒီနေ့မှာ ကျရောက်တဲ့ မွေးနေ့လေးကို သူငယ်ချင်းအပေါင်းအသင်းတွေနဲ့ ပျော်ပျော်ပါးပါး ဖြတ်သန်းခဲ့တာ တွေ့ရပါတယ်။ 

Photo: Thinzar Wint Kyaw



ဒီနေ့ (ဒီဇင်ဘာလ ၄ ရက်) ကတော့ သရုပ်ဆောင် သင်ဇာဝင့်ကျော်ရဲ့ မွေးနေ့ ဖြစ်ပါတယ်။ ဒီနေ့မှာပဲ သူမဟာ အသက် (၃၃) နှစ်ပြည့်သွားပါပြီ။ မွေးနေ့ အကြို Surprise လာလုပ်ကြတဲ့ သူငယ်ချင်းတွေကြောင့်လည်း ပျော်ရွှင်နေတယ်လို့ဆိုပါတယ်။

“ဒီနေ့က (၃၃) နှစ်ပြည့်တာပါ။ မွေးနေ့ ဆုတောင်းပေးကြတဲ့ တစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးတင်ပါတယ်။ ပြီးတော့ Surprise လာလုပ်ကြတဲ့ တစ်ယောက်ချင်းစီတိုင်းကြောင့်လည်း အရမ်းပျော်ရတယ်။ သူတို့ ဘယ်တုန်းကတည်းက ကြံစည်ထားကြသလဲ မသိဘူး။ တကယ်ကို လန့်သွားတာပဲ။ Surprise လာလုပ်မယ်လို့လည်း သတိမထားမိဘူး။ အချစ်ရဆုံး သူငယ်ချင်းတွေက မွေးနေ့ အကြို Surprise လာလုပ်ကြတာတဲ့လေ အရမ်း ဝမ်းသာပါတယ်” ဆိုပြီးတော့ ဒီဇင်ဘာလ (၃) ရက်နေ့ ည က သူမရဲ့ ဖေ့စ်ဘွတ်မှာ Live လွှင့်ရင်း ပြောခဲ့တာပါ။ 

Photo: Thinzar Wint Kyaw

သင်ဇာဝင့်ကျော်ကို အားပေးချစ်ခင်ကြတဲ့ ပရိသတ်တွေကလည်း Comment ကနေတဆင့် မွေးနေ့ ဆုတောင်းတွေ အများကြီးပြောခဲ့ကြပါသေးတယ်။ သူမဟာ မွေးနေ့ရောက်တိုင်း အလှူအတန်းတွေ လုပ်လေ့ရှိတဲ့ မင်းသမီးချောလေး တစ်ယောက်ပါ။ ဒီနှစ်မှာတော့ ကိုဗစ်ကာလဖြစ်တဲ့အတွက် ကိုယ်တိုင် အလှူအတန်းတွေ လုပ်တာမျိုးတော့ မတွေ့ရသေးပါဘူး။ 

Photo: Thinzar Wint Kyaw

သင်ဇာဝင့်ကျော်ဟာ ခန္ဓာကိုယ်အလှအပနဲ့ ပတ်သက်ပြီး ပရိသတ်တွေ ကြားရေပန်းစားနေသူ တစ်ဦးလည်း ဖြစ်ပါတယ်။ သူ့ကိုတော့ တီဗီကြော်ငြာတွေ၊ ဗီဒီယို ဇာတ်ကားတွေကနေတဆင့် ပရိသတ်တွေက စတင်သိရှိ အားပေးလာခဲ့ကြတာဖြစ်ပါတယ်။ သူမရဲ့ အနုပညာသက်တမ်းကလည်း ၁၀ စုနှစ်တစ်ခုကို ကျော်လွန်လာခဲ့ပါပြီ။




ဆက်စပ်အကြောင်းအရာများ



က္က