ခါးဒဏ်ရာကြောင့် ဆေးရုံတက်နေရတာပါ။

အဆိုတော် လင်းလင်းကတော့ ဆေးရုံတက်နေရတဲ့ ဇနီးချောလေးရဲ့ ကျန်းမာရေးအခြေအနေကို ပြောပြလာပါတယ်။ 

Photo: Chit Thu Wai



ချစ်သုဝေကတော့ ဒီဇင်ဘာလ အစမှာကတည်းက ခါးအရိုး ဒဏ်ရာကြောင့် ဆေးရုံတက်နေရတယ်လို့ ခင်ပွန်းဖြစ်တဲ့ လင်းလင်းက ပြောလာပါတယ်။ 

" ခါးအရိုး အက်၊ ကျိုး ဒဏ်ရာနဲ့ ကိုယ့်ဆရာမ ဆေးရုံတက်နေရတာ သုံးရက်ရှိ။ ရယ်လိုက်ရင် ဒဏ်ရာက နာတယ်ဆိုတော့ ဟာသလေးတွေပြောရင်း ထမင်းခွံ့ကျွေး။ Fighting Hon" ဆိုပြီးတော့ ဆေးရုံကုတင်ပေါ်က ချစ်ဇနီးလေးနဲ့ အမှတ်တရ ပုံကို တင်ပြီး ဒီဇင်ဘာလ (၅) ရက်နေ့ ည (၇) နာရီခွဲကျော်က ရေးသားခဲ့တာဖြစ်ပါတယ်။ ချစ်သုဝေရဲ့ ကျန်းမာရေး ပြန်လည်ကောင်းမွန်လာဖို့ အတွက်ကိုလည်း အနုပညာမောင်နှမတွေ၊ ပရိသတ်တွေက ဆုတောင်းပေးခဲ့တာဖြစ်ပါတယ်။ 

Photo: Chit Thu Wai

လင်းလင်းနဲ့ ချစ်သုဝေ တို့ ဇနီးမောင်နှံဟာ အခုလို ကိုဗစ်ကာလမှာ ပရဟိတအလုပ်တွေကို စွမ်းစွမ်းတမံ လုပ်ဆောင်နေကြတာကို တွေ့ရပါတယ်။ သူတို့ဟာ စားနပ်ရိက္ခာ အခက်အခဲကြုံနေရတဲ့ နေရာတွေနဲ့ ကိုဗစ်ကာကွယ်ရေး ပစ္စည်းတွေ လိုအပ်မှုရှိနေတဲ့ ဆေးရုံတွေကိုလည်း အလှူအတန်းတွေ လုပ်ခဲ့ပါသေးတယ်။ ဒါ့အပြင် ခေတ်သစ်ဖောင်ဒေးရှင်း ကနေတဆင့် ကိုဗစ်ကာလမှာ လိုအပ်တဲ့ အလှူအတန်းတွေ လုပ်ရုံသာမက မွေးရာပါ နှလုံးရောဂါရှိနေတဲ့ ကလေးငယ်တွေကိုလည်း ဆေးကုသပေးလျှက်ရှိပါတယ်။ 

Photo: Chit Thu Wai

လင်းလင်းနဲ့ ချစ်သုဝေ တို့ ဇနီးမောင်နှံဟာ အနုပညာလောကမှာ အောင်မြင်တဲ့အဆိုတော်တွေ အဖြစ် ရပ်တည်လျှက်ရှိပါတယ်။ ဒါ့အပြင် သူတို့နှစ်ဦးမှာ မေမြန်မာခေတ် နဲ့ မေမြန်မာသစ် ဆိုတဲ့ အမြွှာ သမီးလေးတွေကို ပိုင်ဆိုင်ထားတာဖြစ်ပြီး ပျော်စရာကောင်းတဲ့ မိသားစု ဘဝလေးကို တည်ဆောက်ထားကြတာပါ။ သူတို့ရဲ့ သမီးလေးတွေကလည်း လူချစ်လူခင်ပေါများသူတွေ ဖြစ်သလို အခုဆိုရင် ကလေးအသုံးအဆောင်ပစ္စည်း ကြော်ငြာတွေ ရိုက်ကူးထားတာကိုလည်း တွေ့ရပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က