သူကိုယ်တိုင်လည်း ကွာရန်တင်းဝင်နေရသူပါ။
Sabal Thwin

နေလင်းကတော့ ကိုဗစ်ကူးစက်ခံရလို့ ဧရာဝတီစင်တာမှာ ကွာရန်တင်းဝင်နေရင်း ကိုဗစ်ကူးစက်ခံရသူအချင်းချင်းကို ကူညီပေးခွင့်ရလို့ ပီတိဖြစ်နေတဲ့အကြောင်းပြောလာပါတယ်။ 

Photo: Nay Lin

နေလင်းကတော့ နိုဝင်ဘာလ (၂၄) ရက်နေ့တုန်းက ကိုဗစ်ကူးစက်ခံလိုက်ရတဲ့အတွက် ဧရာဝတီစင်တာမှာ ကွာရန်တင်းဝင်ခဲ့ရတာဖြစ်ပါတယ်။ သူဟာ ကွာရန်တင်းဝင်နေရတဲ့ အချိန်တွေမှာ အများအတွက် အကျိုးရှိစေဖို့အတွက် ဧရာဝတီစင်တာမှာရှိတဲ့ Volunteer တစ်ယောက်အနေနဲ့ ကူညီပေးနေတဲ့ ပီတိလေးကို အခုလို ပြောပြခဲ့ပါတယ်။ 

" အဆိုး ထဲကအကောင်းတွေကိုရှာဖွေတွေ့ရှိခဲ့ပါတယ်။ ကိုယ်တိုင် P သွားပေမယ့် ကိုယ့်လိုဝေဒနာခံစားရသူ‌တွေကို အချင်းချင်း ပြန်လည်စောင့်ရှောက်ခွင့်ရတဲ့အတွက် အတိုင်းမသိ ကျေနပ်ပ်ီတိဖြစ်ရပါတယ် အားလုံးပဲ စိတ်ချမ်းသာကိုယ်ကျန်းမာလို့ ကပ်ဆိုးကြီးမှကင်းဝေးကြပါစေခင်ဗျာ" ဆိုပြီးတော့ ဒီဇင်ဘာလ (၄) ရက်နေ့ ည ၁၁ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

Photo: Nay Lin

ဒါ့အပြင် နေလင်းဟာ သူ့လိုပဲ ကိုဗစ်ရောဂါကူးစက်ခံနေရတဲ့ လူရွှင်တော်ကြီး ဦးမိုးဒီရဲ့ ကျန်းမာရေးအခြေအနေကိုလည်း သွားရောက် စောင့်ရှောက်ပေးနေတာကို တွေ့ရပါတယ်။ လူရွှင်တော်တွေထဲမှာ လေးစားရတဲ့ ဦးမိုးဒီကို ကျန်းမာရေးအမြန်ဆုံးပြန်ကောင်းလာဖို့ မျှော်လင့်တဲ့အကြောင်းကိုလည်း အမှတ်တရ ဓာတ်ပုံတင်ရင်း ဆုတောင်းစကားဆိုထားပါသေးတယ်။ ဧရာဝတီစင်တာမှာ Volunteer တစ်ယောက်အနေနဲ့ ကူညီဆောင်ရွက်ပေးနေတဲ့ နေလင်းရဲ့ စိတ်ဓာတ်ကိုလည်း ပရိသတ်တွေက ချီးကျူးစကားဆိုခဲ့ကြပါသေးတယ်။ 

Photo: Nay Lin

နေလင်းကိုတော့ ဟာသဇာတ်ပို့ သရုပ်ဆောင်အဖြစ် ဇာတ်ကားတော်တော်များများမှာ ပါဝင်သရုပ်ဆောင်ကြရင်းက ပရိသတ်တွေ စတင်သိရှိလာကြတာဖြစ်ပါတယ်။ လက်ရှိမှာတော့ နေလင်းဟာ ဒါရိုက်တာတစ်ယောက်အနေနဲ့ ဗီဒီယိုဇာတ်ကားတွေ ရိုက်ကူး နေရတာဖြစ်ပြီး ဇော်ဇော်အောင်ကတော့ ရုပ်ရှင်ဇာတ်ကားတွေ ရိုက်ကူးနေတာကို တွေ့ရပါတယ်။




ဆက်စပ်အကြောင်းအရာများ


Author


က္က