ငွေမှုံရတီအတွက်ကလည်း ပထမဆုံးသီချင်းပါ။

ရွှေထူးကတော့ သူ့ရဲ့ နောက်ထပ် ထွက်ရှိလာမယ့် သီချင်းအသစ်လေးတွေကို Live မှာ မမိတ်ဆက်ပေးတော့ဘူးလို့ ဆိုလာပါတယ်။ 

Photo: Bling Bling



ရွှေထူးကတော့ နိုဝင်ဘာလ(၂၇) ရက်နေ့တုန်းက ထွက်ရှိခဲ့တဲ့ “ ဖြေ” သီချင်းအသစ်လေးနဲ့ ပတ်သက်ပြီး သူ့ရဲ့ သဘောထားကို ပြောပြလာပါတယ်။ ဒါက ငွေမှုံရတီအတွက် ပထမဆုံး သီချင်းလည်း ဖြစ်သလို သီချင်းမထွက်ခင်အချိန်မှာ အွန်လိုင်းပေါ် ရောက်သွားခဲ့ရတယ်လို့ ဆိုပါတယ်။ 

“ ဖြေ သီချင်းက ငွေမှုံရတီ ပထမဆုံး ဆိုဖူးတဲ့ သီချင်းပါ။ သူ့မှာလည်း အမှားအယွင်းလေးတွေ ရှိမှာပါ။ နောက်ထပ်ပိုပြီးတော့လည်း သူ့ကို ဒီ့ထက်ပိုကောင်းအောင် ရေးပေးပါဦးမယ်။ ကျွန်တော် ကိုယ်တိုင်လည်း သီချင်းကောင်းလေးတွေ ထပ်ရေးပါဦးမယ်။ ဖြေ သီချင်းတုန်းက Live လွှင့်ပြီး တစ်ပတ်လောက်ကြာမှ တင်ပေးပါလို့ပြောထားတာကို တချို့က စောင့်ပေးကြတယ်၊ တချို့က မနေနိုင်လို့ တင်လိုက်ကြတယ်။ ဘာပဲဖြစ်ဖြစ် Support ပေးလို့ ကျေးဇူးတင်ပါတယ်။ တကယ်လို့များ နောက်ထပ်သီချင်းတွေ ထွက်လာရင် (၃) ရက်လောက်တော့ စောင့်ပေးကြပါ။ ကျွန်တော့် ပေ့ချ်မှာ တင်ပြီး (၃) ရက်လောက်အထိ ပရိသတ်တွေ ဘယ်လောက် အားပေးကြတယ်ဆိုတာကိုလည်း ကြည့်ချင်ပါသေးတယ်” လို့ သူက ဆိုပါတယ်။ 

Photo: Bling Bling

ရွှေထူးဟာ Facebook မှာ Live လွှင့်တိုင်း သူ့ရဲ့ သီချင်းလေးတွေကို အမြည်းသဘောအနေနဲ့ မကြာခဏ မိတ်ဆက်ပေးလေ့ရှိသူ တစ်ယောက်ပါ။ ဒါပေမယ့် “ ဖြေ” သီချင်းတုန်းကလို ကြုံရမှာစိုးရိမ်တဲ့အတွက် Live လွှင့်ရင် သီချင်းတွေကို မဖွင့်ပြတော့ဘူးလို့လည်း ပရိသတ်ကို စိတ်မကောင်းစွာ ပြောပြလိုက်ပါတယ်။ 

“ Live မှာ ကျွန်တော် သီချင်းအသစ်တွေကို မဖွင့်ပြရဲတော့ဘူး။ ပြီးတော့ တစ်ခု Request လုပ်ချင်တာက Music Video လုပ်ရင် သီချင်းအသစ်တွေကို Facebook မှာ ဗီဒီယို မတင်ပဲနဲ့ YouTube Link လေး တင်ပေးပါမယ်။ YouTube Link လေးကို နှိပ်ပြီး အပြည့်အဝ အားပေးဖို့လည်း ကျွန်တော် တောင်းဆိုပါရစေ။ Share ရင်လည်း YouTube Link လေးကို Share ပေးကြပါ။ ဘာကြောင့်လဲ ဆိုတော့ ကဲကဲ နဲ့ ဆိုထားတဲ့ " ဖြေ" သီချင်းလေးကို ကျွန်တော်က Live မှာ မိတ်ဆက်ပေးလိုက်တာကို Screen Record ယူပြီး Facebook မှာ ချက်ချင်းပြန်တင်လိုက်ကြတဲ့ ပရိသတ်တွေ ရှိတော့ သီချင်းမထွက်ခင်မှာ အဲဒီလိုကြုံရတော့ စိတ်မကောင်းဖြစ်ရပါတယ်" ဆိုပြီးတော့ ဒီဇင်ဘာလ (၅) ရက်နေ့နေ့လယ် (၃) နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်ပေ့ချ်မှာ Live လွှင့်ရင်း ပြောခဲ့တာပါ။ 

Photo: Bling Bling

အဲဒီနောက် ရွှေထူးဟာ သီချင်းတွေလည်း ရေးနေသလို သူကိုယ်တိုင်ဆိုထားတဲ့ တစ်ကိုယ်တော် အခွေလည်း ထွက်လာဖို့ ပြင်ဆင်နေပြီလို့ ပရိသတ်ကို သတင်းကောင်းပါးခဲ့ပါသေးတယ်။ 

“ ကျွန်တော် Album အသစ်ထွက်ဖို့ရှိပါသေးတယ်။ သီချင်းတွေကတော့ နေ့တိုင်းလုပ်ဖြစ်နေတယ်။ အသစ်ထွက်လာရင်လည်း ပရိသတ်တွေ အားပေးကြဖို့ မျှော်လင့်ပါတယ်။ ပရိသတ်အကြိုက်နဲ့ ထပ်တူကျတဲ့ သီချင်းတွေလည်း ထွက်ထားပြီးပြီ နောက်ထပ် ထွက်လာမယ့် သီချင်းတွေမှာလည်း ပရိသတ်တွေ အကြိုက်ထပ် ကျွန်တော့် အကြိုက်ပိုလုပ်ထားတာများတယ်။ ဒါကိုလည်း ကြိုက်ရင် အားပေးကြပါ၊ မကြိုက်ရင်လည်း မကြည့်ပါနဲ့လို့ ကြိုတောင်းဆိုပါရစေ” လို့ ဆိုပါတယ်။ 

လက်ရှိမှာ ရွှေထူးကိုတော့ အချစ်သီချင်းတွေကနေတဆင့် ပရိသတ်တွေ စတင်သိရှိလာတာ ဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ ဂီတနဲ့ပတ်သက်ပြီး ‘’စိတ်ကူးယဉ်စာအုပ်’’ ၊ ‘’I’’ ဆိုတဲ့ တစ်ကိုယ်တော်အခွေ ၂ ခွေထွက်ရှိခဲ့ပါတယ်။ အဲဒီနောက် သူ့ရဲ့ Single Song အသစ်လေးတွေကိုလည်း အွန်လိုင်း စာမျက်နှာပေါ်မှာ တင်ခဲ့တာကိုလည်း တွေ့ရပါတယ်။ သူဟာ သရုပ်ဆောင်အလုပ်တွေလည်း တစိုက်မတ်မတ်လုပ်ဆောင်လာ တာဖြစ်သလို သီချင်းတွေအသစ်တွေလည်း ကိုယ်တိုင်ဖန်တီးနေတယ်လို့ သိရပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က