Volunteer တစ်ယောက်အနေနဲ့ ပြန်လာခဲ့ပါဦးမယ်။
Sabal Thwin

နေလင်းကတော့ ကွာရန်တင်း ဝင်နေရင်း Volunteer အတူတူလုပ်ခဲ့ဖူးတဲ့ မိတ်ဆွေတွေကို သတိရနေတဲ့အကြောင်းတွေ ပြောပြခဲ့ပါတယ်။ 

Photo: Nay Linn



နေလင်းကတော့ နိုဝင်ဘာလ(၂၄) ရက်နေ့တုန်းက ကိုဗစ်ကူးစက်ခံရလို့ ဧရာဝတီစင်တာမှာ ဆေးကုသမှု ခံယူခဲ့ရပါတယ်။ သူ့ အနေနဲ့ ကွာရန်တင်းဝင်နေတဲ့ အချိန် ဧရာဝတီစင်တာမှာ Volunteer တစ်ယောက်အနေနဲ့ အကူအညီတွေ ပေးခွင့်ရခဲ့တဲ့ ပီတိကို ပြောပြလာပါတယ်။ 

"ကျွန်တော်အိမ်ပြန်ရောက်ပါပြီ ခင်ဗျာ။ အားလုံး အာလုံးကို ကျေးဇူးတင်ပါတယ် ခင်ဗျာ။ ဧရာ စင်တာမှာကျန်ခဲ့သူအားလုံး ကိုလည်းသတိရနေပါတယ်ခင်ဗျာ။ အတွင်းစည်း၊ အပြင်စည်းအားလုံး ဘေးကင်းကြပါစေခင်ဗျာ။ လူကအပြင်‌ရောက်သွား‌ပေမယ့် စိတ်ကတော့Q မိနေတုန်းပါလို့လမ်းကြုံရင်မျက်ဝန်းတစ်စုံကိုပြောပေးကြပါဦးဗျာ ....P (Positive)ဘဝကနေ Q (Quarantine)ဝင်ရပြီး R (Relationship) P Q R မဖြစ်ခဲ့ရ‌‌ပေမယ့် V (Volunteers) Official ဘဝနဲ့မကြာခင်ပြန်လာခဲ့ပါမယ်ခင်ဗျာ" ဆိုပြီးတော့ ဒီဇင်ဘာလ (၇) ရက်နေ့ ည (၈) နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့တာဖြစ်ပါတယ်။ 

Photo: Nay Linn

ဒါ့အပြင် နေလင်းဟာ သူ့လိုပဲ ကိုဗစ်ရောဂါကူးစက်ခံနေရတဲ့ လူရွှင်တော်ကြီး ဦးမိုးဒီရဲ့ ကျန်းမာရေးအခြေအနေကိုလည်း သွားရောက် စောင့်ရှောက်ပေးခဲ့တာကို တွေ့ရပါတယ်။ လူရွှင်တော်တွေထဲမှာ လေးစားရတဲ့ ဦးမိုးဒီကို ကျန်းမာရေးအမြန်ဆုံးပြန်ကောင်းလာဖို့ မျှော်လင့်တဲ့အကြောင်းကိုလည်း အမှတ်တရ ဓာတ်ပုံတင်ရင်း ဆုတောင်းစကားဆိုထားပါသေးတယ်။ ဧရာဝတီစင်တာမှာ Volunteer တစ်ယောက်အနေနဲ့ ကူညီဆောင်ရွက်ပေးခဲ့တဲ့ နေလင်းရဲ့ စိတ်ဓာတ်ကိုလည်း ပရိသတ်တွေက ချီးကျူးစကားဆိုခဲ့ကြပါသေးတယ်။ 

Photo: Nay Linn

နေလင်းကိုတော့ ဟာသဇာတ်ပို့ သရုပ်ဆောင်အဖြစ် ဇာတ်ကားတော်တော်များများမှာ ပါဝင်သရုပ်ဆောင်ကြရင်းက ပရိသတ်တွေ စတင်သိရှိလာကြတာဖြစ်ပါတယ်။ လက်ရှိမှာတော့ နေလင်းဟာ ဒါရိုက်တာတစ်ယောက်အနေနဲ့ ဗီဒီယိုဇာတ်ကားတွေ ရိုက်ကူး နေရတာဖြစ်ပြီး ဇော်ဇော်အောင်ကတော့ ရုပ်ရှင်ဇာတ်ကားတွေ ရိုက်ကူးနေတာကို တွေ့ရပါတယ်။




ဆက်စပ်အကြောင်းအရာများ


Author

  • Sabal Thwin

    Entertainment Reporter


က္က