ကမ္ဘာကျော် အနုပညာရှင်တွေနဲ့အတူ ပါဝင်ခဲ့တာပါ။
Ei Ei Myat

အာရှနဲ့ ပစိဖိတ်ဒေသက လူမှုကွန်ယက်စာမျက်နှာတွေပေါ်မှာ ပရိသတ်တွေအပေါ် လွှမ်းမိုးနိုင်မှု အများဆုံး အနုပညာရှင်တွေကို ရွေးချယ်ဖော်ပြတာ ဖြစ်ပါတယ်။

Photo - Forbes

အမေရိကန်အခြေစိုက် နာမည်ကြီး မဂ္ဂဇင်းတစ်ခုဖြစ်တဲ့ Forbes မဂ္ဂဇင်းက ထုတ်ပြန်လိုက်တဲ့ Top 100 Asia's Digital Stars စာရင်းထဲမှာကမ္ဘာကျော် အနုပညာရှင်တွေနဲ့အတူ မြန်မာနိုင်ငံက ထိပ်တန်းအနုပညာရှင် တွေဖြစ်တဲ့ စိုင်းစိုင်းခမ်းလှိုင်နဲ့ ဝတ်မှုံရွှေရည်တို့ ပါဝင်ခဲ့ပါတယ်။

အခုထုတ်ပြန်လိုက်တဲ့ ဒီစာရင်းတွေကို Forbes Asiaကနေ ထုတ်ပြန်ကြေညာပေးတာဖြစ်ပြီး အာရှနဲ့ ပစိဖိတ်ဒေသက လူမှုကွန်ယက်စာမျက်နှာတွေပေါ်မှာ ပရိသတ်တွေအပေါ် လွှမ်းမိုးနိုင်မှု အများဆုံး အနုပညာရှင်တွေကို ရွေးချယ်ဖော်ပြတာ ဖြစ်ပါတယ်။ ဒီနှစ်ရွေးချယ်လိုက်တဲ့ စာရင်းထဲမှာ မြန်မာနိုင်ငံ အနုပညာရှင်တွေ ပါဝင်ခဲ့တာပါ။

Photo - Forbes

စိုင်းစိုင်းနဲ့ ဝတ်မှုံရွှေရည်ကလည်း သူတို့ရဲ့ ခံစားချက်တွေကို ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာ အခုလိုပြောပြထားပါသေးတယ်။

“Forbes Magazine က ရွေးချယ်တဲ့ Forbes Asia’s digital stars အယောက် (၁၀၀) မှာ မြန်မာနိုင်ငံ ကိုယ်စားပြုအနေနဲ့ ကစ် ရွေးချယ်ခံရပါတယ်...ကစ်ကို ချစ်ခင်အားပေးကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီကိုxo xo “ဆိုပြီး ဝတ်မှုံရွှေရည်က ပြောထားပါတယ်။ စိုင်းစိုင်းကလည်း သူ့ရဲ့ ဖေ့စ်ဘွတ်မှာ “Forbes က အာရှ Digital Star အယောက်တစ်ရာစာရင်းမှာ ကျွန်တော့်ကိုထည့်ထားတယ် ကျွန်တော့်ပရိသတ်တွေရဲ့ အားပေးမှုကြောင့် ဖြစ်မှာပဲ Thanks to my fans” ဆိုပြီး ရေးသားထားတာတွေ့ရပါတယ်။


Forbes Asia’s 100 digital stars စာရင်းထဲမှာ စိုင်းစိုင်းနဲ့ ဝတ်မှုံရွှေရည်တို့ဟာ Hugh Jackman၊ Margot Robbie၊ Chris Hemsworth စတဲ့ ကမ္ဘာကျော် သြစတြေးလျသရုပ်ဆောင်များ၊ Black pink၊Twice၊ BTS , EXO စတဲ့ ကမ္ဘာကျော် ကိုရီးယားအဆိုတော်အဖွဲ့များ Lee Min Ho၊ Kim So-hyun၊ Lee Dong-wook၊ Ji Chang-wook ၊ Park Shin-hye၊ IU၊ Suzy စတဲ့ နာမည်ကြီးကိုရီးယားစတားများ၊ Amitabh Bachchan ၊ Shah Ruah Khun ၊ Akshay Kumar ၊ Ranveer Singh ၊ Anushka Sharma ၊ Katrina Kaif စတဲ့ ဘောလိဝုဒ်အကျော်အမော်များ၊ ထိုင်းနိုင်ငံရဲ့ နာမည်ကျော်တွေဖြစ်တဲ့ Mario မင်းသမီး Davika တို့အပါအ၀င် တခြား Asia Pacific ရဲ့ နာမည်ကြီး အနုပညာရှင်များနဲ့အတူ ပါဝင်လာတာ ဖြစ်ပါတယ်။




Author

  • Ei Ei Myat

    Senior Reporter


က္က