ကိုယ်တိုင် လေ့လာနေတာကိုလည်း တွေ့ရပါတယ်။

ဝင်းခန့်မိုးကတော့ ကိုဗစ်ကြောင့် အနုပညာအလုပ်တွေ ရပ်နားထားတဲ့ အချိန်မှာ ဖခင်ဖြစ်သူနဲ့ အတူ ဆိုက် အင်ဂျင်နီယာအလုပ်ကို လေ့လာသင်ယူနေတယ်လို့ ဆိုပါတယ်။ 

Photo: Win Khant Moe



ဝင်းခန့်မိုးကိုတော့ ဝါရင့်သရုပ်ဆောင် အကယ်ဒမီ ချိုပြုံးရဲ့ မြေး အဖြစ် ပရိသတ်တွေ သိရှိပြီးသားဖြစ်မှာပါ။ အနုပညာလှုပ်ရှားမှုအနေနဲ့ ကြော်ငြာတွေလည်း ရိုက်ကူးထားတာ တွေ့ရပါတယ်။ လက်ရှိဖြစ်ပေါ်နေတဲ့ COVID-19 ကူးစက်ရောဂါကြောင့် အနုပညာအလုပ်တွေ ရပ်နားထားရတဲ့ အချိန်မှာ ဖခင်ဖြစ်သူနဲ့ အတူ ဆောက်လုပ်ရေးလုပ်ငန်းတွေမှာ ဝင်ရောက်လေ့လာနေတယ်လို့ သိရပါတယ်။ 

“ ကျွန်တော် မနက်ပိုင်း ဆိုက်ထဲ မသွားခင်မှာ အရင်နေ့က အလုပ်လုပ်ခဲ့တဲ့ စာရင်းတွေကို တွက်လေ့ရှိတယ်။ ပြီးတော့ နေပူကြီးထဲမှာ PPE ဝတ်စုံဝတ်ပြီးတော့ ဆိုက် အင်ဂျင်နီယာ လုပ်ရတာလည်း ဝါသနာပါတယ်၊ သဘောကျတယ်။ ကျွန်တော် Vlog ရိုက်နေလို့ အဖေကတော့ ဆူနေပြီ။ ကင်မရာအရှေ့မှာ မိတ်ကပ်လိမ်းပြီး Air Con အခန်းထဲမှာ ပြုံးပြရတာကိုလည်း သဘောကျပါတယ်” ဆိုပြီးတော့ ဒီဇင်ဘာလ ၁၁ ရက်နေ့ ည ၇ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ အမှတ်တရ ဗီဒီယို တင်ရင်း ပြောခဲ့တာပါ။ 

Photo: Win Khant Moe

ဝင်းခန့်မိုးဟာ ကိုဗစ်ကာလမှာ သူဝါသနာပါတဲ့ အလုပ်လေးတွေကို လေ့လာနေတာဖြစ်ပြီး အပေါင်းအသင်းတွေကိုလည်း ခင်တတ်သူဖြစ်တာကြောင့် မကြာခဏ ဆုံတွေ့ဖြစ်တယ်လို့ ပြောပါတယ်။ ဒါ့အပြင် ဝင်းခန့်မိုးဟာ အဘွားဖြစ်သူ ဝါရင့်သရုပ်ဆောင်ကြီး အကယ်ဒမီချိုပြုံးနဲ့အတူ Tik Tok ဗီဒီယိုလေးတွေလည်း ရိုက်ထားတာကို တွေ့ရပါတယ်။ သူတို့ မြေးအဘွား နှစ်ယောက်ရဲ့ Tik Tok ဗီဒီယိုလေးတွေကိုလည်း ပရိသတ်အများစုက သဘောကျ နှစ်ခြိုက်ကြတယ်လို့လည်း သိရပါတယ်။

 

Photo: Win Khant Moe

အကယ်ဒမီချိုပြုံးရဲ့ မြေးတွေထဲမှာတော့ ဝင်းခန့်မိုးဟာ အဘွားဖြစ်သူရဲ့ အနုပညာအမွေကို ဆက်လက် ခံယူထားသူ တစ်ယောက်ဖြစ်ပါတယ်။ သူ့ကိုတော့ ၂၀၁၈ ခုနှစ်အတွက် အကယ်ဒမီ ရွှေကြိုမောင် တစ်ယောက်အနေနဲ့ ပရိသတ်တွေအားပေးခဲ့တာပါ။ အသက်ငယ်သူလည်းဖြစ်သလို ရုပ်ရှည်ချောမောလွန်းတာကြောင့် မိန်းကလေးပရိသတ်တွေ အားပေးမှုရရှိထားသူတစ်ယောက်ပါ။ အနုပညာလှုပ်ရှားမှု အနေနဲ့ ဒါရိုက်တာ ထူးပိုင်ဇော်ဦးရိုက်ကူးတဲ့ " လရဲ့ အောက်ဘက် မိုင်အဝေးမှာ" ဆိုတဲ့ ရုပ်ရှင်ကားကြီးထဲမှာ အကယ်ဒမီ အိန္ဒြာကျော်ဇင်ရဲ့ သားငယ် တစ်ဦးအဖြစ် ပါဝင်သရုပ်ဆောင်ထားတာကိုလည်း တွေ့ရပါတယ်။ ဒါ့အပြင် " Yangon In Love" ဆိုတဲ့ ရုပ်ရှင်ကားကြီးကိုလည်း ရိုက်ကူးသွားဦးမယ်လို့ သိရပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က