ဇနီးချောကြောင့် အဓိပ္ပာယ်ရှိခဲ့တဲ့ အမှတ်တရတွေကို ပြောပြလာပါတယ်။

ခင်လှိုင်က သူ့အတွက် လိုအပ်တာ ၊သားသမီးတွေအတွက် လိုအပ်တာ မှန်သမျှကို နောက်ကွယ်ကနေ ဖြည့်ဆည်းပေးတတ်တဲ့ ဇနီးဖြစ်သူ အတွက် ယခုလိုမွေးနေ့ဆုတောင်းစကားလေး ပြောလာပါတယ် ။

Photo: Khin Hlaing



ခင်လှိုင်ကတော့ ဇနီးဖြစ်သူရဲ့ မွေးနေ့လေးမှာ အမှတ်တရ ဓာတ်ပုံလေးတွေနဲ့ တကွ မွေးနေ့ ဆုတောင်းစကားတွေ ပြောခဲ့ပါတယ်။ “ သားကို သခင်..လင်ကိုဘုရား” ဆိုတဲ့ အဓိပ္ပာယ်ကိုလည်း ဇနီး ကြောင့်ပဲ နားလည်လာခဲ့တာလို့ ဆိုပါတယ်။ 

“ သားကိုသခင်...လင်ကိုဘုရား။ ကျွန်တော်ငယ်ထဲကကြားဘူးခဲ့တဲ့စကားလေးပါ။ အဲ့ဒီစကားလေးရဲ့ အဓိပ္ပါယ်ကိုတော့ ကျွန်တော်အခုအချိန်ရောက်မှသေသေချာချာနားလည်လာခဲ့တာပါ။ ခုလိုနားလည်လာခဲ့ရ တာလည်း ကျွန်တော့်ရဲ့ရှု့မငြီးတဲ့ ❤️❤️❤️ချစ်ဇနီးကြောင့်ပေါ့❤️❤️❤️။ ကျွန်တော်ပင်ပန်းသလို သူလည်း ထပ်တူ အပင်ပန်းခံပြီးမိသားစုအတွက်ကြိုးစားပေးခဲ့တဲ့ ကျွန်တော်ချစ်သောကျွန်တော်တို့ကိုချစ်သော မငယ်လေး ..သို့မဟုတ်..မငွေသိမ်း မွေးနေ့ရက်မြတ်မင်္ဂလာမှစပြီးဘဝတစ်လျှောက်လုံး ငယ်လေးချစ်တဲ့ မိသားစုကြီးနှင့်မခွဲမခွာ အတူတကွ သာယာပျော်ရွှင်နိုင်ပါစေ မငွေသိမ်းရေ မှတ်ချက်... မွေးနေ့လက်ဆောင်ကတော့ ငဗစ်အလွန်” ဆိုပြီးတော့ ဒီဇင်ဘာလ (၁၂) ရက်နေ့ မနက် (၁၀) နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။ 

Photo: Khin Hlaing

ခင်လှိုင်ဟာ သူ့ရဲ့ အနုပညာအလုပ်တွေမှာရော၊ မိသားစုအရေးမှာပါ ဇနီးဖြစ်သူက အရမ်းအားကိုး ရတယ်ဆိုတာကို မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုလေ့ရှိပါတယ်။ ခင်ပွန်းရဲ့ လိုအပ်ချက်၊ သားသမီးတွေရဲ့ လိုအပ်ချက်တွေကိုလည်း မငြီးမငြူ ဖြည့်ဆည်းပေးတဲ့ ဇနီးကောင်းတစ်ယောက်ဆိုတာကိုလည်း အခုလို ချီးကျူးစကားဆိုထားပါသေးတယ်။ 

“ကျွန်တော်လိုအပ်နေတာမှန်သမျှ..သူအလိုလိုသိတယ်၊ ကျွန်တော်ဖြစ်ချင်တဲ့ အရာမှန်သမျှ ..သူလိုက်လျှောတယ်၊ ကျွန်တော်ဆိုးပေတေ ခဲ့သမျှ...သူသည်းခံပြီးချစ်ခဲ့တယ်၊ သားသမီးတွေ လိုအပ်တာမှန်သမျှ..သူဖြည့်ဆည်းခဲ့တယ်၊ သားသမီးတွေ အတွက်လို အပ်လာပြီဆိုရင်.. သူအလွန်မြတ်နိုးတန်ဖိုးထားတဲ့သူရဲ့လက်ဝတ်ရတနာတွေကိုရောင်းချပေးပြီးအပြုံးမပျက်ပျော်နေတတ်တယ်” လို့လည်း ဆက်လက် ရေးသားထားပါသေးတယ်။ 

Photo: Khin Hlaing

သရုပ်ဆောင် ခင်လှိုင်ဟာ ရုပ်ရှင်ဘက်မှာ ဟာသသရုပ်ဆောင် တစ်ယောက်အဖြစ် ရပ်တည်လာရင်း အခုဆိုရင် ကိုယ်တိုင် ဒါရိုက်တာအဖြစ်ရိုက်ကူးထားတဲ့ ရုပ်ရှင်ကားကြီးတွေတောင်ရှိနေပါပြီ။ သူဟာ အလှူအတန်းနဲ့ ပတ်သက်လာရင်လည်း လက်မနှေးသူတစ်ယောက်လို့ ပြောရမှာပါ။ အမြဲတမ်းလိုလို စတုဒီသာ အလှူတွေ၊ ရေအလှူတွေ ပြုလုပ်လေ့ရှိပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က