တစ်နှစ်တာလုံးအတွက် ရွှေလေလိုင်းကနေတဆင့် သီချင်းတောင်ဆိုမှု အများဆုံး ဆု ဖြစ်ပါတယ်။

“(၂၀၁၉ - ၂၀၂၀ ) တနှစ်တာအတွင်း Shwe FM Radio ၏ ရွှေလေလှိုင်းမှတဆင့် ပရိသတ်တောင်းဆိုမှုအများဆုံး " အမျိုးသားတေးသံရှင်ဆု " ကို ရရှိတဲ့အတွက် ကျွန်တော်အရမ်းဝမ်းသာရပါတယ်။ဒီဆုက ကျွန်တော့်ထက် ကျွန်တော် We love မိသားစုကြီးကရတာဆိုရင် ပိုမှန်ပါတယ်" လို့ သူက ဆိုပါတယ်။

Photo : Phyo myat aung

အဆိုတော် ဖြိုးမြတ်အောင်က Shwe FM က ချီးမြှင့်တဲ့ ၂၀၁၉ - ၂၀၂၀ ခုနှစ် ပရိသတ်တောင်းဆိုမှု အများဆုံး အမျိုးသားတေးသံရှင်ဆုကို "ဒုတိယဘုရားသခင်" သီချင်းနဲ့ ရရှိသွားခဲ့ပါပြီ။ အခုလိုမျိုး ကိုဗစ်ကာလကြီးမှာတောင် သူ့ကို ဝိုင်းပြီး သီချင်းတောင်း အားပေးကြတဲ့ ပရိသတ်တွေအတွက်ကိုလည်း ဖြိုးမြတ်အောင်က ကျေးဇူးတင်စကားပြောထားပါသေးတယ်။

“(၂၀၁၉ - ၂၀၂၀ ) တနှစ်တာအတွင်း Shwe FM Radio ၏ ရွှေလေလှိုင်းမှတဆင့် ပရိသတ်တောင်းဆိုမှုအများဆုံး " အမျိုးသားတေးသံရှင်ဆု " ကို ရရှိတဲ့အတွက် ကျွန်တော်အရမ်းဝမ်းသာရပါတယ်။ဒီဆုက ကျွန်တော့်ထက် ကျွန်တော် We love မိသားစုကြီးကရတာဆိုရင် ပိုမှန်ပါတယ်။ကျွန်တော် ဒီလိုဆုရအောင် ဒီလို ကပ်ရောဂါကာလကြီးမှာတောင် မပျက်မကွက်နဲ့ အပင်ပန်းခံ အချိန်ကုန်ခံ အလုပ်ရှုပ်ခံပြီး သီချင်းတောင်းဆိုပေးကြတဲ့ ကျွန်တော်ရဲ့ ပြည်တွင်းပြည်ပ မှချစ်ရသော We love မိသားစုများကို ရင်ထဲကနေ လှိုက်လှိုက်လှဲလှဲ အထူးပဲကျေးဇူးတင်ပါတယ်။ အလုပ်တွေမအားလို့ သီချင်းတောင်းတဲ့အထဲမပါပေမဲ့လည်း ကျွန်တော်ကို နည်းအမျိုးမျိုး ပုံစံမျိုးစုံနဲ့ အားပေးချစ်ခင်ကြတဲ့ ပရိသတ်များအားလုံးကိုလည်း ကျေးဇူးတင်ပါတယ်” လို့ သူ့ရဲ့ ဖေ့စ်ဘွတ် စာမျက်နှာမှာ ဒီဇင်ဘာ(၁၂) ရက်နေ့ညက ရေးသားထားတာဖြစ်ပါတယ်။

Photo : Phyo myat aung

ဆက်လက်ပြီးတော့လည်း လာမယ့် ၂၀၂၁ ခုနှစ် နှစ်ကူးကာလအတွက်ပရိသတ်တွေကို နှစ်သစ်ကူး စကားလေး ပါးထားပါသေးတယ်။

“အားလုံးပဲ လာမည့် ၂၀၂၁ ခုနှစ် နှစ်သစ်ကူးကာလကစလို့ ကပ်ရောဂါများ၊ သဘာဝဘေးများမှကင်းလွတ်ကြပြီး စီးပွားလုပ်ငန်းများ စည်းစိမ်ဥစ္စာရတနာများ လည်းတိုးတက်ကောင်းမွန်ကြပါစေကြောင်း နှစ်သစ်ကူးဆုတောင်းလေးလည်း ပို့သလိုက်ပါတယ်ဗျ” လို့ ဆိုပါတယ်။

ဖြိုးမြတ်အောင် ကိုတော့ Myanmar Idol Season 3 Winner တစ်ယောက်အဖြစ် ပရိသတ်တွေ စတင်အားပေးခဲ့ကြတာ ဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ သူ့ရဲ့ ဂီတခြေလှမ်းတွေကိုအသေးစိတ်မြင်တွေ့လာရတာဖြစ်ပါတယ်။ Myanmar Idol က နေရရှိလာတဲ့ ဆုငွေတွေကိုလည်းဖြိုးမြတ်အောင်က အလှူအတန်းတွေ အဆက်မပြတ် လုပ်ခဲ့တာကို တွေ့ရပါတယ်။ အနုပညာအလုပ်အပြင် ပရဟိတအလုပ်တွေကိုပါ ဦးစားပေး လုပ်ကိုင်တတ်တဲ့ ဖြိုးမြတ်အောင်က ဘာသာရေး ကိုင်းရှိုင်းသူ တစ်ယောက်လည်း ဖြစ်ပါတယ်။ ပြိုင်ပွဲပြီးကတည်းက ဘာသာရေးနဲ့ ပတ်သက်ပြီး အားသွန်ခွန်စိုက်လုပ်ကိုင်လျက်ရှိတဲ့ ဖြိုးမြတ်အောင်ဟာ အလုပ်တွေ ရှုပ်နေတဲ့ အချိန်မှာတောင် ဘာသာရေးနဲ့ ပတ်သက်ပြီး ပုံမှန်လုပ်ဖြစ်နေတယ်လို့ သိရပါတယ်။



က္က