သူမလည်း ပျော်သလို ပရိသတ်တွေလည်း ပျော်နေကြပါတယ်။
Ei Ei Myat

ဝိုင်းစုကတော့ Shwe FM Radio  (၁၁) နှစ်ပြည့် နှစ်ပတ်လည် ဆုပေးပွဲ အခမ်းအနားမှာ ရွှေလေလိုင်းကတဆင့် ပရိသတ်တောင်းဆိုမှု အများဆုံး အမျိုးသမီး တေးသံရှင်ဆုကို ငွေသုန္ဒရီ သီချင်းနဲ့ ရရှိပိုင်ဆိုင်ခဲ့ပါတယ်။

Photo : ဝိုင်းစု

ပရိသတ်တွေရဲ့ အချစ်တော် အဆိုတော် ဝိုင်းစုခိုင်သိန်းကတော့ Shwe FM (၁၁)နှစ်ပြည့် နှစ်ပတ်လည် ပွဲမှာ ၂၀၁၉-၂၀၂၀ ခုနှစ် ပရိသတ်တောင်းဆိုမှု အများဆုံး အမျိုးသမီး တေးသံရှင် ဆုကို ရရှိခဲ့ပါတယ်။ ဒီနှစ်ရရှိတဲ့ ဆုက သူမအတွက် တကယ့်ကို အမှတ်တရဖြစ်စေတဲ့ ဆုဖြစ်တယ်လို့လည်း ဝိုင်းစုက ဆိုပါတယ်။ သူ့ရဲ့ နာမည်လေးကို ထည့်သွင်းပြီး ရေးသားသီဆိုထားတဲ့ ငွေသုန္ဒရီဆိုတဲ့ သီချင်းလေးနဲ့ ဆုရခဲ့တဲ့အတွက်လည်း အရမ်းကိုပျော်ပါတယ်တဲ့။

“ဝိုင်းစုလည်း အရမ်းပျော်ပါတယ်။ ဒီသီချင်းစထွက်ကတည်းက ပရိသတ်တွေ ဒီသီချင်းလေးကို အရမ်းကြိုက်ကြတယ် ပြီးတော့ ဒီသီချင်းနဲ့ ရတာနဲ့တင် အရမ်းပျော်ပါတယ်။ ဒီသီချင်းထဲမှာ ဝိုင်းစုရဲ့ နာမည်လေးကို ထည့်ရေးထားတာဆိုတော့ အဲသီချင်းနဲ့ ရတဲ့အတွက် အရမ်းကို ပျော်ပါတယ်။ သီချင်းတောင်းပေးကြတဲ့ We love အဖွဲ့သားတွေရော ပရိသတ်တွေအားလုံးကို ကျေးဇူးတင်ပါတယ်” ဆိုပြီး အွန်လိုင်းကနေ ကျေးဇူးတင်စကား ပြောခဲ့ပါတယ်။

Photo : ဝိုင်းစု

ဒီနှစ် Shwe FM (၁၁)နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားမှာ ၂၀၁၉ -၂၀၂၀ ခုနှစ် ရွှေလေလိုင်းကနေ တဆင့် ပရိသတ်တောင်းဆိုမှု အများဆုံး အမျိုးသား တေးသံရှင်ဆုကို ဖြိုးမြတ်အောင်က ရရှိခဲ့သလို ပရိသတ်တောင်းဆိုမှု အများဆုံး အမျိုးသမီး တေးသံရှင်ဆုကို အဆိုတော် ဝိုင်းစုခိုင်သိန်းက ရရှိခဲ့တာ ဖြစ်ပါတယ်။

သူမအရမ်းကြိုက်တဲ့ ငွေသုန္ဒရီ သီချင်းလေးနဲ့ ဆုရခဲ့တဲ့အတွက်လည်း သီချင်းလေးကို ဖန်တီးပေးထားတဲ့ တေးရေးဆရာကိုလည်းကျေးဇူးတင်စကားလေး ပြောထားပါသေးတယ်။

“ငွေသုန္ဒရီ သီချင်းလေးနဲ့ပဲ နှစ်ဆုရှိပြီ။အမ ဘဝအတွက် အမှတ်တရ သီချင်းကောင်းလေးကို သေချာစိတ်နှစ်ပြီးရေးပေးထားတာ ကျေးဇူးအများကြီးတင်ပါတယ် Wai Yanရေ။နောက်လည်း သီချင်းကောင်းလေးတွေ အများကြီးရေးပေးပါဦး Wai Yan ရေ” ဆိုပြီး သူမရဲ့ လူမှုကွန်ယက်ဖေ့စ်ဘွတ် စာမျက်နှာပေါ်မှာ ရေးသားထားပါတယ်။

Photo : ဝိုင်းစု

ဝိုင်းစုခိုင်သိန်းဟာ မက်လောက်စရာ၊ မျက်လှည့်၊ အာဘွား၊ ဂါ၊ မယ်သီတာ၊ ပြတ်စာ၊ နွားကျောင်းသူ စတဲ့ တစ်ကိုယ်တော်အခွေများစွာကို ထွက်ရှိထားပြီးဖြစ်ပါတယ်။ သူ့အနေနဲ့ ဂီတအပိုင်းမှာ အောင်မြင်လာပြီးတဲ့နောက် သရုပ်ဆောင်အလုပ်ကိုလည်း သိပ်မလုပ်ဖြစ်တော့ပါဘူး။ သူ့ရဲ့ ပရိသတ်တွေလည်း ကြိုက်မယ်၊ သူလည်းကြိုက်မယ့် ဇာတ်ကားကောင်းလေးတွေ တွေ့ရင်တော့ ရိုက်ဖြစ်ရင် ရိုက်မယ်ဆိုပြီးတော့ Duwun Media ရဲ့ အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။

 

 


Author


က္က