ကြွေ သီချင်းနဲ့ ရရှိခဲ့တာပါ။

မိဖူး ကတော့ ကြွေ သီချင်း နဲ့ ဂီတမှတ်တိုင် တစ်ခု စိုက်ထူခွင့်ရခဲ့တဲ့ ပီတိလေးကို အခုလို ပြောပြလာပါတယ်။ 

Photo: Mi Phoo



Shwe FM ရဲ့ (၁၁) နှစ်ပြည့် ဂီတဆုပေးပွဲမှာတော့ အဆိုတော် မိဖူးက " ကြွေ" သီချင်း နဲ့ Popular Award ဆုကို ရရှိပိုင်ဆိုင်သွားပြီဖြစ်ပါတယ်။ " ကြွေ" သီချင်းဟာ ဆယ်ကျော်သက် လူငယ်တွေရဲ့ ပါးစပ်ဖျားမှာလည်း ရေပန်းစားလျှက်ရှိပါတယ်။

" မိဖူးကို ခုလိုမျိုး သီချင်းတွေလုပ်ဖို့ ယုံကြည်မှုပေးခဲ့တဲ့ ဖေကြီးနဲ့မေကြီးကို ကျေးဇူးတင်ပါတယ်။ မိဖူးတို့လိုUnderground က လူငယ်တွေကို နေရာပေးခဲ့ကြတဲ့ ဆုချီးမြှင့်ပေးတဲ့ Shwe FM ကိုလဲ အထူးကျေးဇူးတင်ပါတယ်။ မိဖူးရဲ့ သီချင်းတွေကို အမြဲထုတ်လွှင့်ပေးခဲ့တဲ့ Shwe FM မှ ဝန်ထမ်းများအားလုံးကိုလဲ ကျေးဇူးတင်ပါတယ်။ သင်ဆရာ မြင်ဆရာ ကြားဆရာများအားလုံးကို ဒီနေရာ ကနေ ကန်တော့ပါတယ်" ဆိုပြီးတော့ ဒီဇင်ဘာလ (၁၃) ရက်နေ့ မနက် (၈)နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့ပါတယ်။

Photo: Mi Phoo

အဆိုတော် မိဖူးကိုလည်း " ကြွေ" သီချင်းသာနဲ့ ပရိသတ်တွေ စတင်သိရှိခဲ့တာဖြစ်ပါတယ်။ ဒီသီချင်းဖြစ်လာအောင်ကူညီပံ့ပိုးပေးခဲ့တဲ့ ဂီတမောင်နှမတွေကိုလည်း မိဖူးက ကျေးဇူးတင်စကားဆိုခဲ့ပါသေးတယ်။ ဒါ့အပြင် ပရိသတ်တွေကိုလည်း မိဖူးက ကျေးဇူးတင်စကားဆိုလာပါသေးတယ်။

" မိဖူးရယ်လို့ ဖြစ်မလာခင်ထဲကနေ ခုချိန်ထိ အားပေးခဲ့ကြတဲ့ ပရိသတ် တစ်ယောက်ချင်းစီတိုင်းကိုလည်း တကယ်ရင်ထဲကနေ ကျေးဇူးတင်ပါတယ်။ ကျေးဇူးတင်ထိုက်သူအားလုံးကို ကျေးဇူးအများကြီးတင်ပါတယ်" ဆက်လက် ပြောပြခဲ့ပါသေးတယ်။

Photo: Mi Phoo

မိဖူး ကတော့ ဂီတလောကထဲမှာ အဆိုတော် အသစ် တစ်ယောက် အနေနဲ့ ပရိသတ် အခိုင်အမာ ရရှိလာပြီဖြစ်ပါတယ်။ အခုဆိုရင်တော့ သူဟာ Single Song တွေလည်း မကြာခဏ ထွက်ရှိလာထားတဲ့သူပါ။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က