ဆု(၂) ဆု ပိုင်ဆိုင်ခဲ့တာပါ။

ထွန်းအိန္ဒြာဗိုလ်ကတော့ အားကစားမှာ ထူးချွန်လှတဲ့ သားဖြစ်သူအတွက် ဝမ်းသာပီတိဖြစ်လို့နေပါတယ်။ 

Photo: Htun Eaindra Bo



အဆိုတော် ၊ သရုပ်ဆောင် ထွန်းအိန္ဒြာဗိုလ်ရဲ့ သားဖြစ်သူ အောင်ဗိုလ်ကောင်းသန့်ကတော့ ဒီဇင်ဘာလ (၁၂) ရက်နေ့နဲ့ (၁၃) ရက်နေ့တို့မှာ ပြုလုပ်ခဲ့တဲ့ Club Championship ဂေါ့ဖ်ရိုက်ပြိုင်ပွဲမှာ longest drive ဆု (၂) ဆုတောင် ရရှိခဲ့တာပါ။ ဒါကြောင့် ထွန်းအိန္ဒြာဗိုလ်ကတော့ သားဖြစ်သူအတွက် ဂုဏ်ယူနေမိတဲ့ ပီတိလေးကို အခုလို ပြောပြလာပါတယ်။ 

" မေတ္တာပို့သ မှု အားလုံးအတွက် ကျေးဇူးတင်ပါတယ်ရှင် ။ သားသား longest drive ဆုကိုပထမနေ့  ၂၉၀ ကိုက်  နှင့် ဒုတိယနေ့ ၂၉၁ ကိုက်  တို့ဖြင့် ဆု ရရှိပါတယ်ရှင်" ဆိုပြီးတော့ ဒီဇင်ဘာလ (၁၄) ရက်နေ့ မနက် (၈) နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားထားတာပါ။ သူမရဲ့ သားဖြစ်သူအတွက် ပရိသတ်တွေကလည်း ဝမ်းသာဂုဏ်ယူနေကြပါတယ်။

Photo: Htun Eaindra Bo

ထွန်းအိန္ဒြာဗိုလ်ရဲ့ တစ်ဦးတည်းသော သားလေး အောင်ဗိုလ်ကောင်းသန့်ကတော့ အခုဆိုရင် အသက် (၁၄) ကျော်အရွယ်သာ ရှိပါတယ်။ သူ့ရဲ့ အင်္ဂလိပ်ကျောင်းနာမည်ကိုတော့ “ Cyrus" လို့ အမည်ပေးထားပါတယ်။ ပညာအရည်အချင်းကတော့ အခုချိန်မှာ (၉) တန်းအရွယ်သာရှိနေပြီး ကိုဗစ်ကာလဖြစ်တာကြောင့် Online ကနေ စာလေ့လာနေတယ်လို့ ထွန်းအိန္ဒြာဗိုလ်က သူ့ရဲ့ ဖေ့စ်ဘွတ်ပေ့ချ်ကနေ တင်ခဲ့တဲ့ ဗီဒီယို ဖိုင်လေးမှာ ပြောပြခဲ့ဖူးပါတယ်။ 

Photo: Htun Eaindra Bo

 ထွန်းအိန္ဒြာဗိုလ် ဟာ ဂီတပိုင်းမှာ သီချင်းခွေတွေ အများကြီး ထွက်ရှိထားသလို ရုပ်ရှင်ဘက်မှာလည်း ၁၉၉၉ခုနှစ်က " နှောင်းတမြေ့မြေ့" ၊ ၂၀၀၃ခုနှစ်မှာ "အမေ့နို့ဖိုး" ၊ ၂၀၀၅ ခုနှစ်မှာ "မိုးကုတ်စက်ဝိုင်းကို ကျော်လွန်၍" စတဲ့ ရုပ်ရှင်ဇာတ်ကားတွေနဲ့ အကယ်ဒမီဆုတွေ ကိုပိုင်ဆိုင် နိုင်ခဲ့သူ တစ်ဦးဖြစ်ပါတယ်။ လက်ရှိမှာတော့ ခင်ပွန်းဖြစ်သူ ကိုအောင်မင်းထွန်းရယ်၊ သားလေး အောင်ဗိုလ်ကောင်းသန့်ရယ် နဲ့ အတူ ပျော်စရာကောင်းတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။ တစ်ဦးတည်းသော သားလေးကလည်း ပညာရေးမှာရော၊ အားကစားမှာရော ထူးချွန်တဲ့သူ တစ်ယောက်လို့ သိရပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က